Category Archives: အယ်ဒီတာ့အာဘော်

ပြည်သူကို လုံခြုံမှုပေးပါ – အယ်ဒီတာ့အာဘော်

1မိုးရွာသွန်းမှုစတင်လိုက်သည်နှင့် ထုံးစံအတိုင်း ရန်ကုန်မြို့ပြ ၌ ရေလျှံမှုများဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများလည်း ကြုံတွေ့ခဲ့ကြရ သည်။ ယခင်အစိုးရလက်ထက်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီး ရန်ဟူသော ခေါင်း စဉ်များဖြင့် နိုင်ငံတော် ဘတ်ဂျက်(ပြည်သူ့ဘဏ္ဍာငွေ) အမြောက် အမြားကို ထုတ်ယူသုံးစွဲ ခဲ့သော်လည်း မိုးရွာတိုင်း ရေကြီးရေလျှံမှု ဒုက္ခကို ကြုံတွေ့ နေကြရဆဲဖြစ်သည်။ နိုင်ငံ့ဘဏ္ဍာငွေ အမြောက် အမြားကို ထုတ်ယူသုံးစွဲ၍ အကောင်အထည်ဖော်ခဲ့သောစီမံကိန်း များစွာတွင် အကျင့်ပျက်ခြစားမှုများလွှမ်းမိုးခဲ့ သဖြင့် ပြည်သူ လူထုအတွက် ကောင်းကျိုးမဖြစ်ရုံမျှမက ဆိုးကျိုးပေးနိုင်သာစီမံကိန်း များပင် ရှိနေခဲ့သည်။ အကျင့်ပျက်ခြစားမှု ဒဏ်ခံခဲ့ရသော အများပြည်သူတို့၏ အခြေခံအဆောက်အအုံများစွာအနက် အချို့သောတည်ဆောက်မှုများ မှာ ဘေးအန္တရာယ်ကိုပင် ဖန်တီးထားသကဲ့သို့ဖြစ်နေသည်။

ဥပမာအားဖြင့် ယခုရက်ပိုင်းအတွင်း မိုးကြီးသဖြင့် စမ်းချောင်းမြို့နယ်ရှိ အောင်ချမ်းသာ ရေနုတ်မြောင်းပေါင်များ ပြိုကျပျက်စီးမှုများဖြစ်ပြီး မြောင်းအနီးမှ တိုက်များအတွက် စိုးရိမ်နေရသည်ဟူသော သတင်းမျိုးကို ကြားနေရ သည်။ ရေနုတ်မြောင်းများ စနစ်မကျခြင်း၊ ပိတ်ဆို့ခြင်းတို့ကြောင့်လည်း မိုးကြီးသည့်အခါ တိုင်း ရေမြောင်းများရေ လျှံ၍ ရေဆိုးများနေအိမ်များအတွင်း ၀င်ရောက်သည့်ဒဏ်ကိုလည်း ကြုံတွေ့ခံစားနေကြရသည်။ ထို့ထက်ပိုဆိုးသည်မှာ အခြေခံအဆောက်အအုံများ ချို့ယွင်းအားနည်းသဖြင့် အသက်ဘေးအန္တရာယ်ကိုပင် ခြိမ်းခြောက်နေခြင်းဖြစ်သည်။… Continue reading

