Category Archives: သံတော်ဆင့်အာဘော်

မျိုးဆက်များအတွက် အမွေကောင်းချန် – အယ်ဒီတာ့အာဘော်

မြန်မာပြည်သူတို့ တစ်ခဲနက် ထောက်ခံ ရွေးကောက်ထားသော ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များက ရွေးချယ် တင်မြှောက်ထားသည့် နိုင်ငံတော် သမ္မတသစ်သည် ၀န်ကြီးဌာနစာရင်းနှင့် ပြည်ထောင်စု ၀န်ကြီးစာရင်းကို လွှတ်တော်၌ အများပြည်သူသိရှိရန် အစီရင်ခံသွားပြီဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ ဖောင်းပွလွန်းလှစွာ ဖွဲ့စည်း ခဲ့သော ၀န်ကြီးဌာန အရေအတွက်ကို လျှော့ချပြောင်းလဲ၍ ၀န်ကြီးဌာန ၂၁ ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရေ ၁၈ ဦး တို့ဖြင့် ကျစ်လျစ်စွာ ဖွဲ့စည်းမည်ဖြစ်သဖြင့် ပြည်သူတို့၏ ဘဏ္ဍာငွေများအား အကျိုးမဲ့ ဖောဖောသီသီ သုံးဖြုန်းမှု လျော့နည်းသွားပေတော့မည်။ ပြည်သူလူထုက တစ်ခဲနက် ထောက်ခံယုံကြည်မှု ပေးထားသော ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသစ်သည် အာဏာလက်ဝယ် မရောက်ရှိမီမှာပင် ပြည်သူအပေါင်း ကျေနပ် ၀မ်းမြောက်စရာ ဖြစ်စေခဲ့ပြီဟု ဆိုရတော့မည်ဖြစ်သည်။ ပြည်သူလူထုအကျိုးအတွက် တစ်စက် ကလေးမျှ မတွေးတောဘဲ ကိုယ့်လူနေရာရရေးအတွက် ၀န်ကြီးဌာနများကို ဖောင်းပွအောင်လုပ်၊ ၀န်ကြီး၊ ဒုဝန်ကြီးနေရာများစွာကို ဖန်တီးခဲ့ခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများစွာ ဆုံးရှုံးနစ်နာခဲ့ရသည်။ ယခု ပြည်သူ့ အစိုးရသစ်၏ ကျစ်လျစ်သော ဖွဲ့စည်းမှုက အရင်လူတွေအတွက် အရှက်ခွဲခံရသလို ဖြစ်ပေလိမ့်မည်။ အရှက် ကွဲလည်း မတတ်နိုင်ပေ။ ပြည်သူကို မျက်နှာမူ၍ ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ထားသည်ဆိုလျှင် ထိုကဲ့သို့ပင် ထိရောက် ကျစ်လျစ်သော အစိုးရကို ဖွဲ့စည်း၍ ပြည်သူ့ဘဏ္ဍာကို အချည်းနှီးမဖြစ်အောင် ဆောင်ရွက်ရ ပေလိမ့်မည်။ Continue reading

အစိုးရပြန်ကြားရေးနှင့် သာသနာရေး ၀န်ကြီးဌာနတို့ ပူးပေါင်း၍ လုပ်ကြံမှုများအား မြန်မာသံတော်ဆင့်ဘက်မှ ရွံ့ကြောက်မှုမရှိ ပြန်ကြားရေးနှင့် သာသနာရေးဌာန လိမ်လည်ခြစားမှုများ ဆက်လက်ဖော်ထုတ်သွားမည်

ရန်ကုန်၊ မတ် ၂၃

မြန်မာသံတော်ဆင့် သတင်းဌာနက မတ်လ ၂၃ ရက် (တပေါင်းလပြည့်နေ့)တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်မှာ –

