သံတော်ဆင့်ဖတ်စာ

(4-1)-038

  • အသစ်ဘယ်လိုကောင်းကောင်း အဟောင်းကို တလည်လည်ဆိုပဲ

ဟုတ်ပါ့ အစိုးရအသစ် ဘယ်လိုပင် စီမံစီမံ

မီးပျက်လည်း အဟောင်းကိုပဲ ကားပိတ်လည်း အဟောင်းကိုပဲ

မြောင်းရေပဲလျှံလျှံ ဖားကန့် မြေပဲပြိုပြို

ပြည်သူကတော့ အဟောင်းကိုပဲ တလည်လည်။

 

  • ဒီကြားထဲ ၂၀၁၆ ရဲ့ အကောင်းဆုံးပြက်လုံး

ပြည်ခိုင်ဖြိုးပါတီ ပြည်သူချစ်စေရမတဲ့

ပြည်သူတွေခမျာ ရယ်လိုက်ရတာ အူကိုနာဆိုပဲ။… Continue reading

Sponsored Post Learn from the experts: Create a successful blog with our brand new courseThe WordPress.com Blog

WordPress.com is excited to announce our newest offering: a course just for beginning bloggers where you’ll learn everything you need to know about blogging from the most trusted experts in the industry. We have helped millions of blogs get up and running, we know what works, and we want you to to know everything we know. This course provides all the fundamental skills and inspiration you need to get your blog started, an interactive community forum, and content updated annually.

သပ္ပုရိသဒါန (၅)ပါး – ဓမ္မသံတော်ဆင့်

 Vol(5),No(11)_4သူတော်ကောင်းတို့ ဖြည့်ကျင့်လိုက်နာတဲ့ ဒါနဟာ သပ္ပုရိသဒါန (၅)ပါး ဆိုသည်မှာ …

(၁) သဒ္ဓါဒါန၊

(၂) သက္ကစ္စဒါန၊

(၃) ကာလဒါန၊

(၄) အနုဂ္ဂဟိတစိတ္တဒါန၊

(၅) အနုပဟစ္စဒါန။

သူတော်ကောင်းများ လိုက်နာတဲ့ သပ္ပုရိသဒါန (၅)ပါး။

(၁) သဒ္ဓါဒါနဆိုတာ သဒ္ဓါစေတသိက်၊ သဒ္ဓါပြဋ္ဌာန်းပြီးတော၊့ သဒ္ဓါဆိုတာ ယုံကြည်မှု အားကောင်းတာ။ သဒ္ဓါစေတသိက် ပြဋ္ဌာန်းပြီးတော့ လှူတဲ့ဒါနကို သဒ္ဓါဒါနလို့ ခေါ်ပါတယ်။

ရွှေပေါ်ကျွန်းဆရာတော်

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ဇေယျသိဒ္ဓိဓမ္မဉာဏိက

ဖားကန့် မြေစာပုံပြိုကျမှုလူ ၁၃ ဦးသေ၊ ၁၀၀ ကျော် ပျောက်ဆုံး

ရန်ကုန်၊မေ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ ဝှေခါမှော်တွင် မေ ၂၃ရက် ညပိုင်းက မြေကျင်းပြိုကျမှု ဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ လူပေါင်း ၁၀၀ ထက်မနည်း ပျောက်ဆုံး လျက်ရှိပြီး လတ်တလောတွင် ရုပ်အလောင်း ၁၃ လောင်းကိုသာပြန်လည် ရှာဖွေနိုင်သေးကြောင်းဒေသခံတစ်ဦးဖြစ်သည့် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးလှသောင်က မေလ ၂၅ရက်တွင် မြန်မာသံတော်ဆင့် သို့ပြောသည်။

မိုးရာသီကာလ ရပ်နားထားသည့် ရတနာကြယ် ကုမ္ပဏီလုပ်ကွက်တွင် မေ ၂၃ရက် ည ၈နာရီကျော်က တစ်ပိုင်တစ်နိုင် ရေမဆေးကျောက် ရှာဖွေသူနှင့်ကျောက်တူးဖော်သူများ ကျောက်တူးဖော်နေ စဉ် မြေကျင်းပြိုကျခဲ့ပြီး ရုပ်အလောင်းရှာဖွေမှုများပြုလုပ်လျက်ရှိကာလက်ရှိတွင် ဒဏ်ရာရသူများအားဖားကန့်မြို့နယ်ဆေးရုံတွင် ကုသပေးလျက်ရှိ သည်။… Continue reading

