Category Archives: ဆောင်းပါး

သမိုင်းကို ဖန်တီးသူဟာ ပြည်သူများဖြစ်တယ် ပြည်သူများသာဖြစ်တယ် – အောင်သာ(ပီသုံးလုံး)

ဗျူရိုကရက်အရင်းရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းဘဲ ဆိုလိုတာက ၂၀၀၈ ဖွဲ့ စည်းပုံဥပဒေခံကတုတ်နဲ့ ကာကွယ်ထားတဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရက်လက်ဝါးကြီး အုပ်အရင်းရှင်စနစ်ကို မဖျက်သိမ်းဘဲ ဗမာပြည်မှာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ် ဘယ်နည်းနဲ့မှ ဖွံ့ ဖြိုးထွန်းကားလာမှာ မဟုတ်ပါဘူး …

U Hla Shweမြန်မာနိုင်ငံရဲ့ အမျိုးသားလွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာ ပြန်လည်ရယူဖို့ ကြိုးပမ်းရတဲ့ ကြိုးပမ်းမှုဟာ (၁၉၀၆-၁၉၄၈) ၄၂ နှစ်ကြာပါတယ်။ ဒီကြိုးပမ်းမှု ဖြစ်စဉ်များအတွင်းမှာ မြန်မာ့ပထမနိုင်ငံရေး မျိုးဆက်တစ်ဆက်ကို ထူထောင်စုဖွဲ့နိုင်ခဲ့ ပါတယ်။ ဒီမျိုးဆက်ဟာ အစု ၂ စုကို ကိုယ်စားပြုခဲ့တယ်။ ပထမအစုကတော့ မျိုးချစ် လစ်ဘရယ်ဓနရှင် လူတန်းစားအစု ဖြစ်ပါတယ်။ ဒုတိယအစကတော့ မာ့က်စ်ဝါဒကို ယုံကြည်ကိုယ်စားပြုတဲ့အစု ဖြစ်ပါတယ်။ ဒီအစုဟာ ဖဆပလအဖွဲ့ချုပ်ရဲ့ လက်ဝဲဂိုဏ်းဖြစ်ပါ တယ်။ သခင်မြ၊ သခင်နု စတဲ့ မျိုးဆက်များကတော့ ဖဆပလအဖွဲ့ချုပ်ရဲ့ လက်ယာဂိုဏ်းကို ကိုယ်စားပြုခဲ့ပါတယ်။ ဒီဂိုဏ်းက ၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ နယ်ချဲ့အင်္ဂလိပ်အကြိုက် ဗကပကို ဖဆပလ အဖွဲ့ချုပ်က ထုတ်ပစ်ခဲ့တယ်။ ၂၈-၃-၄၈ မှာ ဖဆပလအစိုးရက ဗကပ အပေါ် ပြည်တွင်းစစ် ပြုခဲ့ပါ တယ်။ ၁၉-၇-၄၇ ခုနှစ်မှာ ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့ လုပ်ကြံ ခံရတယ်။ ဖဆပလအစိုးရဟာ ကွန်မြူနစ် ဆန့်ကျင် ရေးအစိုးရဖြစ်လာပါတယ်။ ၁၉၄၈-၄၉ ခုနှစ်အတွင်းမှာ သခင်နုကိုယ်စားပြု တဲ့ ဖဆပလ အစိုးရဟာ ကရင်၊ မွန်၊ ကယား မျိုးနွယ်စုများအပေါ် ဆက်ပြီး ပြည်တွင်းစစ် ပြုခဲ့တယ်။ ၁၉၅၉ မှာ မဟာဒေ၀ီ ခေါင်း ဆောင်တဲ့ရှမ်းပုန်ကန်မှုဖြစ်ခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာ ဗကပရဲ့ ပဲခူးရိုးမစစ်ဒေသ ပြိုကွဲ သွားပြီး ၁၉၇၆ မှာ ကြူကုတ်-ပန်ဆိုင်း စစ် ဒေသ ပေါ်ထွက်လာခဲ့တယ်။ ၁၉၇၈-၇၉ ခုနှစ်ကစပြီး အရှေ့မြောက်ဒေသမှာ သူပုန်မထတဲ့လူမျိုးစု မရှိသလောက်ဖြစ်နေပါပြီ။… Continue reading

