ရွှေကျင်ဆရာတော်ဘုရားကြီး၏သြ၀ါဒကထာဇရာ မရဏ ဆင်ခြင်ရန်

Vol(5),No(11)_2၂၇။ ငါးရက်ခန့်ကျော် ငါးရက်ပေါ်၊ ပျော်ပျော်ပါးပါး ရှိချေပြီ။

၂၈။ ရွှင်ပျော်ပျော်ပါး နေနိုင်ငြား၊ လားလားသတိမရပြီ။

၂၉။ ခလုတ်ထိမှ အမိတ၊ မှန်လှဧကန် မလွဲပြီ။

၃၀။ ချောက်ကမ်းနားတွင်သစ်ပင်သွင် ခုပင်မကြာ လဲချေမည်။

၃၁။ ခုနေ့ နက်ဖြန် သေရမှန် ၊ ဧကန်မချွတ် မြဲတော့မည်။

၃၂။ မုန်ညင်းဆန်သား ပွတ်ဆောက်ဖျား တင်ထားခုဝယ်ကျေချေပြီ။

၃၃။ အသက်ခန္ဓာ မရဏာ၊ မှန်စွာမလွဲ သေတော့မည်။

၃၄။ အနိစ္စနှင့် ဒုက္ခတရား၊ ခုလိုများ လားလားမမြဲပြီ။

၃၅။ အနတ္တရေး သာလို့ဝေး၊ သေဘေးကိုများ မကြောက်ပြီ။

၃၆။ နောင်သံသရာ ခံရရှာ၊ ကမ္ဘာရှည်လျား ချေတော့မည်။

၃၇။ လွန်မှတစ်ခါ၊ ပြုချင်ရှာ၊ ဘယ်မှာအခွင့်မရပြီ။

၃၈။ နောင်တကိုသာ နောင်မှသာ ပြန်ကာ၊ ပြန်ကာ တ-တတ်သည်။

၃၉။ သင်္ဘောပမာ ဤသည့်စာအောင်ချာနိဗ္ဗူ ချဉ်းလိမ့်သောဝ်။

၄၀။ ပစ္စဝေက္ခဏာတတိယာ၊ ဤခါအောင်မြေ နင်းလိမ့်သောဝ်

၄၁။ မမပုညံ ကုသလံ၊ နိဗ္ဗာန်ရွှေရောင် လင်းလိမ့်သောဝ်။

ဇရာ မရဏ ဆင်ခြင်ရန်သြ၀ါဒကထာ ပြီး၏။

ဘိက္ခုဓမ္မိက(မလှိုင်)

 

သမိုင်းကို ဖန်တီးသူဟာ ပြည်သူများဖြစ်တယ် ပြည်သူများသာဖြစ်တယ် – အောင်သာ(ပီသုံးလုံး)

ဗျူရိုကရက်အရင်းရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းဘဲ ဆိုလိုတာက ၂၀၀၈ ဖွဲ့ စည်းပုံဥပဒေခံကတုတ်နဲ့ ကာကွယ်ထားတဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရက်လက်ဝါးကြီး အုပ်အရင်းရှင်စနစ်ကို မဖျက်သိမ်းဘဲ ဗမာပြည်မှာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ် ဘယ်နည်းနဲ့မှ ဖွံ့ ဖြိုးထွန်းကားလာမှာ မဟုတ်ပါဘူး …