ခုံသမာဓိကောင်စီဝင် တရားလွှတ်တော်ရှေ့နေ ဦးဌေးနှင့်တွေ့ဆုံခြင်း – ၀ိုင်းမော်

“အလုပ်သမားသပိတ်အပေါ်မှာ အရင်ပုံစံအတိုင်းအရေးယူတာကတော့ တစ်ပြည်လုံး အံ့သြစရာဖြစ်သွားတယ်”

ကျွန်တော်တို့ပြောစရာတွေကပြီးခဲ့တဲ့အစိုးရအပေါ်မှာလည်း ပြောစရာတွေအများကြီးပဲ။ အဖွဲ့အစည်းတွေ ကို အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ညီမညီမစိစစ်ဘဲနဲ့ သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက် တစ်ခုအတွက်နဲ့အသိအမှတ်ပြုခဲ့တာ . . .

တကယ်တမ်း ပါဝင်ပတ်သက်မှုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတယ်။ ဒီဟာတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့လည်း ပတ်သက်နေတယ် ဒီလှုပ်ရှားမှုတွေက။ အဲဒါတွေကို ကျန်တဲ့သူတွေ မသိကြတဲ့အတွက် ၀န်းရံတာတွေ ဘာတွေလုပ်ကြတာ။ တကယ်တော့ ရက်၁၀၀ စီမံချက်ကာလအတွင်းမှာ ဒီဟာဖြစ်လာတာ အဲဒီပါတီကြီးတစ်ရပ်နဲ့ ပတ်သက်မှုတွေရှိတယ် . . . . .

Vol(5),No(11)_12ရန်ကုန်၊ မေ ၂၄

စစ်ကိုင်းမှနေပြည်တော်သို့လမ်းလျှောက်ချီတက် သပိတ်မှောက် ခဲ့ကြသည့်အလုပ်သမားသပိတ်စစ်ကြောင်းအား မေလ ၁၈ ရက် နေ့ လယ်က နေပြည်တော် တပ်ကုန်းအရောက်တွင် ရဲတပ်ဖွဲ့အင်အား အများအပြားအသုံးပြုကာ ဖြိုခွဲခဲ့ပြီး သပိတ်တွင်ပါဝင်ခဲ့သူများနှင့်ဝန်းရံသူ စုစုပေါင်း ၅၁ ဦးအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇ တို့အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။ အဆိုပါသပိတ်စစ်ကြောင်းအား ယင်းကဲ့သို့ အင်အားသုံးဖြိုခွဲဖြေရှင်းခဲ့မှုသည် ယခင်အစိုးရအဆက်ဆက်၏ လုပ်ထုံးလုပ်နည်းအတိုင်းသာဖြစ်သည် ဟု နိုင်ငံရေးအသိုင်း အ၀ိုင်းက ဝေဖန်မှုများရှိခဲ့ပြီး ဖမ်းဆီးထားသော သပိတ်မှောက်အလုပ် သမားများနှင့်ဝန်းရံသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်း ဆိုမှုများလည်းရှိသည်။

ထို့ပြင် သပိတ်စစ်ကြောင်းမစတင်ခင်ကခုံသမာဓိကောင်စီ၏ဆုံးဖြတ်ချက်များသည်လည်း တစ်ဖက်စောင်းနင်းဖြစ်နေ သည်ဟု ဝေဖန်ကြပြီး သပိတ်မှောက် အလုပ်သမားများကိုလည်း လူမှုကွန်ရက်စာမျက်နှာများ၌ နိုင်ငံရေး အင်အားစုအချို့က ပြစ်တင်ဝေဖန်လျက်ရှိသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ ခုံသမာဓိ ကောင်စီဝင်လည်းဖြစ်သူ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသည့် တရားလွှတ်တော်ရှေ့နေ ဦးဌေးအား မြန်မာသံတော်ဆင့်က မေလ ၂၄ ရက် မနက်တွင် ၎င်း၏ခုံသမာဓိကောင်စီရုံးသို့ သွားရောက်တွေ့ဆုံမေးမြန်းထားသည် များကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။… Continue reading