ရေဒီယိုရုပ်သံသတင်းသမားကောင်းဖြစ်ဖို့ဆိုရင် (၆) – မိုးအေး

နည်းပညာတိုးတက်နေတဲ့ကာလမှာ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို လိုချင်သလို ဖန်တီးလို့ရနေတာမို့ လက်ခံရရှိတဲ့ ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေဟာ အစစ်အမှန် ဟုတ်၊ မဟုတ် ဆိုတာ စစ်ဆေးဖို့ သတင်းဌာနမှာ အလုပ်ပိုလာပါတယ်။ အထူးသဖြင့် ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာတွေဟာ သတင်းအရင်းအမြစ်တစ်ခုအနေနဲ့ အသုံးချလို့ရတယ်ဆိုပေမယ့် သတင်းထောက်အနေနဲ့ အရာရာကို ချင့်ချိန် စဉ်းစားတတ်ဖို့လိုပါတယ် . . .

moe ayeသတင်းထောက်မရှိရင် သတင်းဌာနရပ်တည်လို့မရ၊ သတင်းအရင်းအမြစ်မရှိရင်လည်း သတင်းထောက်အဖြစ်ရပ်တည်လို့ မရ ဆိုတဲ့ စကားအတိုင်း သတင်းဌာနဟာ သူ့သတင်းထောက်တွေနဲ့ အမြဲမပြတ်ထိတွေ့နေဖို့လိုသလို သတင်းထောက်ကလည်း သူ့သတင်းအရင်း အမြစ်နဲ့ အမြဲမပြတ်ထိစပ်နေဖို့လိုပါတယ်။ သတင်းထောက်ကောင်း တစ်ယောက်ဖြစ်ဖို့ ပထမ ဆုံးအရည် အချင်းဟာ သတင်းအရင်းအမြစ်တွေနဲ့ သတင်းထောက်ကြားက ဆက်ဆံရေး ရေချိန် အနိမ့်အမြင့်ပေါ် မူတည်တယ်လို့ ယူဆကြ ပါတယ်။ မနက်မိုးလင်း အိပ်ရာထတာနဲ့ ကိုယ့်ရဲ့သတင်းအရင်းအမြစ်ကို ဖုန်းဆက်နှုတ်ဆက်ခြင်းဟာ သတင်းထောက်အတွက် Golden Theory တစ်ခုလို့တောင် ဆိုထားပါတယ်။ သတင်းကိစ္စအတွက် သက်သက်မဟုတ်၊ လူမှုရေး အရပါ ကိုယ့်ရဲ့သတင်း အရင်းအမြစ်ကို စဉ်ဆက်မပြတ် ထိစပ်ပေးနေဖို့ လိုတယ်ဆိုတဲ့ သဘောပါ။ ဒီလို ဆက်ဆံရေးဟာ သတင်းအရင်းအမြစ်တွေက သတင်းသမားလို့မမြင်တော့ဘဲ ငယ်သူချင်းတစ်ယောက်လို၊ မိတ်ဆွေကောင်း တစ်ယောက်လို ယုံကြည်သဘောထားလာ ရုံမက သတင်းပေးခြင်း အဆင့်ကနေသတင်းကို ရှာဖွေတူးဆွ ပေးနိုင်မယ့်နည်းလမ်းတွေပါ ကူညီပေးလာနိုင်ပါတယ်။… Continue reading

ပါလီမန်ခေတ် ၀န်ကြီးချုပ်ဦးဗဆွေ (၁၉၅၆-၅၇ ခုနှစ်)၏ သမိုင်းဝင်မိန့်ခွန်းနှင့် နိုင်ငံရေးလုပ်ဆောင်ချက်များ – လှမြင့်(ရန်ကုန်တက္ကသိုလ်)

ဦးဗဆွေက ၀န်ကြီးချုပ်ရာထူးမှ ဆင်းပေးမည် ဖြစ်ကြောင်းကြေညာကာ ၀န်ကြီးချုပ်ရာထူးကို ဦးနုအား ပြန်လည်အပ်နှင်းခဲ့သည်။ ဦးနုသည် ၀န်ကြီးချုပ်ရာထူးကို ဗေဒင်ကိန်းခန်းများအလိုအရ ၁၉၅၇ ခုနှစ်၊ မတ်လ ၁ ရက်တွင် ပြန်လည်လက်ခံယူခဲ့ …