ပင်စည်ကိုလှဲ၊ အမြစ်ကိုလှန် – အယ်ဒီတာ့အာဘော်

1အစိုးရ၏ လက်ရှိအခြေအနေအရပ်ရပ်အပေါ် မဲဆန္ဒရှင်ပြည်သူများက အများအားဖြင့် အပြုသဘောသာ တုံ့ပြန်ပေးကြသည်။ ကိုယ်ကိုယ်တိုင် မဲပေးရွေးချယ်ခဲ့သောအစိုးရဖြစ်သောကြောင့်လည်းကောင်း၊ ယခင်အစိုးရ အဆက်ဆက် ဆိုးဝါးညံ့ဖျင်းစွာ စီမံအုပ်ချုပ်မှု၏အကျိုးဆက်ဖြစ်သော အလွန်တရာပျက်စီးယို ယွင်းနေသည့် အခြေအနေကို အမွေဆက်ခံနေရခြင်းကြောင့်လည်းကောင်း အစိုးရသစ်အပေါ် နားလည်မှုပေးကြ သည်။ ဝေဖန်ပြစ်တင်စရာ အငြင်းပွားဖွယ် ကိစ္စအချို့ ပေါ်ပေါက်လာသည်တိုင် ပြင်းပြင်းထန် ထန်ရှုတ်ချပြောဆိုခြင်း မပြုကြဘဲ အပြုသဘောဖြင့် ထောက်ပြမှုသာပြုကြသည်။ နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို စေတနာကောင်းဖြင့် ထမ်းရွက်နေသည့်အတွက် လုပ်မှားကိုင်မှားများရှိသည့်တိုင် စေတနာအမှားအဖြစ် မှတ်ယူပေးလိုကြသည်။ ထိုအခြင်းအရာကား ပြည်သူ၏ မဲပေးရွေးကောက်မှုမှတစ်ဆင့် ပေါ်ထွက်လာသော ပြည်သူ့အစိုးရတစ်ရပ်၏ အာနိသင်ပင်ဖြစ်သည်။

သို့တစေ လက်ရှိအစိုးရကို ရာနှုန်းပြည့် ပြည်သူ့အစိုးရဟူ၍တော့ မဆိုနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်း၌ တိုင်းရင်းသားပြည်သူအပေါင်းကို ကိုယ်စားပြုသော တင်းပြည့်ကျပ်ပြည့် အရပ်သားအစိုးရစစ်စစ်ကို မရနိုင်ခြင်းကြောင့်ဖြစ်သည်။ အစိုးရ၏ အရေးကြီးသည့်နေရာဌာနများ၌ စစ်ခေါင်းဆောင်များကို နေရာယူခွင့်ပေးထားခြင်းကြောင့် စစ်တစ်ပိုင်းပြည်သူ့အစိုးရဟူ၍ ဆိုရမည်။ မည်သို့ပင်ဆိုစေ အစိုးရအဖွဲ့အတွင်း ပြည်သူက ထောက်ခံယုံကြည်မှုပေးထားသော ပြည်သူ့ကိုယ်စားလှယ်အများစု လွှမ်းမိုးနေရာယူထားနိုင်ခြင်းအတွက် ယခုအစိုးရသစ်အပေါ် ပြည်သူတို့၏မျှော်လင့် ချက် မြင့်မြင့်မားမားရှိနေ သည်။… Continue reading

ခေတ်ကောင်း စနစ်ကောင်းဆီ – အယ်ဒီတာ့အာဘော်

1နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ခေတ်ဆိုး၊ စနစ်ဆိုးကို ဖြတ်သန်းရ၍ ဆိုးဆိုးဝါးဝါးနိမ့်ကျပျက်စီးသွားခဲ့ရသည့် မိမိတို့နိုင်ငံသည် ယခုအခါခေတ်ကောင်း၊စနစ်ကောင်းဆီ ဦးလှည့်တော့မည့်အလားအလာ ကို မြင်တွေ့နေပြီဖြစ် သည်။ ထိုကဲ့သို့ အလားအလာ ကောင်းဆီသို့ ဦးလှည့်သွားစေသောအပြောင်း အလဲကို မြန်မာပြည်သူ လူထုကြီး က နိုင်ငံရေးအသိနိုးကြား တက်ကြွစွာဖြင့် ဆောင်ကြဉ်းခဲ့ခြင်းဖြစ် သည်။ မြန်မာပြည်သူလူထုကြီး သည် နိုင်ငံရေးအသိစိတ် ရင့်ကျက် တည်ငြိမ်မှုဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်အပေါ် တစ်ခဲ နက်ထောက်ခံ ယုံကြည်မှုပြသပြီး ခေတ်ကောင်းစနစ်ကောင်းဆီ သို့ပြောင်းလဲရေးကို ဆန္ဒပြုခဲ့ကြသည်။ နိုင်ငံနှင့်နိုင်ငံ သားတို့ ၏ကောင်းကျိုးအတွက် အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည် ရသော ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ်၏ဦးဆောင်မှုနောက်တွင် ပြည်သူလူထုကြီးက တစိုက်မတ်မတ် လိုက်ပါဝန်းရံခဲ့ခြင်း၏ရလဒ်အဖြစ် ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ ပင် ပြည်သူ့ကိုယ်စားလှယ် စစ်စစ်အများစု လွှမ်းမိုးသော လွှတ်တော်နှင့် အစိုးရအဖွဲ့တို့ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ ယခုအခါ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ စီမံဆောင်ရွက်မှုဖြင့် နိုင်ငံ၏ကဏ္ဍအသီးသီး၌ အပြောင်းအလဲကို ရှေးရှုနေကြပြီဖြစ်သည်။… Continue reading