မြန်မာသံတော်ဆင့်၊ အတွဲ(၅)၊ အမှတ်(၂)ထုတ် စာမျက်နှာ ၄၄ နှင့် အချပ်ပို (က)ပါ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကုသလ၏ မိန့်ကြားချက်အား ကန့်ကွက်ကြောင်း ရည်ညွှန်း ချက်ပါစာဖြင့် မြန်မာသံတော်ဆင့် အမှုဆောင် အရာရှိချုပ်သို့ လိပ်မူထားသောစာအား မတ်လ ၁၉ ရက်နေ့တွင် ကမ္ဘာအေး၊ မဟာနာယက ကျောင်းတော်ကြီး၌ ဆရာတော်ကြီး ကိုယ်တိုင် မြန်မာသံတော်ဆင့် သတင်းဌာန တာဝန်ရှိသူများအား ပေးအပ်ခဲ့ပါသည်။

ထိုသို့ ပေးအပ်စဉ်တွင် သံဃမဟာနာယက ဒုဥက္ကဋ္ဌ ဆရာတော်ကြီး နားနေသီတင်းသုံးရာ အဆောင်တွင် ပေးအပ်ခြင်းဖြစ်ပြီး သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ်နှင့်အဖွဲ့က ဓာတ်ပုံဗီဒီယိုမှတ်တမ်း များကို ပေါ်ပေါ်ထင်ထင် ရိုက်ကူးခဲ့ပြီး ဆရာတော်ကြီး လက်မှတ်ရေးထိုး ထားသော စာကိုလည်း ၎င်းတို့၏ အာဘော်မပါကြောင်း မြန်မာသံတော်ဆင့်ဘက်မှ မမေးဘဲနှင့် လိုက်လံရှင်းပြခဲ့သည်။ Continue reading

အယ်ဒီတာ့အာဘော်

သံသယမကြီးထွားပါစေနှင့်

ရွေးကောက်ပွဲပြီး၍ အနိုင်အရှုံးရလဒ်များလည်း အားလုံးနီးပါး ထုတ်ပြန်ပြီးဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူများ တစ်ခဲနက် ပုံအောထောက်ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပြတ်အသတ် အနိုင်ရသည်။ ရွေးကောက်ပွဲရလဒ်အရ NLD သည် ကိုယ်စားလှယ်ဦးရေ အများစုဖြင့် လွှတ်တော်များအတွင်း လွှမ်းမိုးနိုင်ရုံ မျှသာမက အစိုးရအဖွဲ့ကိုလည်း ဖွဲ့စည်းခွင့် ရရှိနိုင်မည် ဖြစ်သည်။ မကြာမီ လွှတ်တော်ဟောင်း သက်တမ်းစေ့၍ လူထုတစ်ခဲနက် ထောက်ခံထားသော NLD လွှမ်းမိုးသည့် လွှတ်တော်အသစ် ပေါ်ထွက် လာတော့မည်။ NLD သည် ပြည်သူကို ဗဟိုပြု၍ နိုင်ငံနှင့် နိုင်ငံသား တို့ အကျိုးစီးပွား ဖြစ်ထွန်းစေမည့် ဥပဒေများကို ဖော်ဆောင်နိုင်လာမည်ဟု မျှော်လင့်ထားကြသည်။။ NLD လွှမ်းမိုးသော လွှတ်တော်သစ်မှ NLD စိတ်ကြိုက်သမ္မတကို တင်မြှောက်မည်။ အဆိုပါသမ္မတက ဖွဲ့စည်းမည့် ပြည်သူ့အကျိုး အမှန်တကယ် သယ်ပိုးသော အစိုးရအဖွဲ့ကိုလည်း စောင့်မျှော် နေကြသည်။ Continue reading

သံတော်ဆင့်ဖတ်စာ

  • (4-1)-038စစ်ပွဲတစ်ရာပဲ နိုင်ချင်နိုင်မယ်

ပြည်သူနဲ့ အချစ်တစ်ပွဲမှာတော့

စစ်ဗိုလ်ချုပ်ကြီးတွေ ထိချက်ရယ်နာ

ဒသဂီရိခမျာ ရယ်တောင်ရယ်သတဲ့။

 