(4-24)-023ပါလီမန်ခေတ် ၁၉၅၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၌ ၀န်ကြီးချုပ်ဦးနု ဦး ဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီးသည်ပမညတ (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)အဖွဲ့ကြီးကို အနိုင်ရရှိခဲ့ပြီးနောက် ၀န်ကြီးချုပ်ဦးနုသည် ဖဆပလ အဖွဲ့ချုပ်ကြီးသန့်စင်ရေးကို ထိရောက်စွာဆောင်ရွက်ရန်၊ ဖဆပလ အဖွဲ့ ကြီးကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ဖော်ကိုင်ဖက်များကို ၀န်ကြီးချုပ်အဖြစ် အလှည့်ကျဆောင်ရွက်နိုင်ရန်အတွက် ၁၉၅၆ ခုနှစ် ဇွန်လတွင် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဦးနုသည် ဖဆပလ အဖွဲ့ကြီးကို ၁နှစ်အတွင်း ပြန်လည်ပြုပြင် ဖွဲ့စည်း၍ ၁ နှစ်ကျော်အကြာ၌ ၀န်ကြီးချုပ်ရာထူးကို ပြန်လည်ထမ်းဆောင်ရန်ရည်ရွယ်ခဲ့သည်။

ဝန်ကြီးချုပ်ဦးနုသည် ၀န်ကြီးချုပ် ရာထူးမှ ၁၉၅၆ ခုနှစ် ဇွန်လတွင် နုတ်ထွက်ပြီး ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌတာဝန်ကိုသာ ထမ်းဆောင်၍ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သော ဖဆပလ အမတ်ပေါင်းစုံအစည်းအဝေးကြီး၌ မိမိ၏ ၀န်ကြီးချုပ်ရာထူးကိုဆက်ခံရန် ဦးဗဆွေအား အဆိုတင်သွင်းခဲ့သည်။ ဖဆပလ အဖွဲ့ချုပ်ကြီး၏ဥက္ကဋ္ဌဦးနုသည် ဦးဗဆွေအား ၀န်ကြီးချုပ်အဖြစ် အဆိုတင်သွင်းရာ၌ (၁)ဦးဗဆွေသည် သာသနာတော်နှင့် ပြည် ထောင်စုကြီး၏အကျိုးကို စွမ်းစွမ်းတမံဆောင် ရွက်နိုင်မည်ဟု ယုံကြည်သူဖြစ်ကြောင်း၊ (၂)စိတ်ကောင်းရှိသူဖြစ်ကြောင်း၊ (၃) အရာ ခပ်သိမ်းတွင် စိတ်လိုက်မာန်ပါလုပ်တတ်သူ မဟုတ်ဘဲ နှိုင်းနှိုင်းချင့်ချင့်၊ ဆင်ဆင်ခြင်ခြင် လုပ်တတ်သော အရည်အချင်းရှိသူဖြစ် ကြောင်း၊ (၄) တစ်ဖက်သားကို ထောက် ထားသနားညှာတာတတ်သူဖြစ်ကြောင်း၊ (၅) လာဘ်ပေးလာဘ်ယူကိစ္စ၊ ခြစားမှု၊ ညစ်ပတ်မှုများကို ပြတ်ပြတ်သားသား တင်း တင်းမာမာဖြောင့်ဖြောင့်မတ်မတ်တိုက်ဖျက် မည့်သူဖြစ်ကြောင်း တင်ပြ၍ ကျွန်တော် ကိုယ်တိုင် ရွေးကောက် ထားသော ဦးဗဆွေကို ဖဆပလ အမတ်မင်းများက အစွမ်းကုန်ဝိုင်းဝန်းကူညီကြရန် လေးလေးနက်နက် တိုက်တွန်းကြောင်းပြောကြားခဲ့သည်။… Continue reading

တရားမ၀င်ကုန်သွယ်မှုရှိနေသရွေ့ပြည်သူ့လူနေမှုဘ၀ နေ့စဉ်ခြိမ်းခြောက်ခံနေရမည် – မောင်လွင်ပြင်