U Hla Shweမြန်မာနိုင်ငံရဲ့ အမျိုးသားလွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာ ပြန်လည်ရယူဖို့ ကြိုးပမ်းရတဲ့ ကြိုးပမ်းမှုဟာ (၁၉၀၆-၁၉၄၈) ၄၂ နှစ်ကြာပါတယ်။ ဒီကြိုးပမ်းမှု ဖြစ်စဉ်များအတွင်းမှာ မြန်မာ့ပထမနိုင်ငံရေး မျိုးဆက်တစ်ဆက်ကို ထူထောင်စုဖွဲ့နိုင်ခဲ့ ပါတယ်။ ဒီမျိုးဆက်ဟာ အစု ၂ စုကို ကိုယ်စားပြုခဲ့တယ်။ ပထမအစုကတော့ မျိုးချစ် လစ်ဘရယ်ဓနရှင် လူတန်းစားအစု ဖြစ်ပါတယ်။ ဒုတိယအစကတော့ မာ့က်စ်ဝါဒကို ယုံကြည်ကိုယ်စားပြုတဲ့အစု ဖြစ်ပါတယ်။ ဒီအစုဟာ ဖဆပလအဖွဲ့ချုပ်ရဲ့ လက်ဝဲဂိုဏ်းဖြစ်ပါ တယ်။ သခင်မြ၊ သခင်နု စတဲ့ မျိုးဆက်များကတော့ ဖဆပလအဖွဲ့ချုပ်ရဲ့ လက်ယာဂိုဏ်းကို ကိုယ်စားပြုခဲ့ပါတယ်။ ဒီဂိုဏ်းက ၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ နယ်ချဲ့အင်္ဂလိပ်အကြိုက် ဗကပကို ဖဆပလ အဖွဲ့ချုပ်က ထုတ်ပစ်ခဲ့တယ်။ ၂၈-၃-၄၈ မှာ ဖဆပလအစိုးရက ဗကပ အပေါ် ပြည်တွင်းစစ် ပြုခဲ့ပါ တယ်။ ၁၉-၇-၄၇ ခုနှစ်မှာ ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့ လုပ်ကြံ ခံရတယ်။ ဖဆပလအစိုးရဟာ ကွန်မြူနစ် ဆန့်ကျင် ရေးအစိုးရဖြစ်လာပါတယ်။ ၁၉၄၈-၄၉ ခုနှစ်အတွင်းမှာ သခင်နုကိုယ်စားပြု တဲ့ ဖဆပလ အစိုးရဟာ ကရင်၊ မွန်၊ ကယား မျိုးနွယ်စုများအပေါ် ဆက်ပြီး ပြည်တွင်းစစ် ပြုခဲ့တယ်။ ၁၉၅၉ မှာ မဟာဒေ၀ီ ခေါင်း ဆောင်တဲ့ရှမ်းပုန်ကန်မှုဖြစ်ခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာ ဗကပရဲ့ ပဲခူးရိုးမစစ်ဒေသ ပြိုကွဲ သွားပြီး ၁၉၇၆ မှာ ကြူကုတ်-ပန်ဆိုင်း စစ် ဒေသ ပေါ်ထွက်လာခဲ့တယ်။ ၁၉၇၈-၇၉ ခုနှစ်ကစပြီး အရှေ့မြောက်ဒေသမှာ သူပုန်မထတဲ့လူမျိုးစု မရှိသလောက်ဖြစ်နေပါပြီ။… Continue reading

ရေဒီယိုရုပ်သံသတင်းသမားကောင်းဖြစ်ဖို့ဆိုရင် (၆) – မိုးအေး

နည်းပညာတိုးတက်နေတဲ့ကာလမှာ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို လိုချင်သလို ဖန်တီးလို့ရနေတာမို့ လက်ခံရရှိတဲ့ ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေဟာ အစစ်အမှန် ဟုတ်၊ မဟုတ် ဆိုတာ စစ်ဆေးဖို့ သတင်းဌာနမှာ အလုပ်ပိုလာပါတယ်။ အထူးသဖြင့် ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာတွေဟာ သတင်းအရင်းအမြစ်တစ်ခုအနေနဲ့ အသုံးချလို့ရတယ်ဆိုပေမယ့် သတင်းထောက်အနေနဲ့ အရာရာကို ချင့်ချိန် စဉ်းစားတတ်ဖို့လိုပါတယ် . . .