အဖျက်အမှောင့်ရန်စွယ် ၀ိုင်းဝန်းကာကွယ် – အယ်ဒီတာ့အာဘော်

1ပြည်သူလူထုက တစ်ခဲနက် အားပေးထောက်ခံ တင်မြှောက်လိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဒီချုပ် အစိုးရသစ် တာဝန်ယူလိုက်ချိန်မှစ၍ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင် စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးနှင့် ပြည်သူ အများစု၏ လူနေမှုဘ၀ များ မြင့်မားတိုးတက်ရေး စသောမူများဖြင့် ပြုပြင်ပြောင်းလဲရေးခရီးကို အသော့နှင် လာပြီဖြစ်သည်။ ယခုကဲ့သို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းစပွင့်စေရန် အတွက် နိုင်ငံရေးအသိ နိုးကြား တက်ကြွစွာ မဲပေး ခဲ့ကြသော မြန်မာလူထုကြီး သည် ဒေါ်အောင်ဆန်း စုကြည်၏ ဒီချုပ်အစိုးရထံ အာဏာမရောက်သေးမီ ကာလတစ်လျှောက်လုံး တည်ငြိမ်အေးချမ်းမှုအား ဖျက်လိုဖျက်ဆီး မလုပ်နိုင်စေရန် သတိ ကြီးကြီးထား၍ နိုင်ငံရေး ရင့်ကျက်မှုကို ပြသခဲ့ကြသည်။ ယခု ဒီချုပ်အစိုးရတာဝန် စတင်ယူလိုက်သည့် ရက်ပိုင်းမှာပင် တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးလိုသော အဖျက်အမှောင့် လုပ်ရပ်များ နေရာစုံမှ ပေါ်ထွက် လာပြန်သည်။… Continue reading

ပြည်သူ့အခန်းကဏ္ဍကို မြှင့်တင် – အယ်ဒီတာ့အာဘော်

1အတာသင်္ကြန်ကာလ ကုန်ဆုံး ၍ နှစ်ဟောင်းကုန်ဆုံး ကာ မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်သို့ ရောက်ရှိ လာခဲ့ပြီဖြစ်သည်။ ယခုနှစ် မဟာသင်္ကြန်သည် မြန်မာ လူထု တစ်ခဲနက် အားပေးထောက် ခံထားေ သာ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသက်တမ်း အစတွင် ကျင်းပရသော ရိုးရာအတာပွဲဖြစ်သဖြင့် ထူးခြားလှပေသည်။ ခါတိုင်းနှစ်များနှင့် မတူညီသော မဟာသင်္ကြန် ရေကစားပွဲတော် မြင်ကွင်းများကိုလည်း ရှုမြင်ခဲ့ကြရပြီး အများအားဖြင့် အေးချမ်းပျော် ရွှင်စွာ ရေကစားခဲ့ကြသော ပြည်သူအပေါင်းနှင့် တာဝန်ကျေပွန် ကြသောဝန်ထမ်းများမှာ ယခုနှစ်သင်္ကြန်ပုံရိပ်ကို လှပစေခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ယခုနှစ်သင်္ကြန်ကာလတွင် ““နိုင်ငံသူနိုင်ငံသားများ စိတ်အေးချမ်းစွာ ပျော်ပျော် ရွှင်ရွှင်ဆင်နွှဲနိုင်ရန် အတွက် ကျရာနေရာ၊ ထမ်းရသည့် တာဝန်များကို စေတနာအပြည့်ဖြင့် ထမ်းဆောင် ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံသူနိုင်ငံသားများကို”” ကျေးဇူးတင်လွှာ ထုတ်ပြန်၍ ဂုဏ်ပြုခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ““မဟာသင်္ကြန် မှာ နိုင်ငံ သူနိုင်ငံသားများအားလုံး စည်းကမ်းရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ရေကစားရတာ မြင်ရတဲ့အတွက်ကြောင့် အများကြီး ၀မ်းသာပါတယ်။ ဒီလိုပျော်ပျော်ရွှင်ရွှင် လုပ်နိုင်အောင်လို့လည်း နိုင်ငံသူနိုင်ငံသားတွေ အနေနဲ့ ကျရာအခန်းကဏ္ဍ အသီးသီးကနေပြီးတော့ ဆောင်ရွက်ခဲ့တာကြောင့် ဒီလို အခြေအနေမျိုးတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်”” ဟူ၍ နှစ်သစ် ဆုတောင်းစကားတွင် ထည့်သွင်း ပြောဆိုသွားသည်။… Continue reading