ဈေးကွက်အတွင်း အာနိသင်မရှိသောဆေးဝါးသုံးစွဲမိခြင်း၊ အဆိပ်အတောက်ဖြစ်စေသော စားသောက် ကုန်များ သုံးစွဲမိခြင်းကြောင့် ပြည်သူအချို့၊ သက်ကြီးရွယ်အိုနှင့်ကလေးအချို့ အသက်အန္တရာယ်ထိခိုက် … တရားမ၀င်လမ်းကြောင်းဖြင့် လူမသိသူမသိ၊ အစစ်အဆေး အစမ်းသပ်မရှိ၊အာ မခံချက်မဲ့စွာဖြင့် ဈေးကွက်ထဲတိတ်တဆိတ်ဝင်ရောက်နေသဖြင့် စားသုံးသူပြည်သူများ အတွက် နေ့စဉ်အသက်အန္တရာယ်ကို ခြိမ်းခြောက်နေ …

lwin pyinမြန်မာနိုင်ငံတွင် တရားမ၀င်ကုန်သွယ်ရေးကိစ္စများ ခေတ်အဆက်ဆက်တွင်ရှိခဲ့သည်။ အတုအယောင်ဆိုရှယ်လစ် မဆလခေတ်တွင်လည်းရှိခဲ့သည်။ အဓမ္မလက်ဝါးကြီးအုပ် စစ်အစိုးရခေတ်တွင်လည်းရှိခဲ့သည်။ ယခင်အစိုးရဟောင်း ၅ နှစ်တာ သက်တမ်းတွင်လည်း ရှိခဲ့သည်။ ယခုလက်ရှိတွင်လည်းရှိနေသည်။ မြန်မာနိုင်ငံတွင် တရားမ၀င် ကုန်သွယ်ရေးကိစ္စများရှိနေဆဲဖြစ်ကြောင်းကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကိုယ်တိုင်ပြောကြားပြီးဖြစ်သည်။ ဧပြီ ၂၃ ရက်က ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အဆောက်အအုံ၌ ကျင်းပခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ၀န်ကြီးဒေါက်တာသန်းမြင့်က မြန်မာ နိုင်ငံတွင် တရားဝင်ကုန်သွယ်မှုနှင့် တရားမ၀င်ကုန်သွယ်မှုတန်ဖိုးသည် အတူတူနီးပါး ရှိနေကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းသည်လက်ရှိကာလတွင် တရားမ၀င်ကုန်သွယ်မှုများ ရှိနေသေးကြောင်း သွယ်ဝိုက်သောနည်းဖြင့် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။… Continue reading

အမရပူရရဲ့ အလင်္ကာ – ဆောင်းဝင်းလတ်

ဆရာတော်ရဲ့ ကျောင်းတိုက်ကို စစ်ထောက်လှမ်းရေးတွေကအမြဲ တမ်းစောင့်ကြည့်နေပြီးစာပေ အထိမ်းအမှတ်အခမ်းအနားတွေအပေါ်မှာ အမျိုးမျိုးအနှောင့်အယှက်ပေးခဲ့ဖူးပါ တယ်။စစ်ထောက် လှမ်းရေးတွေဟာ ဆရာတော်ကိုလူဝတ်လဲပစ်မယ်လို့ ခြိမ်းခြောက်တဲ့အထိ ရိုင်းပျခဲ့ကြဖူးပါတယ်။ ဒီလိုရိုင်းစိုင်းကြမ်းတမ်းတဲ့ လူမိုက်လူရမ်းကားတွေရဲ့ စစ်အာဏာရှင်ခေတ်မှာပဲ …