  • ဦးနှောက်မှာလည်း အစိုးမရှိ၊ လျှာမှာလည်း အရိုးမရှိ၊

ကိုယ့်ငါးချဉ် ကိုယ်ချဉ်လိုက်ပုံများ

၁၀၀ တွေ ၈၀ တွေ၊ လျော့တာတောင် ၇၀ ဆိုပဲ

ဇာတိမြေလူထုကို မျက်စိခွဲပေးတဲ့အကျိုး

မဲဆွယ်စရာတောင် အထူးမလိုဘူးတဲ့

ဒါပေမဲ့ ဦးဌေးဦး ရှုံးချက် ထူးပုံထူးပုံ

ပြည်သူက အမြင်ကြည် အမှန်ကိုရှာလို့တွေ့

နှစ်ခါပြိုင် နှစ်ခါရှုံး ရှက်ဖွယ်လုံးလုံး။… Continue reading

အယ်ဒီတာ့အာဘော်

ပြည်သူ့ဆန္ဒအမှန်

နိုဝင်ဘာ ၁ ရက်တွင် သုဝဏ္ဏမြို့ဦးစေတီ အနီးရှိ ဘောလုံးကွင်း၌ ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲကို ထောက်ခံအားပေးသူ သိန်းနှင့်ချီ တက်ရောက်ခဲ့ရာ ပြည်တွင်း မီဒီယာများ၌ သာမက ပြည်ပ မီဒီယာများတွင်ပါ အလေးထားဖော်ပြခဲ့ရသည်။ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သော အချိန်အခါတွင် ရန်ကုန်၌သာမက မြန်မာနိုင်ငံ တစ်ဝန်း၌လည်း ယခုကဲ့သို့ အနီရောင် လူပင်လယ်ကြီးဖြစ်အောင် ထောက်ခံ အားပေးနေကြသော ပုံရိပ်များစွာက ရွေးကောက်ပွဲအဖြေကို ကြိုတင်ဟောကိန်း ထုတ်နေသည်။ သို့သော် လက်ရှိကာလအတွင်း မြင်တွေ့ကြားသိနေရသော ရွေးကောက်ပွဲ ဆိုင်ရာ မသမာမှု လုပ်ရပ်များစွာက ရွေးကောက်ပွဲရလဒ် အဖြေမှန်ထွက်ရေးအတွက် လွန်စွာ စိုးရိမ်စရာ ဖြစ်လာသည်။ မဲဆန္ဒရှင် သက်သေခံလက်မှတ်အပိုများ၊ မဲစာရင်းတွင် ပါဝင်နေသော လူပိုများ၊ ကြိုတင်မဲ ပြဿနာများ၊ တံဆိပ်တုံး ပြဿနာများ၊ မဲစာရင်း အမှားများစွာကြောင့် မဲပေးခွင့် ဆုံးရှုံးမှု များပြားလွန်းခြင်း စသည့်စသည့် အကြောင်းခြင်းရာများကြောင့် ယခုရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၏ ဆန္ဒအမှန်ကို ရာခိုင်နှုန်း အပြည့်အ၀ ထင်ဟပ်ရန် မဖြစ်နိုင်တော့ပေ။ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် အာဏာနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်များကို ဖောက်ဖျက်၍ မဲဆွယ်စည်းရုံးခြင်း၊ ပြိုင်ဘက် ပါတီဝင်များအပေါ် အကြမ်းဖက်ခြင်း၊ မဲဆန္ဒရှင်များအပေါ် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသော စသော အကြောင်းခြင်းရာများကလည်း ရွေးကောက်ပွဲ ရလဒ်ကို ပြည်သူတို့၏ ဆန္ဒအမှန်အတိုင်း ထွက်ပေါ် မလာစေရန် ဖန်တီးနိုင်သည်။ Continue reading

