Category Archives: သတင်း

ကြာအင်းတောင်ပေါ်တွင် သံဃာတော် ၁၀၃၅ ပါးအား တောင်ကလေးဆရာတော်နှင့်အလှူရှင်များ ဆွမ်းဆန်စိမ်းလောင်းလှူ

(5-11)-08 (5-11)-09 (5-11)-010 (5-11)-011ဘားအံ၊ မေ ၂၁

တောင်ကလေးဆရာတော် အရှင်ပညာသာမိ(တောမှီရဟန်း) ၏ သာသနာပြုနယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ဘားအံမြို့တော် ကျက်သရေဆောင် ကြာအင်း တောင်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ရာ ၁၃၇၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ နံနက် ၅ နာရီတွင် မဟာ ပဋ္ဌာန်းဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်းဖြင့် စတင်ခဲ့ပြီး ကဆုန် လပြည့်နေ့ (ဗုဒ်္ဓနေ့) နံနက် ၅ နာရီထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်ကြသည်။

ကဆုန်လပြည့်နေ့ နံနက် ၅ နာရီတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲ ပြုလုပ်ကာ စေတီတော်မြတ်အား ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာ တင်ခြင်းနှင့် ဗုဒ္ဓပူဇနိယပူဇော်ခြင်း အစီအစဉ်များကို တောင်ကလေး ဘ/ကကျောင်းအုပ်ဆရာတော် ဦးဥတ္တမနှင့် ကြာအင်း တောင်ဆရာတော် ဦးသောဘိတ ဦးဆောင်သော သံဃာတော်အရှင်မြတ်များက ပူဇော်တော်မူကြသည်။ ယင်းနောက် နံနက် ၇ နာရီတွင် တောင်ကလေးဆရာတော် အရှင်ပညာသာမိနှင့် အလှူရှင်များက ရဟန်း၊ ရှင်သာမဏေ စုစုပေါင်း ၁၀၃၅ ပါးတို့အား ဆွမ်းဆန်စိမ်း၊ ဆေးနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူကြည်ညိုပူဇော်ကြသည်။

ဇွဲကပင်မျိုးတင့်လေး

နိုင်ငံတော်သံဃမဟာနာယကဒုဥက္ကဋ္ဌ ဆင်မင်းဆရာတော်ကြီးနှင့် မန်းတိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ မစိုးရိမ်တိုက်သစ်ဆရာတော်ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသ ပူဇော်ပွဲတက်

(5-11)-0112မန္တလေး၊ မေ ၂၃

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မဟာနာယကဆရာတော် ဘဒ္ဒန္တ၀ါသေဋ္ဌာဘိဝံသအား ပူဇော် ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာစံပြကျေးရွာ မစိုးရိမ်တိုက်သစ်ကျောင်းဝင်းအတွင်း၌ ၁၃၇၈ ခု၊ ဦးတန်ခူး လဆန်း ၁၅ရက်နေ့တွင် ကျင်းပပူဇော်ရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ မစိုးရိမ်တိုက် ပါဠိနယူပဒေသ ကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တျာ ဘိဝံသကသီလချီးမြှင့်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆင်မင်းဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဘာသာဘိဝံသက သြ၀ါဒအနုမောဒနာ ဟောကြားခဲ့ပြီး ပခုက္ကူမြို့ဝနိကကျောင်း ဆရာတော် အရှင် ဂန္ဓမာ၊ မဟာစည်ရိပ်သာ မြဘေရီအရှင်စိန်္တိတတို့နှင့် တပည့်ဒါယကာ၊ ဒါယိကာမများက စုပေါင်းလှူဒါန်းပူဇော်ခဲ့ကြသည်။

ပခုက္ကူသား

ထိုင်း၌ သေဒဏ်ကျခံနေရသော မြန်မာနှစ်ဦးအတွက် လျှော့ပေါ့စဉ်းစားရန် မြန်မာစုံစမ်းရေးအဖွဲ့မျှော်လင့်