Saung Win Latt၂၀၀၃ ခုနှစ်က “ပန်အနုပညာမဂ္ဂဇင်း” အတွက် တာဝန်ခံအယ်ဒီတာ ကိုနိုင်ကြီး၊ အမှုဆောင်အယ်ဒီတာ ပန်းချီမင်းဝေအောင် တို့နဲ့အတူ ကျွန်တော် ၀ိုင်းဝန်းကူညီလုပ် ဆောင်ပေးခဲ့ရာက အမရပူရမြို့ကို ရောက် သွားခဲ့ပါတယ်။ မဂ္ဂဇင်းအမှတ်(၁)ကို ကျွန်တော်တို့က ၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ ထွက်နိုင်အောင်ကြိုးစားနေကြတာပါ။ လိုအပ်မယ့်ဆောင်းပါးလေးတွေရေးဖို့ ကိုနိုင်ကြီးနဲ့အတူ ကျွန်တော် အမရပူရမြို့ကို ရောက်သွားရင်း ““ရွှေဂဲရပ်””ထဲမှာနေတဲ့ အန်တီ ““ဒေါ်စောရှင်””ဆီကို ၀င်ခဲ့ကြပါတယ်။ အဲဒီတုန်းက အန်တီ့အသက်အရွယ်ဟာ ၇၀ ကျော်ပြီးစပေါ့။ လုပ်ငန်းကတော့ မြန်မာ့ရိုးရာ ကြိုးကြီးချိတ်အထည်တွေကို အန်တီကိုယ်တိုင်ဦးစီးပြီး မိရိုးဖလာ အနုပညာလုပ်ငန်းတစ်ရပ်အနေနဲ့ လုပ်ကိုင်နေကြတာကိုတွေ့ခဲ့ရပါတယ်။ အန်တီဒေါ်စောရှင်ဟာ အသက်အရွယ်ရလာတာနဲ့အမျှ မဟာဂန္ဓာရုံကျောင်း အပါအ၀င် ကျောင်းတိုက်တွေက နေ့စဉ်နေ့တိုင်း ကြွလာကြတဲ့ ရဟန်း၊သံဃာတော်တွေကို ဆွမ်းကွမ်းဝတ်မပျက် လှူဒါန်းနေပါတယ်။ အာဂန္တု သီလရှင်တွေကိုလည်း လှူဒါန်းလျက်ပါ။ … Continue reading

ဒဂုန်တာရာ၏ စာပေဝေဖန်ရေးနိဒါန်း – မြေနီသစ္စာ

စာပေသည် နိုင်ငံရေး၏ ထင်ဟပ်ချက် ဖြစ်သည်။ နိုင်ငံရေးသည် စီးပွားရေးတောင်းဆိုချက်ဖြစ်သည်။ သို့ဖြစ်ရာ စာပေသည် နိုင်ငံ၏အကျိုးကို သယ်ပိုးသောအလုပ်ကိုလည်းလုပ်ပေသည်။ အမျိုးသားနိုင်ငံတော် သစ်၏လိုအပ်ချက်များကို စာပေသည် တစ်ဖက်တစ်လမ်းက ထမ်းရွက်ရပေမည် …

may ni thi sarဝေဖန်ရေးဆရာသည် စာပေပရိဝုဏ်ကို စောင့်ကြပ်ကာကွယ်သော အစောင့်တာဝန်မှူး စာပေတပ်သားဖြစ်ပေသည်။ သူသည် စာပေ၏ တိုးတက်ရေး၊ စာရေးဆရာများ တာဝန်မဲ့ရေးသားမှုကို သတိပေးရေး၊ စာဖတ်ပရိသတ် အဆင့်အတန်းမြှင့်တင်ရေး စသည်များကို ဆောင်ရွက်ပေသည်။

ယင်းသည် ဆရာဒဂုန်တာရာ၏ စာပေဝေဖန်ရေးအပေါ်အမြင်ဖြစ်သည်။ စင်စစ် စာပေဝေဖန်ရေးသည် စာပေတိုးတက်ရေးအတွက် ကျင့်သုံးအပ်သော လက္ခဏာတစ်ရပ်ဖြစ်သည်။ ဝေဖန်ရေးသည် စာပေတွင် ပါလာတတ်သောအညစ်အကြေးတို့ကိုတိုက်ချွတ်ဆေးကြောပေးသည့် သန့်စင်မှု အလုပ်ကိုလည်းလုပ်၏။ ဆရာတာရာဖော်ပြသော တာဝန်မဲ့ရေးသားမှုကို သတိပေးရေးဆိုသည်မှာ စာပေမှာ ကပ်ငြိတွဲပါလာသည့် အညစ်အကြေးတို့ကို တိုက်ချွတ်ဆေးကြောခြင်းပင်။

ဝေဖန်ရေးဆရာသည် စာပေဝေဖန်ရေးကို ဆောင်ရွက်ရာတွင် မည်သည့် သဘောတရားဖြင့် ရှုမြင်ပါသနည်း။ ဝေဖန်ရေးဆရာသည် စာပေဝေဖန်သည့်အခါ ခိုင်မာသောမူရှိရပေမည်။ ဝေဖန်ရေးဆရာ၏ မူသည် ဝေဖန်ခံစာ၏ အားသာချက်ကိုလည်းကောင်း၊ အားနည်းချက်ကိုလည်းကောင်း ဝေဖန်ထောက်ပြသည့်အခါတွင် ယင်းမူဖြင့်သာလျှင် စစ်ဆေးဝေဖန်ခြင်းပြုရပေမည်။ သူမြင်သော စာပေဝေဖန်ရေးဆရာ၏သဘောတရားကို ဆရာတာရာက ဤသို့ခွဲခြမ်းစိပ်ဖြာပြသည်။… Continue reading