သောက်သုံးရေပြဿနာ ကူညီပံ့ပိုးသူများအားနိုင်ငံတော်အတိုင်ပင်ခံ ကျေးဇူးတင်ဂုဏ်ပြု

ရန်ကုန်၊ မေ ၂၄

ယခုနှစ် နွေရာသီအတွင်း ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညို သက်ရောက်မှုကြောင့် သောက်သုံးရေ ရှားပါးပြတ်လပ်သော ဒေသများရှိ ပြည်သူများအတွက် ထိရောက်စွာ ကူညီပံ့ပိုးပေးခဲ့သူများအနက် ရှင်သန်ရေး ကူညီမှုအသင်းအား ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် သတ်မှတ်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်လွှာကို မေလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် ယခုနှစ် နွေရာသီအတွင်း ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညို သက်ရောက်မှုဖြစ်စဉ်၏ အကျိုးဆက်အဖြစ် အပူချိန်မြင့်မားမှုနှင့် ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းမြင့်မားမှု သဘာဝဘေးဒဏ်များကို ကြုံတွေ့ခံစားခဲ့ရပြီးနေရာဒေသအများစုတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများလည်းရင်ဆိုင်ခဲ့ကြရသည်။

““အဓိက ဒလမြို့ပေါ်တွေမှာ တောင်ရေကန်တွေက ရေအကုန်ခန်းကုန်တယ်။ ကျူးကျော်တဲလေးတွေရှေ့က ဗွက်အိုင်လေးတွေက ရေကိုခပ်ပြီးတော့မှ ပြန်စစ်ပြီး သုံးရတဲ့အဖြစ်မျိုးပါ ဖြစ်တယ်။ တချို့ ကလေးတွေဆို ကြုံ သလို ရေ သောက်ချလိုက်တာတွေလည်း တွေ့ရတယ်။ ကျွန်တော်တို့အနေ နဲ့ တစ်ရက်ကို ဂါလန်လေးသောင်း ကျော်လောက်ကုန်တယ်။ တစ်ရက်ကို အိမ်ထောင်စုဦးရေ သုံးထောင်ကျော်အတွက် ပေး ရတာ ပေါ့””ဟု ရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။… Continue reading

တရားမ၀င်ကုန်သွယ်မှုရှိနေသရွေ့ပြည်သူ့လူနေမှုဘ၀ နေ့စဉ်ခြိမ်းခြောက်ခံနေရမည် – မောင်လွင်ပြင်

ဈေးကွက်အတွင်း အာနိသင်မရှိသောဆေးဝါးသုံးစွဲမိခြင်း၊ အဆိပ်အတောက်ဖြစ်စေသော စားသောက် ကုန်များ သုံးစွဲမိခြင်းကြောင့် ပြည်သူအချို့၊ သက်ကြီးရွယ်အိုနှင့်ကလေးအချို့ အသက်အန္တရာယ်ထိခိုက် … တရားမ၀င်လမ်းကြောင်းဖြင့် လူမသိသူမသိ၊ အစစ်အဆေး အစမ်းသပ်မရှိ၊အာ မခံချက်မဲ့စွာဖြင့် ဈေးကွက်ထဲတိတ်တဆိတ်ဝင်ရောက်နေသဖြင့် စားသုံးသူပြည်သူများ အတွက် နေ့စဉ်အသက်အန္တရာယ်ကို ခြိမ်းခြောက်နေ …

lwin pyinမြန်မာနိုင်ငံတွင် တရားမ၀င်ကုန်သွယ်ရေးကိစ္စများ ခေတ်အဆက်ဆက်တွင်ရှိခဲ့သည်။ အတုအယောင်ဆိုရှယ်လစ် မဆလခေတ်တွင်လည်းရှိခဲ့သည်။ အဓမ္မလက်ဝါးကြီးအုပ် စစ်အစိုးရခေတ်တွင်လည်းရှိခဲ့သည်။ ယခင်အစိုးရဟောင်း ၅ နှစ်တာ သက်တမ်းတွင်လည်း ရှိခဲ့သည်။ ယခုလက်ရှိတွင်လည်းရှိနေသည်။ မြန်မာနိုင်ငံတွင် တရားမ၀င် ကုန်သွယ်ရေးကိစ္စများရှိနေဆဲဖြစ်ကြောင်းကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကိုယ်တိုင်ပြောကြားပြီးဖြစ်သည်။ ဧပြီ ၂၃ ရက်က ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အဆောက်အအုံ၌ ကျင်းပခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ၀န်ကြီးဒေါက်တာသန်းမြင့်က မြန်မာ နိုင်ငံတွင် တရားဝင်ကုန်သွယ်မှုနှင့် တရားမ၀င်ကုန်သွယ်မှုတန်ဖိုးသည် အတူတူနီးပါး ရှိနေကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းသည်လက်ရှိကာလတွင် တရားမ၀င်ကုန်သွယ်မှုများ ရှိနေသေးကြောင်း သွယ်ဝိုက်သောနည်းဖြင့် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။… Continue reading