အယ်ဒီတာ့အာဘော်

ပြည်သူတွေ ဒုက္ခများလှပြီ

ပြည်ပရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင် ပြည်သူများသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရန် အပင်ပန်းခံ အားထုတ်ကြိုးပမ်းကြသည်။ အဘက်ဘက်တွင် နိမ့်ပါး အောက်ကျနေရသော မိမိတို့နိုင်ငံကို ယခုရွေးကောက်ပွဲမှ တစ်ဆင့်ပြောင်းလဲ တိုးတက်လာလိမ့်နိုး မျှော်လင့်ချက်ဖြင့် အားကြိုးမာန်တက် မဲပေးလိုကြခြင်း ဖြစ်သည်။ သို့သော် ပုံစံ-၁၅ ဖြင့် ကြိုတင်မဲပေးရန် လျှောက်ထားခဲ့သော်လည်း မဲစာရင်းတွင် မပါဝင်သည့်အတွက် မဲပေးခွင့်မရသည့် အရေအတွက်မှာ လွန်စွာများပြားခဲ့သည်။ မဲပေးခွင့်ရရှိသူ အချို့မှာလည်း အပင်ပန်းခံ၍ မြန်မာသံရုံးသို့ တကူးတက လာရောက် စောင့်ဆိုင်းကာ ကြိုတင်မဲပေးရန် ကြိုးပမ်းခဲ့ကြသော်လည်း အပင်ပန်းခံရကျိုးမနပ်ဘဲ မဲပြားအပြည့်အစုံ မရသည့် ပြဿနာများ ကြုံတွေ့ခဲ့ရသည်။ ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသော မြန်မာနိုင်ငံသား မဲဆန္ဒရှင် သန်းနှင့်ချီ၍ ပြည်ပတွင် ရှိနေသော်လည်း ရာခိုင်နှုန်း အနည်းငယ်မျှသာ ကြိုတင်မဲပေးခွင့်ရသည်။ မြန်မာသံရုံး တည်ရှိရာသို့ သွားရောက် မဲပေးရသည့်အတွက် သံရုံးရှိရာ မြို့နှင့်ဝေးလံသော အရပ်ဒေသမှ မြန်မာနိုင်ငံသား အမြောက်အမြားလည်း မဲပေးခွင့် ဆုံးရှုံးကြရမည့် အခြေအနေ ဖြစ်နေသည်။ Continue reading

အယ်ဒီတာ့အာဘော်

ဥပဒေအရာမှာ သာတူညီမျှဖြစ်ဖို့

ယခုကာလ အတောအတွင်း အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာများပေါ်တွင် ဖော်ပြမှု အချို့အတွက် တရားစွဲ အရေးယူမှုများကို တွေ့မြင်နေရသည်။ လွန်ခဲ့သော ကာလများအတွင်း အဆိုပါ ဖေ့စ်ဘုတ် စာမျက်နှာများပေါ်မှနေ၍ လူမျိုးရေး၊ ဘာသာရေး အကြောင်းပြု၍ သွေးထိုးလှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများ၊ အတိုက်အခံ ခေါင်းဆောင်နှင့် အတိုက်အခံ အဖွဲ့အစည်းအပေါ်သိက္ခာကျစေရန် အမျိုးမျိုးလုပ်ကြံ အပုပ်ချမှုများ စသည်တို့ကို အထင်အရှား တွေ့မြင်ခဲ့ရသော်လည်း ယခုကဲ့သို့ တရားစွဲ၊ အရေးယူမှုမျိုးကို မမြင်တွေ့ခဲ့ရပေ။ ထို့ကြောင့်လည်း ပြဋ္ဌာန်းထားသောဥပဒေ၊ နည်းဥပဒေနှင့် အမိန့် ညွှန်ကြားချက်များသည် နိုင်ငံသား အားလုံးအပေါ် ခွဲခြားမှုမရှိဘဲ တစ်ပြေးညီ အကျိုးသက်ရောက်မှု ရှိပါရဲ့လားဟူ၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ Continue reading

