၂၇။ ငါးရက်ခန့်ကျော် ငါးရက်ပေါ်၊ ပျော်ပျော်ပါးပါး ရှိချေပြီ။
၂၈။ ရွှင်ပျော်ပျော်ပါး နေနိုင်ငြား၊ လားလားသတိမရပြီ။
၂၉။ ခလုတ်ထိမှ အမိတ၊ မှန်လှဧကန် မလွဲပြီ။
၃၀။ ချောက်ကမ်းနားတွင်သစ်ပင်သွင် ခုပင်မကြာ လဲချေမည်။
၃၁။ ခုနေ့ နက်ဖြန် သေရမှန် ၊ ဧကန်မချွတ် မြဲတော့မည်။
၃၂။ မုန်ညင်းဆန်သား ပွတ်ဆောက်ဖျား တင်ထားခုဝယ်ကျေချေပြီ။
၃၃။ အသက်ခန္ဓာ မရဏာ၊ မှန်စွာမလွဲ သေတော့မည်။
၃၄။ အနိစ္စနှင့် ဒုက္ခတရား၊ ခုလိုများ လားလားမမြဲပြီ။
၃၅။ အနတ္တရေး သာလို့ဝေး၊ သေဘေးကိုများ မကြောက်ပြီ။
၃၆။ နောင်သံသရာ ခံရရှာ၊ ကမ္ဘာရှည်လျား ချေတော့မည်။
၃၇။ လွန်မှတစ်ခါ၊ ပြုချင်ရှာ၊ ဘယ်မှာအခွင့်မရပြီ။
၃၈။ နောင်တကိုသာ နောင်မှသာ ပြန်ကာ၊ ပြန်ကာ တ-တတ်သည်။
၃၉။ သင်္ဘောပမာ ဤသည့်စာအောင်ချာနိဗ္ဗူ ချဉ်းလိမ့်သောဝ်။
၄၀။ ပစ္စဝေက္ခဏာတတိယာ၊ ဤခါအောင်မြေ နင်းလိမ့်သောဝ်
၄၁။ မမပုညံ ကုသလံ၊ နိဗ္ဗာန်ရွှေရောင် လင်းလိမ့်သောဝ်။
ဇရာ မရဏ ဆင်ခြင်ရန်သြ၀ါဒကထာ ပြီး၏။
ဘိက္ခုဓမ္မိက(မလှိုင်)


မြန်မာနိုင်ငံရဲ့ အမျိုးသားလွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာ ပြန်လည်ရယူဖို့ ကြိုးပမ်းရတဲ့ ကြိုးပမ်းမှုဟာ (၁၉၀၆-၁၉၄၈) ၄၂ နှစ်ကြာပါတယ်။ ဒီကြိုးပမ်းမှု ဖြစ်စဉ်များအတွင်းမှာ မြန်မာ့ပထမနိုင်ငံရေး မျိုးဆက်တစ်ဆက်ကို ထူထောင်စုဖွဲ့နိုင်ခဲ့ ပါတယ်။ ဒီမျိုးဆက်ဟာ အစု ၂ စုကို ကိုယ်စားပြုခဲ့တယ်။ ပထမအစုကတော့ မျိုးချစ် လစ်ဘရယ်ဓနရှင် လူတန်းစားအစု ဖြစ်ပါတယ်။ ဒုတိယအစကတော့ မာ့က်စ်ဝါဒကို ယုံကြည်ကိုယ်စားပြုတဲ့အစု ဖြစ်ပါတယ်။ ဒီအစုဟာ ဖဆပလအဖွဲ့ချုပ်ရဲ့ လက်ဝဲဂိုဏ်းဖြစ်ပါ တယ်။ သခင်မြ၊ သခင်နု စတဲ့ မျိုးဆက်များကတော့ ဖဆပလအဖွဲ့ချုပ်ရဲ့ လက်ယာဂိုဏ်းကို ကိုယ်စားပြုခဲ့ပါတယ်။ ဒီဂိုဏ်းက ၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ နယ်ချဲ့အင်္ဂလိပ်အကြိုက် ဗကပကို ဖဆပလ အဖွဲ့ချုပ်က ထုတ်ပစ်ခဲ့တယ်။ ၂၈-၃-၄၈ မှာ ဖဆပလအစိုးရက ဗကပ အပေါ် ပြည်တွင်းစစ် ပြုခဲ့ပါ တယ်။ ၁၉-၇-၄၇ ခုနှစ်မှာ ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့ လုပ်ကြံ ခံရတယ်။ ဖဆပလအစိုးရဟာ ကွန်မြူနစ် ဆန့်ကျင် ရေးအစိုးရဖြစ်လာပါတယ်။ ၁၉၄၈-၄၉ ခုနှစ်အတွင်းမှာ သခင်နုကိုယ်စားပြု တဲ့ ဖဆပလ အစိုးရဟာ ကရင်၊ မွန်၊ ကယား မျိုးနွယ်စုများအပေါ် ဆက်ပြီး ပြည်တွင်းစစ် ပြုခဲ့တယ်။ ၁၉၅၉ မှာ မဟာဒေ၀ီ ခေါင်း ဆောင်တဲ့ရှမ်းပုန်ကန်မှုဖြစ်ခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာ ဗကပရဲ့ ပဲခူးရိုးမစစ်ဒေသ ပြိုကွဲ သွားပြီး ၁၉၇၆ မှာ ကြူကုတ်-ပန်ဆိုင်း စစ် ဒေသ ပေါ်ထွက်လာခဲ့တယ်။ ၁၉၇၈-၇၉ ခုနှစ်ကစပြီး အရှေ့မြောက်ဒေသမှာ သူပုန်မထတဲ့လူမျိုးစု မရှိသလောက်ဖြစ်နေပါပြီ။…