moe ayeသတင်းထောက်မရှိရင် သတင်းဌာနရပ်တည်လို့မရ၊ သတင်းအရင်းအမြစ်မရှိရင်လည်း သတင်းထောက်အဖြစ်ရပ်တည်လို့ မရ ဆိုတဲ့ စကားအတိုင်း သတင်းဌာနဟာ သူ့သတင်းထောက်တွေနဲ့ အမြဲမပြတ်ထိတွေ့နေဖို့လိုသလို သတင်းထောက်ကလည်း သူ့သတင်းအရင်း အမြစ်နဲ့ အမြဲမပြတ်ထိစပ်နေဖို့လိုပါတယ်။ သတင်းထောက်ကောင်း တစ်ယောက်ဖြစ်ဖို့ ပထမ ဆုံးအရည် အချင်းဟာ သတင်းအရင်းအမြစ်တွေနဲ့ သတင်းထောက်ကြားက ဆက်ဆံရေး ရေချိန် အနိမ့်အမြင့်ပေါ် မူတည်တယ်လို့ ယူဆကြ ပါတယ်။ မနက်မိုးလင်း အိပ်ရာထတာနဲ့ ကိုယ့်ရဲ့သတင်းအရင်းအမြစ်ကို ဖုန်းဆက်နှုတ်ဆက်ခြင်းဟာ သတင်းထောက်အတွက် Golden Theory တစ်ခုလို့တောင် ဆိုထားပါတယ်။ သတင်းကိစ္စအတွက် သက်သက်မဟုတ်၊ လူမှုရေး အရပါ ကိုယ့်ရဲ့သတင်း အရင်းအမြစ်ကို စဉ်ဆက်မပြတ် ထိစပ်ပေးနေဖို့ လိုတယ်ဆိုတဲ့ သဘောပါ။ ဒီလို ဆက်ဆံရေးဟာ သတင်းအရင်းအမြစ်တွေက သတင်းသမားလို့မမြင်တော့ဘဲ ငယ်သူချင်းတစ်ယောက်လို၊ မိတ်ဆွေကောင်း တစ်ယောက်လို ယုံကြည်သဘောထားလာ ရုံမက သတင်းပေးခြင်း အဆင့်ကနေသတင်းကို ရှာဖွေတူးဆွ ပေးနိုင်မယ့်နည်းလမ်းတွေပါ ကူညီပေးလာနိုင်ပါတယ်။… Continue reading

ပါလီမန်ခေတ် ၀န်ကြီးချုပ်ဦးဗဆွေ (၁၉၅၆-၅၇ ခုနှစ်)၏ သမိုင်းဝင်မိန့်ခွန်းနှင့် နိုင်ငံရေးလုပ်ဆောင်ချက်များ – လှမြင့်(ရန်ကုန်တက္ကသိုလ်)

ဦးဗဆွေက ၀န်ကြီးချုပ်ရာထူးမှ ဆင်းပေးမည် ဖြစ်ကြောင်းကြေညာကာ ၀န်ကြီးချုပ်ရာထူးကို ဦးနုအား ပြန်လည်အပ်နှင်းခဲ့သည်။ ဦးနုသည် ၀န်ကြီးချုပ်ရာထူးကို ဗေဒင်ကိန်းခန်းများအလိုအရ ၁၉၅၇ ခုနှစ်၊ မတ်လ ၁ ရက်တွင် ပြန်လည်လက်ခံယူခဲ့ …

(4-24)-023ပါလီမန်ခေတ် ၁၉၅၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၌ ၀န်ကြီးချုပ်ဦးနု ဦး ဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီးသည်ပမညတ (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)အဖွဲ့ကြီးကို အနိုင်ရရှိခဲ့ပြီးနောက် ၀န်ကြီးချုပ်ဦးနုသည် ဖဆပလ အဖွဲ့ချုပ်ကြီးသန့်စင်ရေးကို ထိရောက်စွာဆောင်ရွက်ရန်၊ ဖဆပလ အဖွဲ့ ကြီးကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ဖော်ကိုင်ဖက်များကို ၀န်ကြီးချုပ်အဖြစ် အလှည့်ကျဆောင်ရွက်နိုင်ရန်အတွက် ၁၉၅၆ ခုနှစ် ဇွန်လတွင် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဦးနုသည် ဖဆပလ အဖွဲ့ကြီးကို ၁နှစ်အတွင်း ပြန်လည်ပြုပြင် ဖွဲ့စည်း၍ ၁ နှစ်ကျော်အကြာ၌ ၀န်ကြီးချုပ်ရာထူးကို ပြန်လည်ထမ်းဆောင်ရန်ရည်ရွယ်ခဲ့သည်။