ရန်ကုန်၊ မေ ၂၅

ထိုင်းနိုင်ငံတောင်ပိုင်းလိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍သေဒဏ်ချမှတ်ခံရသည့် မြန်မာလူငယ် ၂ ဦးအတွက် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ရှေ့နေများအဖွဲ့က ထိုင်းနိုင်ငံတရားရုံးသို့အယူခံလွှာတင်ပြခဲ့ရာ တရားရုံးကလက် ခံခဲ့ပြီး ယင်းအမှုနှင့်ပတ်သက်၍ မြန်မာလူငယ် ၂ဦးအား ခရိုင်အဆင့် ဗဟိုတရားရုံးမှ လျှော့ပေါ့ စဉ်းစားပေးလိမ့်မည်ဟု မျှော်လင့်မိကြောင်း မြန်မာနိုင်ငံသံရုံး အထူးစုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဦးထူးချစ်က မေလ ၂၅ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။ အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ မြန်မာလူငယ် ၂ ဦးကို DNA နှင့်ပတ်သက်ထောက်ပြကာ အပြစ်ပေး အရေးယူခဲ့ပြီး ယင်းအတွက်ပြည်တွင်းပြည်ပ မျိုးရိုးဗီဇ(DNA)ပညာရှင်များနှင့် ညှိနှိုင်း၍ DNA နှင့်ပတ်သက်သည့်အချက်အလက် များကိုစနစ်တကျ ရှင်းလင်းတင်ပြထားသည့်အတွက်ခရိုင်အဆင့်ဗဟိုတရားရုံးက တစ်စုံတစ်ရာလျှော့ပေါ့စဉ်းစားပေးလိမ့်မည် ဟု မျှော်လင့်ကြခြင်းဖြစ်သည်။… Continue reading

ဖားကန့် မြေစာပုံပြိုကျမှုလူ ၁၃ ဦးသေ၊ ၁၀၀ ကျော် ပျောက်ဆုံး

ရန်ကုန်၊မေ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ ဝှေခါမှော်တွင် မေ ၂၃ရက် ညပိုင်းက မြေကျင်းပြိုကျမှု ဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ လူပေါင်း ၁၀၀ ထက်မနည်း ပျောက်ဆုံး လျက်ရှိပြီး လတ်တလောတွင် ရုပ်အလောင်း ၁၃ လောင်းကိုသာပြန်လည် ရှာဖွေနိုင်သေးကြောင်းဒေသခံတစ်ဦးဖြစ်သည့် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးလှသောင်က မေလ ၂၅ရက်တွင် မြန်မာသံတော်ဆင့် သို့ပြောသည်။

မိုးရာသီကာလ ရပ်နားထားသည့် ရတနာကြယ် ကုမ္ပဏီလုပ်ကွက်တွင် မေ ၂၃ရက် ည ၈နာရီကျော်က တစ်ပိုင်တစ်နိုင် ရေမဆေးကျောက် ရှာဖွေသူနှင့်ကျောက်တူးဖော်သူများ ကျောက်တူးဖော်နေ စဉ် မြေကျင်းပြိုကျခဲ့ပြီး ရုပ်အလောင်းရှာဖွေမှုများပြုလုပ်လျက်ရှိကာလက်ရှိတွင် ဒဏ်ရာရသူများအားဖားကန့်မြို့နယ်ဆေးရုံတွင် ကုသပေးလျက်ရှိ သည်။… Continue reading

သောက်သုံးရေပြဿနာ ကူညီပံ့ပိုးသူများအားနိုင်ငံတော်အတိုင်ပင်ခံ ကျေးဇူးတင်ဂုဏ်ပြု

ရန်ကုန်၊ မေ ၂၄

ယခုနှစ် နွေရာသီအတွင်း ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညို သက်ရောက်မှုကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်သော ဒေသများရှိ ပြည်သူများအတွက် ထိရောက်စွာ ကူညီပံ့ပိုးပေးခဲ့သူများအနက် ရှင်သန်ရေး ကူညီမှုအသင်းအား ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် သတ်မှတ်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာကို မေလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ် နွေရာသီအတွင်း ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညို သက်ရောက်မှုဖြစ်စဉ်၏ အကျိုးဆက်အဖြစ် အပူချိန်မြင့်မားမှုနှင့် ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းမြင့်မားမှု သဘာဝဘေးဒဏ်များကို ကြုံတွေ့ခံစားခဲ့ရပြီးနေရာဒေသအများစုတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများလည်းရင်ဆိုင်ခဲ့ကြရသည်။