အမရပူရရဲ့ အလင်္ကာ – ဆောင်းဝင်းလတ်

ဆရာတော်ရဲ့ ကျောင်းတိုက်ကို စစ်ထောက်လှမ်းရေးတွေကအမြဲ တမ်းစောင့်ကြည့်နေပြီးစာပေ အထိမ်းအမှတ်အခမ်းအနားတွေအပေါ်မှာ အမျိုးမျိုးအနှောင့်အယှက်ပေးခဲ့ဖူးပါ တယ်။စစ်ထောက် လှမ်းရေးတွေဟာ ဆရာတော်ကိုလူဝတ်လဲပစ်မယ်လို့ ခြိမ်းခြောက်တဲ့အထိ ရိုင်းပျခဲ့ကြဖူးပါတယ်။ ဒီလိုရိုင်းစိုင်းကြမ်းတမ်းတဲ့ လူမိုက်လူရမ်းကားတွေရဲ့ စစ်အာဏာရှင်ခေတ်မှာပဲ …

Saung Win Latt၂၀၀၃ ခုနှစ်က “ပန်အနုပညာမဂ္ဂဇင်း” အတွက် တာဝန်ခံအယ်ဒီတာ ကိုနိုင်ကြီး၊ အမှုဆောင်အယ်ဒီတာ ပန်းချီမင်းဝေအောင် တို့နဲ့အတူ ကျွန်တော် ၀ိုင်းဝန်းကူညီလုပ် ဆောင်ပေးခဲ့ရာက အမရပူရမြို့ကို ရောက် သွားခဲ့ပါတယ်။ မဂ္ဂဇင်းအမှတ်(၁)ကို ကျွန်တော်တို့က ၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ ထွက်နိုင်အောင်ကြိုးစားနေကြတာပါ။ လိုအပ်မယ့်ဆောင်းပါးလေးတွေရေးဖို့ ကိုနိုင်ကြီးနဲ့အတူ ကျွန်တော် အမရပူရမြို့ကို ရောက်သွားရင်း ““ရွှေဂဲရပ်””ထဲမှာနေတဲ့ အန်တီ ““ဒေါ်စောရှင်””ဆီကို ၀င်ခဲ့ကြပါတယ်။ အဲဒီတုန်းက အန်တီ့အသက်အရွယ်ဟာ ၇၀ ကျော်ပြီးစပေါ့။ လုပ်ငန်းကတော့ မြန်မာ့ရိုးရာ ကြိုးကြီးချိတ်အထည်တွေကို အန်တီကိုယ်တိုင်ဦးစီးပြီး မိရိုးဖလာ အနုပညာလုပ်ငန်းတစ်ရပ်အနေနဲ့ လုပ်ကိုင်နေကြတာကိုတွေ့ခဲ့ရပါတယ်။ အန်တီဒေါ်စောရှင်ဟာ အသက်အရွယ်ရလာတာနဲ့အမျှ မဟာဂန္ဓာရုံကျောင်း အပါအ၀င် ကျောင်းတိုက်တွေက နေ့စဉ်နေ့တိုင်း ကြွလာကြတဲ့ ရဟန်း၊သံဃာတော်တွေကို ဆွမ်းကွမ်းဝတ်မပျက် လှူဒါန်းနေပါတယ်။ အာဂန္တု သီလရှင်တွေကိုလည်း လှူဒါန်းလျက်ပါ။ … Continue reading

ဒဂုန်တာရာ၏ စာပေဝေဖန်ရေးနိဒါန်း – မြေနီသစ္စာ

စာပေသည် နိုင်ငံရေး၏ ထင်ဟပ်ချက် ဖြစ်သည်။ နိုင်ငံရေးသည် စီးပွားရေးတောင်းဆိုချက်ဖြစ်သည်။ သို့ဖြစ်ရာ စာပေသည် နိုင်ငံ၏အကျိုးကို သယ်ပိုးသောအလုပ်ကိုလည်းလုပ်ပေသည်။ အမျိုးသားနိုင်ငံတော် သစ်၏လိုအပ်ချက်များကို စာပေသည် တစ်ဖက်တစ်လမ်းက ထမ်းရွက်ရပေမည် …