အယ်ဒီတာ့အာဘော်

မဲမသမာမှု အထူးသတိပြု

Editor၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အလွန်တရာ စိတ်ပူ ပန်နေရသည့် အချက်မှာ မဲစာရင်း မှားယွင်းမှု ပြဿနာဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူများအနေနှင့် မဲစာရင်းမှားယွင်းမှု ကို ပြင်ဆင်ရန်အတွက် မဲစာရင်း ကြည့်ရှုစစ်ဆေးကြရန် အစိုးရ အကြီးအကဲဖြစ်သူ သမ္မတကိုယ်တိုင်က ပြောဆိုနေသည်။ ပထမအကြိမ် အခြေခံမဲစာရင်း၌ မှားယွင်းမှုများကို ပြင်ဆင်ပေး ရန် လျှောက်ထားခဲ့သည့် မဲဆန္ဒရှင်များသည်ပင် ဒုတိယ အကြိမ် မဲစာရင်း၌ ထပ်မံမှားယွင်းမှုများ ကြုံတွေ့ရသည့် ဖြစ်ရပ်မှာ အများအပြားပင် ဖြစ်နေသည်။ မဲစာရင်း မှန်ကန်မှု ရှိစေရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်က အပြည့်အ၀ တာဝန်မယူနိုင်သကဲ့သို့ ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေး အပ်ထားသည့် အစိုးရကိုယ်တိုင်ကလည်း တာဝန်မယူသည့် သဘောကို တွေ့ရသည်။ မဲစာရင်းမှန်ကန်မှုကို တာဝန် မယူနိုင်ခြင်းသည် မဲဆန္ဒရှင် ပြည်သူများ၏ မဲပေးပိုင်ခွင့်ကို တာဝန်မယူခြင်းပင် ဖြစ်သဖြင့် ရွေးကောက်ပွဲ သန့်ရှင်းမျှတမှုအတွက် အာမခံချက်မပေးသော သဘောပင်ဖြစ် သည်။ ရွေးကောက်ပွဲ သန့်ရှင်းမျှတမှု ရှိရေးကို အာမခံချက်မပေးနိုင် ဘဲ ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒ အမှန်အဖြစ် လက်ခံကြရန် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်၍ သမ္မတက ပြောဆိုနေသည်။ ပြည်သူ့ဆန္ဒအမှန်အဖြစ် အသိအမှတ်ပြု လက်ခံရန်အတွက်ဆိုလျှင် လွတ်လပ် သန့်ရှင်းမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ် သည်။ ရွေးကောက်ပွဲ လွတ်လပ် သန့်ရှင်းမျှတရေးအတွက် တာဝန်ကျေစွာ ထမ်းရွက်နိုင်မှသာ ရွေးကောက်ပွဲ ရလဒ်ကို ပြည်သူ့ဆန္ဒအမှန်အဖြစ် လက်ခံရန် ပြောဆိုသင့်သည်။ Continue reading

အယ်ဒီတာ့အာဘော်

ပြောင်းလဲမှ ဖြစ်မယ်

1ရွေးကောက်ပွဲအတွက် အဓိကအင်အားကြီး အတိုက်အခံ အန်အယ်လ်ဒီပါတီက ““ပြောင်းလဲချိန်တန်ပြီ”” ဟူသော ဆောင် ပုဒ်ဖြင့် မဲဆွယ်စည်းရုံးလျက်ရှိသည်။ မဲဆန္ဒရှင် ပြည်သူအများစု အနေနှင့်လည်း လာမည့် ရွေးကောက်ပွဲမှနေ၍ အပြောင်းအလဲ တစ်စုံတစ်ရာ တွေ့မြင်လိုကြမည်မှာ ဧကန်မလွဲပေ။ မပြောင်း မလဲသော နိုင်ငံရေးစနစ်များနှင့် အာဏာရှင် မျိုးဆက် များကြောင့် နိုင်ငံနှင့်ပြည်သူအပေါင်း ဆင်းရဲတွင်းနက်ကာ အတိဒုက္ခများ ရောက်ခဲ့ရပြီးဖြစ်သည်။ နိုင်ငံ၏ သယံဇာတ များလည်း မြောက်မြားစွာ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရပြီး နိုင်ငံသား အများစုသည်လည်း ဖောင်စီးရင်း ရေငတ်ဆိုသကဲ့သို့ သယံဇာ တအကျိုးကို မခံစားရရုံမျှမက သယံဇာတ အထောက် အပံ့ကြောင့် ပိုမို သက်ဆိုးရှည်နေသော အာဏာရှင် စနစ်ဒဏ်ကို နှစ်ပေါင်းရှည်ကြာစွာ ဆိုးဆိုးဝါးဝါး ကြုံတွေ့ ခံစားနေကြရသည်။ ယနေ့တိုင် နိုင်ငံနှင့် ပြည်သူတို့၏ လူမှုဘ၀များ ဖွံ့ဖြိုးတိုးတက် စေနိုင်သော သိသာထင်ရှားသည့် အပြောင်းအလဲကို မတွေ့မြင်၊ မခံစားကြရသေးပေ။ ၁၉၉၀ ရွေးကောက်ပွဲတွင် အပြောင်းအလဲကို လိုလားသော ပြည်သူအပေါင်းက အပြောင်းအလဲအတွက် ပြတ်ပြတ် သားသား ရပ်တည် မဲပေးခဲ့သော်လည်း အာဏာနှင့် ကိုယ်ကျိုး စီးပွားအတွက်ဆိုလျှင် ဘယ်အခါမျှ ရှက်ရကောင်းမှန်း မသိကြသော အာဏာရှင် စစ်ဘီလူးများက ကတိက၀တ်များ ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကာ ပြည်သူ့ထံ အာဏာအပ်နှင်းရန် ငြင်းဆန်ခဲ့ကြသည်။ Continue reading