““အဓိက ဒလမြို့ပေါ်တွေမှာ တောင်ရေကန်တွေက ရေအကုန်ခန်းကုန်တယ်။ ကျူးကျော်တဲလေးတွေရှေ့က ဗွက်အိုင်လေးတွေက ရေကိုခပ်ပြီးတော့မှ ပြန်စစ်ပြီး သုံးရတဲ့အဖြစ်မျိုးပါ ဖြစ်တယ်။ တချို့ ကလေးတွေဆို ကြုံ သလို ရေ သောက်ချလိုက်တာတွေလည်း တွေ့ရတယ်။ ကျွန်တော်တို့အနေ နဲ့ တစ်ရက်ကို ဂါလန်လေးသောင်း ကျော်လောက်ကုန်တယ်။ တစ်ရက်ကို အိမ်ထောင်စုဦးရေ သုံးထောင်ကျော်အတွက် ပေး ရတာ ပေါ့””ဟု ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။… Continue reading

သမ္မတဟောင်း ဦးသိန်းစိန်နှင့်အဖွဲ့ အလွဲသုံးသည့် ကန်ဒေါ်လာ သန်း ၈၀ ကျော် ဖော်ထုတ်အရေးယူပေးရန် ကျောက်မျက် လုပ်ငန်းရှင်များတောင်းဆို

ရန်ကုန်၊ မေ ၁၈

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ် ရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ သန်း ၈၀ကျော်အား ယခင် သမ္မတဟောင်း ဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းအပါအ၀င် အစိုးရအဖွဲ့ဝင်ဟောင်းများနှင့် အသင်းချုပ် တာဝန် ရှိသူများ ပူးပေါင်းကာအလွဲသုံးစားပြုလုပ်ခဲ့မှု အပေါ် စုံစမ်းဖော်ထုတ်အရေးယူပေးရန် သူရဦးရွှေမန်းဦးဆောင်သည့် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်သို့ ကျောက်မျက်လုပ်ငန်းရှင်များက တင်ပြတိုင်တန်းခဲ့ကြောင်း ဦးဆောင်တိုင်တန်းသူ တစ်ဦးဖြစ်သည့် အသင်းချုပ်၏ အလုပ်အမှုဆောင်ဦးကျော်ကျော်ဦးက မေ ၁၈ရက်တွင် မြန်မာသံတော် ဆင့်သို့ပြောသည်။

အသင်းချုပ် စတင်တည်ထောင်သည့် ၂၀၀၉ ခုနှစ်မှ စတင်ကာပြပွဲတင်ရောင်းချခဲ့ သည့် ကျောက်မျက်ရတနာရောင်း ချရမှုမှ နိုင်ငံ တော်ကို အခွန်အခပေးသွင်းမှုအပြင် အသင်းချုပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွန် ၁ရာခိုင်နှုန်းအား အသင်းချုပ်၏ သီးသန့်ရန်ပုံ ငွေအဖြစ်စုဆောင်းခဲ့ရာတွင် အမေရိကန်ဒေါ်လာ ၉၃ သန်းအထိ ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဒေါ်လာ ၇သန်းသာ ကျန်ရှိ တော့သည့် အတွက်ခေါင်းစဉ်အမျိုးမျိုးပြကာ အမေရိကန်ဒေါ်လာ သန်း ၈၀ကျော်ထုတ်ယူ အလွဲသုံးစားပြုခဲ့မှု များအပေါ် ကျေနပ် မှုမရှိသဖြင့် လုပ်ငန်းရှင်များက စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြားခဲ့ခြင်းဖြစ်သည်။… Continue reading

နိုင်ငံ့ခေါင်းဆောင်များ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် တရားစွဲခံထားရသော ဦးနေမျိုးဝေအမှုတရားလိုအား စတင်စစ်ဆေး