ဒီမိုကရေစီအစိုးရနှင့် အခွင့်အရေး တောင်းဆိုမှု တိုက်ပွဲများ – ထက်မြက်

ခံဝန်ဆိုသည်မှာ နိုင်ငံရေးသမားဖြစ်ဖြစ်၊ သာမန် လူတစ်ယောက်ပင်ဖြစ်ဖြစ် မည်သူ့ကိုမဆို သူတို့၏မွေးရာပါလွတ်လပ်ခွင့်အား ချုပ်ချယ်လိုက်ခြင်း ဖြစ်၏။ တမင်သက်သက်စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းလည်းဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရလက်ထက်တွင် ထိုသည်ကို ဥပဒေပြဋ္ဌာန်း၍ပင် ပယ်ဖျက်သင့် …

U Htet Myatစစ်ကိုင်းမြို့ သစ်အချောထည်စက်ရုံမှ ဆန္ဒပြအလုပ်သမားများသည် အလုပ်ရှင်၏မတရားဖိနှိပ်မှုကို ဆန့်ကျင်သပိတ်မှောက်ပြီး အလုပ်သမားဝန်ကြီးဌာနကလည်း ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်ခြင်း မရှိသောကြောင့် နေပြည်တော်သို့ ချီတက်ဆန္ဒပြရင်း မိုင်တိုင် ၂၈၄/၄ (တပ်ကုန်းမြို့နယ်)သို့အရောက်တွင် ရဲတပ်ဖွဲ့က အင်အားသုံး၍ သပိတ်တိုက်ပွဲဝင် အလုပ်သမားအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ဧပြီလ ၂၉ ရက်နေ့မှစတင်၍ စစ်ကိုင်းမြို့မှ ချီတက်လာသောအလုပ်သမားများကို မေလ ၁၈ ရက်နေ့တွင် အင်အားသုံး၍ဖြိုခွဲလိုက်ခြင်းလည်းဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရဟု ကြွေးကြော်ခဲ့သော NLD အစိုးရလက်ထက် အစိုးရသက်တမ်း ၁ လ ခွဲကျော်အကြာတွင် ပထမဆုံးဖြိုခွဲလိုက်သည့် ဒီမိုကရေစီနည်းမကျသော သပိတ်ဖြိုခွဲရေး လုပ်ရပ်လည်းဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် ပထမဆုံးရင်ဆိုင်ရသည့် လူထု တိုက်ပွဲတစ်ခုဟုလည်းဆိုရမည်။ ထိုဖြစ်ရပ်မျိုးမှာ နောင်လည်း မကြာခဏဆိုသလို အစိုးရသစ်ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။ အလုပ်သမားတိုက်ပွဲ၊လယ်သမားတိုက်ပွဲ၊ကျောင်းသားတို့၏တိုက်ပွဲ စသည်တို့မှာ ရိုးရိုးသားသားပင် မိမိတို့၏အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်၏။ လစာတိုးမြှင့်ရေး၊ အချိန်ပို လုပ်ခလစာပေးရေးစသည်တို့အပြင် သိမ်းဆည်းထားသော လယ်များကို ပြန်ပေးရေး စသည့် အလုပ်သမား၊ လယ်သမားတို့၏ တောင်းဆိုမှုများမှာ ရိုးသားပြီး ရှင်းလင်းသောတောင်းဆိုမှုများ ဖြစ်သည်။… Continue reading

ရွေးကောက်ပွဲများနှင့် အတွေ့အကြုံ – မြတ်ဆွေ

မဲရုံစည်းကမ်းချက်အရ မဲရုံအနီးဝန်းကျင်သို့ လက်နက်ကိုင် မ၀င်ရဟု စည်းကမ်းရှိသော် လည်းကျေးရွာသူကြီးနှင့် ကာကွယ်ရေးတချို့သည် မဲရုံအနီး စတင်းဂန်းကိုင်ပြီး ၀င်လာကြသည်။ ဖဆပလ ကို မဲထည့်ရန် ခြိမ်းခြောက်ပြောဆိုသည် …