ထူးခြားလေးနက်သော အကူးအပြောင်း

1မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ကာလ ရောက် ရှိလာခဲ့ပြန်ပြီ။ မြန်မာသက္ကရာဇ် ၁၃၇၇ မှ ၁၃၇၈ ခုနှစ်ဆီသို့ ကူးပြောင်း ရောက်ရှိ လာတော့ မည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူးပြောင်းမည့် အချိန်တွင် ရေကစား ပွဲတော်ကို ကျင်းပသည်မှာ မြန်မာ တို့၏ ရိုးရာအစဉ်အလာပင် ဖြစ်သည်။ နှစ်ဟောင်းတွင် စွန်းထင်းခဲ့သော မကောင်းမှု အကုသိုလ်အညစ် အကြေးများကို အတာရေဖြင့် ဆေးကြော၍ သန့်ရှင်းစင်ကြယ်စွာ နှစ်သစ်သို့ ကူးပြောင်း ၀င်ရောက်ကြသည်ဟု အယူရှိကြသည်။ ထို့ကြောင့်ပင် ယခုကဲ့သို့ နှစ်သစ်ကူး အခါသမယကို အခါကြီးရက်ကြီး သတ်မှတ်ကာ အလှူအတန်းများပြုခြင်း၊ သတ္တ၀ါများအား ဘေးမဲ့လွှတ်ခြင်း၊ ဥပုသ်သီလများ ဆောက်တည်ခြင်း၊ ၀ိပဿနာတရားများ ပွားများအားထုတ်ခြင်း စသည့် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ် ကောင်းမှုများ ကို ပြုလုပ် ၍ နှစ်ဟောင်းမှ မကောင်းမှု အကုသိုလ် အညစ်အကြေးများ လျော့ပါးသွားအောင် ဆေးကြော သန့်စင်ကြ သည်။ နှစ်ဟောင်း၏ အကုသိုလ် အစွန်းအထင်းများကို ကုသိုလ် ကောင်းမှုဟူသော ရေဖြင့် ဆေးကြောခြင်း ပင်ဖြစ်သည်။… Continue reading

ပြည်သူတို့၏ မျှော်လင့်ချက်ပြည့်ဝစေဖို့ – အယ်ဒီတာ့အာဘော်

1မြန်မာပြည်သူလူထုကြီးက တရားဝင်တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ယုံကြည်စွာ အပ်နှင်းထားသော ဒေါ်အောင်ဆန်း စုကြည်၏ NLD လက်ဝယ်သို့ မတ်လ ၃၀ ရက်တွင် ပြည်သူ့အာဏာ တစ်ပိုင်းတစ်စ ရောက်ရှိသွားပြီဖြစ်သည်။

ဒီမိုကရေစီစံနှုန်းနှင့် မညီညွတ်သော ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်း၌ မြန်မာပြည်သူများအနေနှင့် ပြည်သူ့ အာဏာတစ်ပိုင်းတစ်စကိုသာ ပြည်သူ့ကိုယ်စားလှယ်များထံသို့ အပ်နှင်းခွင့်ရလိမ့်ဦးမည်။ ပြည်သူ့ အာဏာကို အပြည့်အ၀ရရှိဖို့အတွက်တော့ ဒီမိုကရေစီစံနှုန်းမီ အခြေခံဥပဒေတစ်ရပ်ဖြစ်ပေါ်လာရန် လိုအပ် နေသည်။ အနာဂတ်ကာလတွင် ပြည်သူက ရွေးကောက်တင်မြှောက် သောပြည်သူ့ ကိုယ်စားလှယ် စစ်စစ်များထံ သို့ ပြည်သူ့အာဏာ အပြည့်အ၀ရောက်ရှိလာရေးအတွက် ဦးတည်ဆောင်ရွက်မည့် သဘောကို မတ်လ ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ မိန့်ခွန်းတွင် ကြားသိလိုက်ရသည်။… Continue reading