(5-11)-07ရန်ကုန်၊ မေ ၂၅

နိုင်ငံတော်ခေါင်းဆောင်များ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ဖန်တီးသည်ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီး အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းခံထားရသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (P.D.P) ဥက္ကဋ္ဌဦးနေမျိုးဝေ၏အမှုအား မေလ ၂၃ရက်က ကန်ကြီးထောင့်မြို့နယ်တရားရုံးတွင် တရားလိုဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အလုပ်အမှုဆောင်ဦးဝေ ယံအောင်ကို စတင်စစ်ဆေးခဲ့သည်။

ဦးနေမျိုးဝေအား နိုင်ငံတော် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ်္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတို့အား ဂုဏ်သရေ ညှိုးနွမ်း ၍အသရေပျက်စေရန် ရည်ရွယ်ပြီးစော်ကားပုတ်ခတ်သည့်စာသား၊ ဓာတ်ပုံများကို လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာ ထက်တွင် ဖော်ပြခဲ့သည်ဟုဆိုကာ အီလက်ထရွန်နစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ၆၆(ဃ)ဖြင့် ကန်ကြီးထောင့်မြို့မရဲစခန်းတွင် မေလ ၂ရက် က အမှုဖွင့်ခဲ့ကာ မေလ ၄ရက်တွင် နေပြည်တော်အမြန်လမ်း၌ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး မေလ ၁၉ရက်တွင် တရားရုံးသို့တရား စွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။… Continue reading

လက်နက်စွန့်ငြိမ်းချမ်းရေးမူနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ကန့်ကွက်

ရန်ကုန်၊ မေ ၂၅

မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် ဥရောပသမဂ္ဂ (EU) သံအမတ်တို့ပြောကြားခဲ့သော လက်နက်စွန့်ငြိမ်းချမ်းရေး မူဝါဒနှင့် ပတ်သက်၍ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော ကိုးကန့်လက်နက်ကိုင် (MNDAA)၊ တအာင်းလက် နက်ကိုင် (PSLF/ TNLA)နှင့် ရက်္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) တို့က မေလ ၂၁ရက်တွင် ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။

မေလ ၁၃ ရက်က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဘုရင့်နောင်ခန်းမ၌ပြုလုပ်သော ကာကွယ်ရေး ဦးစီးချုပ်နှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးတို့က အဆိုပါ လက်နက်ကိုင် ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်မဟုတ်ဘဲ လက်နက်စွန့်ရမည်ဟုပြောကြားခဲ့မှုနှင့် မေလဆန်းပိုင်းတွင် ရှမ်း ပြည်နယ် မြောက်ပိုင်းသို့ရောက် ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ရိုလန်ကိုဘီယာ (Roland Kobai) က လက်နက်စွန့်ပြီး စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းသို့ဝင်ရန်ပြောကြားခဲ့သဖြင့် ယခုကဲ့သို့ကန့်ကွက်သည့် သဘောထား ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။… Continue reading

ပြည်တွင်းစားသုံးဆန်အရောင်းအ၀ယ် အေးလျက်ရှိ ဆန်ချောဈေးနှုန်း ကျရိပ်သမ်း

ရန်ကုန်၊ မေ ၂၅

ပြည်တွင်းစားသုံးဆန်ဈေးကွက်များတွင် ဆန်လက်ကား ရောင်းဝယ်မှုများ နည်းပါးလျက်ရှိကာ ဆန်ကြမ်းဈေးနှုန်းများ ငြိမ်သက် လျက်ရှိပြီး ဆန်အချောအုပ်စုဝင် ပေါ်ဆန်း၊ ဘေးကြားဆန်များ ဈေးနှုန်းအကျဘက်သို့ ဦးတည်နေကြောင်း ရန်ကုန်မြို့၊ ၀ါးတန်း ကုန်စည်ဒိုင်မှ ဆန်လုပ်ငန်းရှင်များက မြန်မာသံတော်ဆင့်သို့ပြောသည်။