ဝန်ကြီးချုပ်ဦးနုသည် ၀န်ကြီးချုပ် ရာထူးမှ ၁၉၅၆ ခုနှစ် ဇွန်လတွင် နုတ်ထွက်ပြီး ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌတာဝန်ကိုသာ ထမ်းဆောင်၍ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော ဖဆပလ အမတ်ပေါင်းစုံအစည်းအဝေးကြီး၌ မိမိ၏ ၀န်ကြီးချုပ်ရာထူးကိုဆက်ခံရန် ဦးဗဆွေအား အဆိုတင်သွင်းခဲ့သည်။ ဖဆပလ အဖွဲ့ချုပ်ကြီး၏ဥက္ကဋ္ဌဦးနုသည် ဦးဗဆွေအား ၀န်ကြီးချုပ်အဖြစ် အဆိုတင်သွင်းရာ၌ (၁)ဦးဗဆွေသည် သာသနာတော်နှင့် ပြည် ထောင်စုကြီး၏အကျိုးကို စွမ်းစွမ်းတမံဆောင် ရွက်နိုင်မည်ဟု ယုံကြည်သူဖြစ်ကြောင်း၊ (၂)စိတ်ကောင်းရှိသူဖြစ်ကြောင်း၊ (၃) အရာ ခပ်သိမ်းတွင် စိတ်လိုက်မာန်ပါလုပ်တတ်သူ မဟုတ်ဘဲ နှိုင်းနှိုင်းချင့်ချင့်၊ ဆင်ဆင်ခြင်ခြင် လုပ်တတ်သော အရည်အချင်းရှိသူဖြစ် ကြောင်း၊ (၄) တစ်ဖက်သားကို ထောက် ထားသနားညှာတာတတ်သူဖြစ်ကြောင်း၊ (၅) လာဘ်ပေးလာဘ်ယူကိစ္စ၊ ခြစားမှု၊ ညစ်ပတ်မှုများကို ပြတ်ပြတ်သားသား တင်း တင်းမာမာဖြောင့်ဖြောင့်မတ်မတ်တိုက်ဖျက် မည့်သူဖြစ်ကြောင်း တင်ပြ၍ ကျွန်တော် ကိုယ်တိုင် ရွေးကောက် ထားသော ဦးဗဆွေကို ဖဆပလ အမတ်မင်းများက အစွမ်းကုန်ဝိုင်းဝန်းကူညီကြရန် လေးလေးနက်နက် တိုက်တွန်းကြောင်းပြောကြားခဲ့သည်။… Continue reading

ကြာအင်းတောင်ပေါ်တွင် သံဃာတော် ၁၀၃၅ ပါးအား တောင်ကလေးဆရာတော်နှင့်အလှူရှင်များ ဆွမ်းဆန်စိမ်းလောင်းလှူ

(5-11)-08 (5-11)-09 (5-11)-010 (5-11)-011ဘားအံ၊ မေ ၂၁

တောင်ကလေးဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း) ၏ သာသနာပြုနယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ဘားအံမြို့တော် ကျက်သရေဆောင် ကြာအင်း တောင်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ရာ ၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ နံနက် ၅ နာရီတွင် မဟာ ပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်ခဲ့ပြီး ကဆုန် လပြည့်နေ့ (ဗုဒ်္ဓနေ့) နံနက် ၅ နာရီထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်ကြသည်။