အယ်ဒီတာ့အာဘော်

ဥပဒေ ဘာအတွက်လဲ

1၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ မဲဆန္ဒရှင်များအတွက် စိုးရိမ်ကြောင့်ကြစရာ အကြောင်းခြင်းရာ မျိုးစုံကို တစ်စထက်တစ်စ ပိုမိုတွေ့မြင်လာရ သည်။ ရွေးကောက် ပွဲ ကော်မရှင်၏ မဲစာရင်းကြောင့် မဲဆန္ဒရှင် အများအပြား မဲပေးခွင့် ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရသည့်အထဲ အာဏာ လက်မလွှတ်လို သူတို့၏ မသမာမှုမျိုးစုံကိုလည်း နားနှင့်မဆံ့အောင် ကြားနေရသည်။ အဓိကအားဖြင့် ဥပဒေ၊ စည်းမျဉ်း၊ ကျင့်ဝတ်များ ကို ဖောက်ဖျက်ကျူးလွန်၍ ဆန့်ကျင်ဘက်ပါတီနှင့် ကိုယ်စားလှယ် များအား နည်းလမ်း ပေါင်းစုံဖြင့် ထိုးနှက်တိုက်ခိုက်နေခြင်း ဖြစ် သည်။

ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပါလျက် သက်ဆိုင်ရာက မသိချင်ဟန်ဆောင်၍ တစ်စုံတစ်ရာ အရေးမယူခြင်းကြောင့် ရွေးကောက်ပွဲ သန့်ရှင်းမျှတရေးအပေါ် ကြီးမားစွာ သံသယ၀င်စေသည်။ စစ်ဗိုလ်ချုပ်များ လွှမ်းမိုးကြီးစိုး အုပ်ချုပ်ခဲ့သည့် ကာလတစ်လျှောက်လုံး ဥပဒေဟူသော အရာသည် ပြည်သူ တို့အတွက် အကြောက်တရားကိုသာ မွေးထုတ်ပေးခဲ့ပြီး ပြည်သူ့ဘ၀လုံခြုံမှုနှင့် တရားမျှတမှုကို ဆောင်ကြဉ်း ပေးနိုင်ခဲ့ခြင်း မရှိပေ။ စစ်ဗိုလ်ချုပ်များ ကြီးစိုးသော အစိုးရသည် ဥပဒေကို ၎င်းတို့ အာဏာတည်မြဲရေးနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးတို့ အတွက်သာ အသုံးချခဲ့သည်။ သို့အတွက်ကြောင့်လည်း မတရားသော ဥပဒေများကို ကန့်ကွက်ဖီဆန်မှုများ ပေါ်ပေါက်ခဲ့ခြင်းပင် ဖြစ်သည်။… Continue reading