မြန်မာနိုင်ငံ၏ အဓိကဆန်စပါးကုန်သွယ်ရာဈေးကွက်ကြီးများအတွင်း၌ လက်ကားကုန်သွယ်ဝယ်ယူမှုများ မရှိသလောက် နည်း ပါးလျက်ရှိပြီး ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှုများလည်း ယခုလက်ရှိအချိန်တွင် ဆောင်ရွက်မှု မရှိကြောင်း၊ ပြည်တွင်းရောင်းဝယ် မှုဈေးကွက်လည်း အေးလျက်ရှိ ကြောင်း သိရသည်။

““ဆန်ဈေးအနေနဲ့ အကြမ်း ဈေးက ပုံမှန်ပါပဲ။ အရောင်းအ၀ယ်က အေးနေမယ်။ ၁၀၀ ရာခိုင်နှုန်း ဆန်အစမျိုးဆိုရင် ၂ သောင်း ကျပ်လောက်ရှိတယ်။ ဆန်သား ၉၀ရာခိုင်နှုန်းပါဝင်မှု အစမျိုးဆိုရင် ၁၉၀၀၀ နဲ့ ၁၉၅၀၀ ကြားမှာ လောက်ရှိပါတယ်””ဟု ၀ါးတန်း ကုန်စည်ဒိုင်မှ ကိုဖိုးသားက ပြော သည်။

မြစ်ဝကျွန်းပေါ်ဒေသ စပါးဈေးနှုန်းများသည် လတ်တလော အခြေအနေတွင် အတက်အကျ မရှိသော်လည်း စပါးအရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲများဖြင့် ၀ယ်ယူနေကြောင်းကို ““စပါးဈေးက မတက်ပါဘူး။ ပုံမှန် ၅ သိန်းဝယ်တဲ့စက်က ၀ယ် တယ်၊ တချို့စက်တွေက ၄ သိန်း ၈သောင်း၊ ၄ သိန်း ၉သောင်းဝယ်တဲ့စက်ကလည်း ၀ယ်နေကြတယ်။ ဒါလည်း စပါးအရည် အသွေးပေါ်မူတည်ပြီး ၀ယ်နေကြတာပါ”” ဟု ဖျာပုံခရိုင်အတွင်းရှိ ဆန်စက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။… Continue reading

အခြေခံပညာ ကျောင်းသားများသမဂ္ဂ (နိုင်ငံလုံးဆိုင်ရာ) အလုပ်အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်း

ရန်ကုန်၊ မေ ၂၅

အခြေခံပညာကျောင်းသားများသမဂ္ဂ (နိုင်ငံလုံးဆိုင်ရာ)ယာယီအလုပ်အမှုဆောင်အဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းပြီး မြို့နယ်ပေါင်းစုံ အစည်းအဝေး ဒုတိယနေ့ မေလ ၂၂ရက် ဆုံးဖြတ်ချက်အရ အလုပ် အမှုဆောင် အဖွဲ့သစ်ကို အဖွဲ့ဝင် ၁၁ဦးဖြင့်ပြန်လည်ဖွဲ့ စည်းခဲ့သည်။

အဆိုပါအစည်းအဝေးကို ပြီးခဲ့သည့် မေလ ၂၁ ရက်မှ ၂၂ ရက်ထိကျင်းပပြုလုပ်ခဲ့ပြီး အစည်း အဝေး ပထမနေ့တွင် အဖွဲ့ဝင်များ က မိမိတို့၏ လုပ်ဆောင်မှုများနှင့် အခက်အခဲများကိုတင်ပြခဲ့ကြပြီး ဒုတိယနေ့တွင် အလုပ်အမှုဆောင်သစ်ကို ပြန်လည်ရွေးချယ် ခဲ့ရာ ဥက္ကဋ္ဌအဖြစ်ကိုအောင်မင်းခိုင်အား ခန့်အပ်တာဝန်ပေးခဲ့ပြီး ဒုတိယဥက္ကဋ္ဌကိုမင်းသန့်နှင့် အထွေထွေအတွင်းရေးမှူး ကိုဖြိုး မောင်မောင် အပါအ၀င်အဖွဲ့ဝင် ၁၁ဦးကို ရွေးချယ်တင်မြှောက်ခဲ့သည်။… Continue reading