ကဆုန်လပြည့်နေ့ နံနက် ၅ နာရီတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ပြုလုပ်ကာ စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာ တင်ခြင်းနှင့် ဗုဒ္ဓပူဇနိယပူဇော်ခြင်း အစီအစဉ်များကို တောင်ကလေး ဘ/ကကျောင်းအုပ်ဆရာတော် ဦးဥတ္တမနှင့် ကြာအင်း တောင်ဆရာတော် ဦးသောဘိတ ဦးဆောင်သော သံဃာတော်အရှင်မြတ်များက ပူဇော်တော်မူကြသည်။ ယင်းနောက် နံနက် ၇ နာရီတွင် တောင်ကလေးဆရာတော် အရှင်ပညာသာမိနှင့် အလှူရှင်များက ရဟန်း၊ ရှင်သာမဏေ စုစုပေါင်း ၁၀၃၅ ပါးတို့အား ဆွမ်းဆန်စိမ်း၊ ဆေးနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူကြည်ညိုပူဇော်ကြသည်။

ဇွဲကပင်မျိုးတင့်လေး

နိုင်ငံတော်သံဃမဟာနာယကဒုဥက္ကဋ္ဌ ဆင်မင်းဆရာတော်ကြီးနှင့် မန်းတိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ မစိုးရိမ်တိုက်သစ်ဆရာတော်ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသ ပူဇော်ပွဲတက်

(5-11)-0112မန္တလေး၊ မေ ၂၃

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယကဆရာတော် ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသအား ပူဇော် ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာစံပြကျေးရွာ မစိုးရိမ်တိုက်သစ်ကျောင်းဝင်းအတွင်း၌ ၁၃၇၈ ခု၊ ဦးတန်ခူး လဆန်း ၁၅ရက်နေ့တွင် ကျင်းပပူဇော်ရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ မစိုးရိမ်တိုက် ပါဠိနယူပဒေသ ကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တျာ ဘိဝံသကသီလချီးမြှင့်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆင်မင်းဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဘာသာဘိဝံသက သြ၀ါဒအနုမောဒနာ ဟောကြားခဲ့ပြီး ပခုက္ကူမြို့ဝနိကကျောင်း ဆရာတော် အရှင် ဂန္ဓမာ၊ မဟာစည်ရိပ်သာ မြဘေရီအရှင်စိန်္တိတတို့နှင့် တပည့်ဒါယကာ၊ ဒါယိကာမများက စုပေါင်းလှူဒါန်းပူဇော်ခဲ့ကြသည်။

ပခုက္ကူသား

အဂ္ဂါဘိဓဇ မြတောင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသာသနာဘိဝံသသြ၀ါဒကထာများမှ ကောက်နုတ်ချက်

ဘာအခက်ဆုံးလဲ

Vol(5),No(11)_1

မင်းတုန်းမင်းကြီးက ဦးဘိုးလှိုင်အား “ဘာအခက်ဆုံးလဲ” ဟု မေးမြန်းရာ“မရှိတာထက် မသိတာခက်၊ မသိတာထက် မလုပ်တာခက်” ဟု ဖြေကြားပါတယ်။

ဒါကြောင့် “မသိတာထက် မလုပ်တာခက်” မဖြစ်ရလေအောင် လုပ်ငန်းတာဝန်များကိုကိုယ်စီကိုယ် င ကျေပွန်စွာဆောင် ရွက်ကြပါ။

ထိုင်း၌ သေဒဏ်ကျခံနေရသော မြန်မာနှစ်ဦးအတွက် လျှော့ပေါ့စဉ်းစားရန် မြန်မာစုံစမ်းရေးအဖွဲ့မျှော်လင့်