may ni thi sarဝေဖန်ရေးဆရာသည် စာပေပရိဝုဏ်ကို စောင့်ကြပ်ကာကွယ်သော အစောင့်တာဝန်မှူး စာပေတပ်သားဖြစ်ပေသည်။ သူသည် စာပေ၏ တိုးတက်ရေး၊ စာရေးဆရာများ တာဝန်မဲ့ရေးသားမှုကို သတိပေးရေး၊ စာဖတ်ပရိသတ် အဆင့်အတန်းမြှင့်တင်ရေး စသည်များကို ဆောင်ရွက်ပေသည်။

ယင်းသည် ဆရာဒဂုန်တာရာ၏ စာပေဝေဖန်ရေးအပေါ်အမြင်ဖြစ်သည်။ စင်စစ် စာပေဝေဖန်ရေးသည် စာပေတိုးတက်ရေးအတွက် ကျင့်သုံးအပ်သော လက္ခဏာတစ်ရပ်ဖြစ်သည်။ ဝေဖန်ရေးသည် စာပေတွင် ပါလာတတ်သောအညစ်အကြေးတို့ကိုတိုက်ချွတ်ဆေးကြောပေးသည့် သန့်စင်မှု အလုပ်ကိုလည်းလုပ်၏။ ဆရာတာရာဖော်ပြသော တာဝန်မဲ့ရေးသားမှုကို သတိပေးရေးဆိုသည်မှာ စာပေမှာ ကပ်ငြိတွဲပါလာသည့် အညစ်အကြေးတို့ကို တိုက်ချွတ်ဆေးကြောခြင်းပင်။

ဝေဖန်ရေးဆရာသည် စာပေဝေဖန်ရေးကို ဆောင်ရွက်ရာတွင် မည်သည့် သဘောတရားဖြင့် ရှုမြင်ပါသနည်း။ ဝေဖန်ရေးဆရာသည် စာပေဝေဖန်သည့်အခါ ခိုင်မာသောမူရှိရပေမည်။ ဝေဖန်ရေးဆရာ၏ မူသည် ဝေဖန်ခံစာ၏ အားသာချက်ကိုလည်းကောင်း၊ အားနည်းချက်ကိုလည်းကောင်း ဝေဖန်ထောက်ပြသည့်အခါတွင် ယင်းမူဖြင့်သာလျှင် စစ်ဆေးဝေဖန်ခြင်းပြုရပေမည်။ သူမြင်သော စာပေဝေဖန်ရေးဆရာ၏သဘောတရားကို ဆရာတာရာက ဤသို့ခွဲခြမ်းစိပ်ဖြာပြသည်။… Continue reading

ဒီမိုကရေစီအစိုးရနှင့် အခွင့်အရေး တောင်းဆိုမှု တိုက်ပွဲများ – ထက်မြက်

ခံဝန်ဆိုသည်မှာ နိုင်ငံရေးသမားဖြစ်ဖြစ်၊ သာမန် လူတစ်ယောက်ပင်ဖြစ်ဖြစ် မည်သူ့ကိုမဆို သူတို့၏မွေးရာပါလွတ်လပ်ခွင့်အား ချုပ်ချယ်လိုက်ခြင်း ဖြစ်၏။ တမင်သက်သက်စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းလည်းဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရလက်ထက်တွင် ထိုသည်ကို ဥပဒေပြဋ္ဌာန်း၍ပင် ပယ်ဖျက်သင့် …