မျိုးဆက်များအတွက် အမွေကောင်းချန် – အယ်ဒီတာ့အာဘော်

မြန်မာပြည်သူတို့ တစ်ခဲနက် ထောက်ခံ ရွေးကောက်ထားသော ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များက ရွေးချယ် တင်မြှောက်ထားသည့် နိုင်ငံတော် သမ္မတသစ်သည် ၀န်ကြီးဌာနစာရင်းနှင့် ပြည်ထောင်စု ၀န်ကြီးစာရင်းကို လွှတ်တော်၌ အများပြည်သူသိရှိရန် အစီရင်ခံသွားပြီဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ ဖောင်းပွလွန်းလှစွာ ဖွဲ့စည်း ခဲ့သော ၀န်ကြီးဌာန အရေအတွက်ကို လျှော့ချပြောင်းလဲ၍ ၀န်ကြီးဌာန ၂၁ ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရေ ၁၈ ဦး တို့ဖြင့် ကျစ်လျစ်စွာ ဖွဲ့စည်းမည်ဖြစ်သဖြင့် ပြည်သူတို့၏ ဘဏ္ဍာငွေများအား အကျိုးမဲ့ ဖောဖောသီသီ သုံးဖြုန်းမှု လျော့နည်းသွားပေတော့မည်။ ပြည်သူလူထုက တစ်ခဲနက် ထောက်ခံယုံကြည်မှု ပေးထားသော ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသစ်သည် အာဏာလက်ဝယ် မရောက်ရှိမီမှာပင် ပြည်သူအပေါင်း ကျေနပ် ၀မ်းမြောက်စရာ ဖြစ်စေခဲ့ပြီဟု ဆိုရတော့မည်ဖြစ်သည်။ ပြည်သူလူထုအကျိုးအတွက် တစ်စက် ကလေးမျှ မတွေးတောဘဲ ကိုယ့်လူနေရာရရေးအတွက် ၀န်ကြီးဌာနများကို ဖောင်းပွအောင်လုပ်၊ ၀န်ကြီး၊ ဒုဝန်ကြီးနေရာများစွာကို ဖန်တီးခဲ့ခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများစွာ ဆုံးရှုံးနစ်နာခဲ့ရသည်။ ယခု ပြည်သူ့ အစိုးရသစ်၏ ကျစ်လျစ်သော ဖွဲ့စည်းမှုက အရင်လူတွေအတွက် အရှက်ခွဲခံရသလို ဖြစ်ပေလိမ့်မည်။ အရှက် ကွဲလည်း မတတ်နိုင်ပေ။ ပြည်သူကို မျက်နှာမူ၍ ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ထားသည်ဆိုလျှင် ထိုကဲ့သို့ပင် ထိရောက် ကျစ်လျစ်သော အစိုးရကို ဖွဲ့စည်း၍ ပြည်သူ့ဘဏ္ဍာကို အချည်းနှီးမဖြစ်အောင် ဆောင်ရွက်ရ ပေလိမ့်မည်။ Continue reading