သတင်းထောက်မရှိရင် သတင်းဌာနရပ်တည်လို့မရ၊ သတင်းအရင်းအမြစ်မရှိရင်လည်း သတင်းထောက်အဖြစ်ရပ်တည်လို့ မရ ဆိုတဲ့ စကားအတိုင်း သတင်းဌာနဟာ သူ့သတင်းထောက်တွေနဲ့ အမြဲမပြတ်ထိတွေ့နေဖို့လိုသလို သတင်းထောက်ကလည်း သူ့သတင်းအရင်း အမြစ်နဲ့ အမြဲမပြတ်ထိစပ်နေဖို့လိုပါတယ်။ သတင်းထောက်ကောင်း တစ်ယောက်ဖြစ်ဖို့ ပထမ ဆုံးအရည် အချင်းဟာ သတင်းအရင်းအမြစ်တွေနဲ့ သတင်းထောက်ကြားက ဆက်ဆံရေး ရေချိန် အနိမ့်အမြင့်ပေါ် မူတည်တယ်လို့ ယူဆကြ ပါတယ်။ မနက်မိုးလင်း အိပ်ရာထတာနဲ့ ကိုယ့်ရဲ့သတင်းအရင်းအမြစ်ကို ဖုန်းဆက်နှုတ်ဆက်ခြင်းဟာ သတင်းထောက်အတွက် Golden Theory တစ်ခုလို့တောင် ဆိုထားပါတယ်။ သတင်းကိစ္စအတွက် သက်သက်မဟုတ်၊ လူမှုရေး အရပါ ကိုယ့်ရဲ့သတင်း အရင်းအမြစ်ကို စဉ်ဆက်မပြတ် ထိစပ်ပေးနေဖို့ လိုတယ်ဆိုတဲ့ သဘောပါ။ ဒီလို ဆက်ဆံရေးဟာ သတင်းအရင်းအမြစ်တွေက သတင်းသမားလို့မမြင်တော့ဘဲ ငယ်သူချင်းတစ်ယောက်လို၊ မိတ်ဆွေကောင်း တစ်ယောက်လို ယုံကြည်သဘောထားလာ ရုံမက သတင်းပေးခြင်း အဆင့်ကနေသတင်းကို ရှာဖွေတူးဆွ ပေးနိုင်မယ့်နည်းလမ်းတွေပါ ကူညီပေးလာနိုင်ပါတယ်။…
ပါလီမန်ခေတ် ၁၉၅၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၌ ၀န်ကြီးချုပ်ဦးနု ဦး ဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီးသည်ပမညတ (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)အဖွဲ့ကြီးကို အနိုင်ရရှိခဲ့ပြီးနောက် ၀န်ကြီးချုပ်ဦးနုသည် ဖဆပလ အဖွဲ့ချုပ်ကြီးသန့်စင်ရေးကို ထိရောက်စွာဆောင်ရွက်ရန်၊ ဖဆပလ အဖွဲ့ ကြီးကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ဖော်ကိုင်ဖက်များကို ၀န်ကြီးချုပ်အဖြစ် အလှည့်ကျဆောင်ရွက်နိုင်ရန်အတွက် ၁၉၅၆ ခုနှစ် ဇွန်လတွင် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဦးနုသည် ဖဆပလ အဖွဲ့ကြီးကို ၁နှစ်အတွင်း ပြန်လည်ပြုပြင် ဖွဲ့စည်း၍ ၁ နှစ်ကျော်အကြာ၌ ၀န်ကြီးချုပ်ရာထူးကို ပြန်လည်ထမ်းဆောင်ရန်ရည်ရွယ်ခဲ့သည်။
ဘားအံ၊ မေ ၂၁
မန္တလေး၊ မေ ၂၃


မိုးရွာသွန်းမှုစတင်လိုက်သည်နှင့် ထုံးစံအတိုင်း ရန်ကုန်မြို့ပြ ၌ ရေလျှံမှုများဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများလည်း ကြုံတွေ့ခဲ့ကြရ သည်။ ယခင်အစိုးရလက်ထက်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီး ရန်ဟူသော ခေါင်း စဉ်များဖြင့် နိုင်ငံတော် ဘတ်ဂျက်(ပြည်သူ့ဘဏ္ဍာငွေ) အမြောက် အမြားကို ထုတ်ယူသုံးစွဲ ခဲ့သော်လည်း မိုးရွာတိုင်း ရေကြီးရေလျှံမှု ဒုက္ခကို ကြုံတွေ့ နေကြရဆဲဖြစ်သည်။ နိုင်ငံ့ဘဏ္ဍာငွေ အမြောက် အမြားကို ထုတ်ယူသုံးစွဲ၍ အကောင်အထည်ဖော်ခဲ့သောစီမံကိန်း များစွာတွင် အကျင့်ပျက်ခြစားမှုများလွှမ်းမိုးခဲ့ သဖြင့် ပြည်သူ လူထုအတွက် ကောင်းကျိုးမဖြစ်ရုံမျှမက ဆိုးကျိုးပေးနိုင်သာစီမံကိန်း များပင် ရှိနေခဲ့သည်။ အကျင့်ပျက်ခြစားမှု ဒဏ်ခံခဲ့ရသော အများပြည်သူတို့၏ အခြေခံအဆောက်အအုံများစွာအနက် အချို့သောတည်ဆောက်မှုများ မှာ ဘေးအန္တရာယ်ကိုပင် ဖန်တီးထားသကဲ့သို့ဖြစ်နေသည်။