ရန်ကုန်၊ မေ ၂၅

ထိုင်းနိုင်ငံတောင်ပိုင်းလိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍သေဒဏ်ချမှတ်ခံရသည့် မြန်မာလူငယ် ၂ ဦးအတွက် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ရှေ့နေများအဖွဲ့က ထိုင်းနိုင်ငံတရားရုံးသို့အယူခံလွှာတင်ပြခဲ့ရာ တရားရုံးကလက် ခံခဲ့ပြီး ယင်းအမှုနှင့်ပတ်သက်၍ မြန်မာလူငယ် ၂ဦးအား ခရိုင်အဆင့် ဗဟိုတရားရုံးမှ လျှော့ပေါ့ စဉ်းစားပေးလိမ့်မည်ဟု မျှော်လင့်မိကြောင်း မြန်မာနိုင်ငံသံရုံး အထူးစုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဦးထူးချစ်က မေလ ၂၅ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။ အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ မြန်မာလူငယ် ၂ ဦးကို DNA နှင့်ပတ်သက်ထောက်ပြကာ အပြစ်ပေး အရေးယူခဲ့ပြီး ယင်းအတွက်ပြည်တွင်းပြည်ပ မျိုးရိုးဗီဇ(DNA)ပညာရှင်များနှင့် ညှိနှိုင်း၍ DNA နှင့်ပတ်သက်သည့်အချက်အလက် များကိုစနစ်တကျ ရှင်းလင်းတင်ပြထားသည့်အတွက်ခရိုင်အဆင့်ဗဟိုတရားရုံးက တစ်စုံတစ်ရာလျှော့ပေါ့စဉ်းစားပေးလိမ့်မည် ဟု မျှော်လင့်ကြခြင်းဖြစ်သည်။… Continue reading

ပြည်သူကို လုံခြုံမှုပေးပါ – အယ်ဒီတာ့အာဘော်

1မိုးရွာသွန်းမှုစတင်လိုက်သည်နှင့် ထုံးစံအတိုင်း ရန်ကုန်မြို့ပြ ၌ ရေလျှံမှုများဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများလည်း ကြုံတွေ့ခဲ့ကြရ သည်။ ယခင်အစိုးရလက်ထက်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီး ရန်ဟူသော ခေါင်း စဉ်များဖြင့် နိုင်ငံတော် ဘတ်ဂျက်(ပြည်သူ့ဘဏ္ဍာငွေ) အမြောက် အမြားကို ထုတ်ယူသုံးစွဲ ခဲ့သော်လည်း မိုးရွာတိုင်း ရေကြီးရေလျှံမှု ဒုက္ခကို ကြုံတွေ့ နေကြရဆဲဖြစ်သည်။ နိုင်ငံ့ဘဏ္ဍာငွေ အမြောက် အမြားကို ထုတ်ယူသုံးစွဲ၍ အကောင်အထည်ဖော်ခဲ့သောစီမံကိန်း များစွာတွင် အကျင့်ပျက်ခြစားမှုများလွှမ်းမိုးခဲ့ သဖြင့် ပြည်သူ လူထုအတွက် ကောင်းကျိုးမဖြစ်ရုံမျှမက ဆိုးကျိုးပေးနိုင်သာစီမံကိန်း များပင် ရှိနေခဲ့သည်။ အကျင့်ပျက်ခြစားမှု ဒဏ်ခံခဲ့ရသော အများပြည်သူတို့၏ အခြေခံအဆောက်အအုံများစွာအနက် အချို့သောတည်ဆောက်မှုများ မှာ ဘေးအန္တရာယ်ကိုပင် ဖန်တီးထားသကဲ့သို့ဖြစ်နေသည်။

ဥပမာအားဖြင့် ယခုရက်ပိုင်းအတွင်း မိုးကြီးသဖြင့် စမ်းချောင်းမြို့နယ်ရှိ အောင်ချမ်းသာ ရေနုတ်မြောင်းပေါင်များ ပြိုကျပျက်စီးမှုများဖြစ်ပြီး မြောင်းအနီးမှ တိုက်များအတွက် စိုးရိမ်နေရသည်ဟူသော သတင်းမျိုးကို ကြားနေရ သည်။ ရေနုတ်မြောင်းများ စနစ်မကျခြင်း၊ ပိတ်ဆို့ခြင်းတို့ကြောင့်လည်း မိုးကြီးသည့်အခါ တိုင်း ရေမြောင်းများရေ လျှံ၍ ရေဆိုးများနေအိမ်များအတွင်း ၀င်ရောက်သည့်ဒဏ်ကိုလည်း ကြုံတွေ့ခံစားနေကြရသည်။ ထို့ထက်ပိုဆိုးသည်မှာ အခြေခံအဆောက်အအုံများ ချို့ယွင်းအားနည်းသဖြင့် အသက်ဘေးအန္တရာယ်ကိုပင် ခြိမ်းခြောက်နေခြင်းဖြစ်သည်။… Continue reading