Myat Sway၁၉၅၆ ခုနှစ်က ဖဆပလအစိုးရကကြီးမှူးပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြီး တစ်နိုင်ငံလုံးတွင် ပြုလုပ်သည်။ ထိုအချိန်က ကျွန်တော့်အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်၍ မဲဆန္ဒပေးခွင့်ရှိနေပြီ။

ဖဆပလ အစိုးရက နှစ် ၄၀ တည်မြဲရမည်ဟူသော ကြွေးကြော်သံနှင့်တစ်နိုင်ငံလုံးကို ထိန်းချုပ်ထားသော်လည်း အတိုက်အခံဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမ ညတ)က အင်အားအလွန်ကြီးမားလာသည်။ ဖဆပလသည် ပြူစောထီး ခေါ် ကာကွယ်ရေးများကို လက်နက်တပ်ဆင်ပေးထားသဖြင့် ပြည်သူလူထုက အော့နှလုံးနာနေချိန်ဖြစ်သည်။ နေရာတိုင်းတွင် ဖဆပလအမတ် လောင်းနှင့်ပမညတအမတ်လောင်းတို့ထိပ်တိုက်ရင်ဆိုင်ကြရသည်။

အခြားသော မဟာဗမာ၊ တစ်သီးပုဂ္ဂလ စသောအမတ်လောင်းများမှာ အလွန်အင်အားနည်း၍ မတိုးသာဘဲရှိနေသည်။ ဒေးဒရဲမြို့နယ်တွင် ဖဆပလအမတ်လောင်းက ဆန်စက်ပိုင်ရှင် ဦးထွန်းလှိုင်ဖြစ်ပြီး ပမညတအမတ်လောင်းက ကျောင်းသား ခေါင်းဆောင်ဟောင်း အမျိုးသားတိုးတက်ရေးပါတီမှ ဦးခင်မောင်မြင့် ဖြစ်သည်။… Continue reading

အကဲဆတ်သောစကားရပ်များနှင့် မီဒီယာ – လင်းထိုက်(Y.I.T)

တပ်မတော်ဟာ စကားလုံးတွေအပေါ်မှာ အကဲဆတ်တဲ့သဘောကို ပေါ်လွင်စေပါ တယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေးစဉ်ကလည်း တပ်မတော်သား ကိုယ်စားလှယ်တွေဟာ “ဖက်ဒရယ်ပြည်ထောင်စု”ဆိုတဲ့စကားရပ်အပေါ်မှာ အကျယ်တ၀င့် ဆွေးနွေးသွား ခဲ့ဖူးပါတယ် …

(4-25)-01လက်ရှိမြန်မာနိုင်ငံဟာဆိုရင် ဒီမိုကရေစီနိုင်ငံသစ်ဆီကို စတင်ခြေလှမ်းခါစ အခြေအနေမှာပဲ ရှိသေးတယ်ဆိုတာကို ယထာဘူတကျကျ လက်ခံရပါလိမ့်မယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့တဲ့ ကမ္ဘာ့နိုင်ငံတိုင်းဟာ ပြဿနာတွေ၊ ပဋိပက္ခတွေကို မဖြတ်သန်းရဘဲ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံဆီကို နတ်ရေကန်ထဲပစ်ချ လိုက်သလို လွယ်လင့်တကူရောက်သွားတဲ့ နိုင်ငံမျိုးလည်း မရှိသေးပါဘူး။ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်လက်အောက်မှာ အကဲဆတ်တဲ့ ပြဿနာတွေများစွာ၊ ထိလွယ်ရှလွယ်တဲ့ ပဋိပက္ခတွေများစွာ သန္ဓေတည်ခဲ့တဲ့မြန်မာနိုင်ငံ အဖို့ ရှေ့ဆက်လျှောက်ရမယ့်ဒီမိုကရေစီခရီးမှာ အစိုးရရော ပြည်သူတစ်ရပ်လုံးပါ သတိကြီးစွာနဲ့ရရှိထားတဲ့ အခွင့်အရေးကို ဆင်ခြင်ဉာဏ်ရှိရှိ ထိန်းသိမ်းနိုင်ပါမှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်ဆီ ဦးတည်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သတင်းမီဒီယာတွေရဲ့တာဝန်သိမှုဟာ အလွန်ပဲအရေးပါလာပါတယ်။ သတင်းမီဒီယာဟာ နိုင်ငံ ရဲ့ထိလွယ်ရှလွယ် အခြေအနေတစ်ရပ်ကို ပေါက်ကွဲတဲ့အဆင့် ရောက်အောင် ဖြစ်စေနိုင်သလို ထိလွယ်ရှလွယ် အခြေအနေတစ်ရပ်ကိုပဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်သွားအောင် ပြုနိုင်စွမ်းရှိပါတယ်။… Continue reading