U Htet Myatစစ်ကိုင်းမြို့ သစ်အချောထည်စက်ရုံမှ ဆန္ဒပြအလုပ်သမားများသည် အလုပ်ရှင်၏မတရားဖိနှိပ်မှုကို ဆန့်ကျင်သပိတ်မှောက်ပြီး အလုပ်သမားဝန်ကြီးဌာနကလည်း ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်ခြင်း မရှိသောကြောင့် နေပြည်တော်သို့ ချီတက်ဆန္ဒပြရင်း မိုင်တိုင် ၂၈၄/၄ (တပ်ကုန်းမြို့နယ်)သို့အရောက်တွင် ရဲတပ်ဖွဲ့က အင်အားသုံး၍ သပိတ်တိုက်ပွဲဝင် အလုပ်သမားအားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ဧပြီလ ၂၉ ရက်နေ့မှစတင်၍ စစ်ကိုင်းမြို့မှ ချီတက်လာသောအလုပ်သမားများကို မေလ ၁၈ ရက်နေ့တွင် အင်အားသုံး၍ဖြိုခွဲလိုက်ခြင်းလည်းဖြစ်ပါသည်။ ဒီမိုကရေစီအစိုးရဟု ကြွေးကြော်ခဲ့သော NLD အစိုးရလက်ထက် အစိုးရသက်တမ်း ၁ လ ခွဲကျော်အကြာတွင် ပထမဆုံးဖြိုခွဲလိုက်သည့် ဒီမိုကရေစီနည်းမကျသော သပိတ်ဖြိုခွဲရေး လုပ်ရပ်လည်းဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် ပထမဆုံးရင်ဆိုင်ရသည့် လူထု တိုက်ပွဲတစ်ခုဟုလည်းဆိုရမည်။ ထိုဖြစ်ရပ်မျိုးမှာ နောင်လည်း မကြာခဏဆိုသလို အစိုးရသစ်ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။ အလုပ်သမားတိုက်ပွဲ၊လယ်သမားတိုက်ပွဲ၊ကျောင်းသားတို့၏တိုက်ပွဲ စသည်တို့မှာ ရိုးရိုးသားသားပင် မိမိတို့၏အခွင့်အရေးကို တောင်းဆိုခြင်းဖြစ်၏။ လစာတိုးမြှင့်ရေး၊ အချိန်ပို လုပ်ခလစာပေးရေးစသည်တို့အပြင် သိမ်းဆည်းထားသော လယ်များကို ပြန်ပေးရေး စသည့် အလုပ်သမား၊ လယ်သမားတို့၏ တောင်းဆိုမှုများမှာ ရိုးသားပြီး ရှင်းလင်းသောတောင်းဆိုမှုများ ဖြစ်သည်။… Continue reading

ရွေးကောက်ပွဲများနှင့် အတွေ့အကြုံ – မြတ်ဆွေ

မဲရုံစည်းကမ်းချက်အရ မဲရုံအနီးဝန်းကျင်သို့ လက်နက်ကိုင် မ၀င်ရဟု စည်းကမ်းရှိသော် လည်းကျေးရွာသူကြီးနှင့် ကာကွယ်ရေးတချို့သည် မဲရုံအနီး စတင်းဂန်းကိုင်ပြီး ၀င်လာကြသည်။ ဖဆပလ ကို မဲထည့်ရန် ခြိမ်းခြောက်ပြောဆိုသည် …

Myat Sway၁၉၅၆ ခုနှစ်က ဖဆပလအစိုးရကကြီးမှူးပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကြီး တစ်နိုင်ငံလုံးတွင် ပြုလုပ်သည်။ ထိုအချိန်က ကျွန်တော့်အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်၍ မဲဆန္ဒပေးခွင့်ရှိနေပြီ။

ဖဆပလ အစိုးရက နှစ် ၄၀ တည်မြဲရမည်ဟူသော ကြွေးကြော်သံနှင့်တစ်နိုင်ငံလုံးကို ထိန်းချုပ်ထားသော်လည်း အတိုက်အခံဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမ ညတ)က အင်အားအလွန်ကြီးမားလာသည်။ ဖဆပလသည် ပြူစောထီး ခေါ် ကာကွယ်ရေးများကို လက်နက်တပ်ဆင်ပေးထားသဖြင့် ပြည်သူလူထုက အော့နှလုံးနာနေချိန်ဖြစ်သည်။ နေရာတိုင်းတွင် ဖဆပလအမတ် လောင်းနှင့်ပမညတအမတ်လောင်းတို့ထိပ်တိုက်ရင်ဆိုင်ကြရသည်။

အခြားသော မဟာဗမာ၊ တစ်သီးပုဂ္ဂလ စသောအမတ်လောင်းများမှာ အလွန်အင်အားနည်း၍ မတိုးသာဘဲရှိနေသည်။ ဒေးဒရဲမြို့နယ်တွင် ဖဆပလအမတ်လောင်းက ဆန်စက်ပိုင်ရှင် ဦးထွန်းလှိုင်ဖြစ်ပြီး ပမညတအမတ်လောင်းက ကျောင်းသား ခေါင်းဆောင်ဟောင်း အမျိုးသားတိုးတက်ရေးပါတီမှ ဦးခင်မောင်မြင့် ဖြစ်သည်။… Continue reading