မြန်မာ့စင်္ကြံနဲ့ အရင်းထောင်ချောက် – စိမ်းမောင်

နိုင်ငံကြီးတွေရဲ့အရင်းက အတိုးနှုန်းသက်သာပေမယ့် ချည်နှောင်ထားတဲ့ စာချုပ်တွေက အတိုးထက် များနေတတ်တာလည်း ကမ္ဘာ့အတွေ့အကြုံပါပဲ။မြန်မာပြည်ကိုဝင်ရောက်လာမယ့်အရင်းအနှီးများဟာ အခြေခံအဆောက်အအုံဖွံ့ ဖြိုးရေးသက်သက်၊ နိုင်ငံခြားရေးပေါ်လစီနဲ့ မူဝါဒများကို လွှမ်းမိုးဖိအားပေးရုံသက်သက်ဆိုရင် မြန်မာပြည်အတွက်အကျိုးရလဒ် နည်းနိုင် …

sane maungယခုရက်ပိုင်းများအတွင်းမှာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ် ဒီဘိတ်ဖြစ်ကြ တာကို တွေ့ရပါတယ်။ အဓိက မြန်မာနဲ့ရုရှား ၊ မြန်မာနဲ့ အမေရိကန်၊ မြန်မာနဲ့တရုတ်-အိန္ဒိယတို့နဲ့ ဆက်စပ်ပြီး ဒီဘိတ်များဖြစ်ကြပါတယ်။ မြန်မာသမ္မတဦးထင်ကျော်ရဲ့ ရုရှားခရီးစဉ်မှာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံမှုနဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးတို့ရဲ့ တွေ့ဆုံပြောဆိုချက်များ အပေါ် ကနေ ကောက်ချက်ချဖို့ဖြစ်လာပုံရပါတယ်။ မြန်မာသမ္မတက အာဆီယံဒေသ ရဲ့ဗဟိုအချက်အချာကျမှုကို ရုရှားက အသိအမှတ်ပြုတဲ့ အတွက် ကျေးဇူး တင်ကြောင်း ပြောဆိုသွားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း သမ္မတ အိုဘားမားရဲ့ အာရှဦးစားပေးအစီအစဉ် ရေးဆွဲရာမှာ ““မြန်မာကို အမေရိကန်၏ အာရှမှုဝါဒနှင့် ဗဟိုချက်မအာရုံစိုက်ရာ ဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း …”” ဆိုပြီးပြောဆိုသွားပါတယ်။ ဒီအချက်တွေ ပေါ်ကနေ ကောက်ချက်ဆွဲရရင် နိုင်ငံကြီးတွေအနေနဲ့ မြန်မာကို ဗဟိုချက်အဖြစ် သဘောထား တယ်ဆိုတဲ့ သဘောတွေ့ရပါတယ်။ နိုင်ငံကြီးတို့ရဲ့ သဘောထားများထဲက ဗဟိုဆိုတာကိုဘုံထုတ်ရင် မြန်မာနိုင်ငံဟာ ၎င်းတို့ မူဝါဒစုံအတွက် အလယ်မှာရှိတယ်၊ အချက်အချာကျတယ်ဆိုတဲ့ သဘော တွေ့ရပါ တယ်။ နိုင်ငံကြီးတို့ ရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး စသဖြင့် မူဝါဒရေးအမျိုးစုံကို ဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံကို ၎င်းတို့မူဝါဒများ အကျိုးဖြစ်စေတဲ့၊ အထောက်အပံ့ဖြစ်စေတဲ့ အခြေခံတစ်ခုအဖြစ် သဘောထားကြပုံရပါတယ်။ ၎င်းတို့အကျိုးစီးပွားများအတွက် ဆောင်ရွက်တဲ့အခါမှာ မြန်မာနဲ့ပတ်သက်ပြီး ဦးစားပေး အရေးထားဆောင်ရွက်ရမယ့် ကိစ္စတစ်ခုအဖြစ် ရှုမြင်ထားကြပုံလည်းရပါတယ်။… Continue reading