(၄) နှစ်ပြည့် မြန်မာသံတော်ဆင့် – အယ်ဒီတာ့အာဘော်

 1အပတ်စဉ်သတင်းစာအဖြစ် ၂၀၁၂ ခုနှစ်၊ မတ်လ ၉ ရက်မှ စတင်ထုတ်ဝေခဲ့သော မိမိတို့ မြန်မာသံတော်ဆင့် သည် ဖိနှိပ်ခြိမ်းခြောက်မှု အမျိုးမျိုးကို ကြံ့ကြံ့ခိုင်ရင်ဆိုင်၍ ခရီးကြမ်းဖြတ်ကျော် လျှောက်လှမ်းရင်း ယခုအခါ (၄)နှစ်တာ ကာလကိုပင် လွန်မြောက်လာခဲ့ပြီဖြစ်သည်။ မြန်မာသံတော်ဆင့်၏ (၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် NLD နာယက သူရဦးတင်ဦးက ““(၄)နှစ်မြောက် သံတော်ဆင့် သတင်းစာသည်လည်းပဲ ရှေ့ဆက်ပြီးတော့ တိုင်းကျိုးပြည်ပြု နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် ရှေးရှုသော သတင်းစကားများနှင့်တကွ ပညာပေးလုပ်ငန်းများ ကို ပြည်သူတစ်ရပ်လုံးကို ပေးနိုင်သော၊ ဖြည့်ဆည်းနိုင်သော အင်မတန်မှ ထွန်းတောက် ပြောင်မြောက်တဲ့ သတင်း စာတစ်စောင်အဖြစ် ရှေ့ကို ဆက်လက်အောင်မြင် ရှည်ကြာစွာ တည်တံ့ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရ ပါတယ်””ဟူ၍ ဆုမွန်ခြွေပေးခဲ့သည်။

ထိုကဲ့သို့ ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နိုင်ရန် ဆုမွန်ချီးမြှင့်ပေးခြင်းအတွက် မြန်မာ သံတော်ဆင့် အနေနှင့် အင်မတန်ဝမ်းမြောက် ဂုဏ်ယူရပါသည်။ မြန်မာသံတော်ဆင့်၏ မူဝါဒနှင့် ရည်မှန်းချက် အားလုံး၏ အခြေခံသည် အများပြည်သူ၏ အကျိုးကို ဦးထိပ် ပန်ဆင်ခြင်းဖြစ်သဖြင့် မြန်မာပြည်သူ တစ်ရပ်လုံး၏ ကောင်းကျိုးကို ဆက်လက်၍ အောင်အောင်မြင်မြင် ထမ်းရွက် သယ်ပိုး နိုင်ရေးသည် မြန်မာသံတော် ဆင့်က အဓိက လိုလားတောင့်တသော ဆန္ဒပင်ဖြစ်ပါသည်။ အဆိုပါ ရည်ရွယ်ချက် ဆန္ဒပြည့်မြောက်ရန် အတွက် (၄)နှစ်တာ ကာလအတွင်း ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို အားပြုရင်း ယုံကြည်စွာ အားပေးချီးမြှောက်လျက်ရှိသော အများပြည်သူ စာဖတ်ပရိသတ်အပေါင်း၏ ခွန်အားဖြင့် မရပ်မနား ခရီးရှည်နှင်ရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။ မိမိတို့မြန်မာသံတော်ဆင့် အနေနှင့် စာဖတ်ပရိသတ် အများပြည်သူ၏ ယုံကြည်အားပေးမှုကြောင့် ခက်ခဲကြမ်းတမ်းသောခရီးကို ရဲဝံ့စွန့်စား ဖြတ်သန်းရကျိုး နပ်ခဲ့ပြီဖြစ်သည်။… Continue reading

အချိန်တန်လျှင် အောင်ပွဲဆင် – အယ်ဒီတာ့အာဘော်

1အာဏာ အလွှဲအပြောင်းအတွက် အရေးကြီးသော ယခုလို စပ်ကူးမပ်ကူးကာလ၌ စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းခြင်းရာများစွာ မြင်တွေ့ကြားသိ နေရသဖြင့် ပြည်သူအများ ရတက်မအေးဘဲရှိနေသည်။ အစိုးရ သစ် ပေါ်ပေါက်လာခါနီး အချိန်မှာပင် နိုင်ငံပိုင်မြေများနှင့် အစိုးရစီမံကိန်းများကို ပုဂ္ဂလိကထံ လွှဲပြောင်းမှုများ တက်သုတ်ရိုက် ပြုလုပ်နေခြင်း၊ ကျူးကျော်များ အင်အားသုံး ဖယ်ရှားခြင်းကို ဆက်တိုက် ပြုလုပ်လျက်ရှိခြင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍လည်း လွှတ်တော်သို့ လာရောက်ဖြေရှင်းရန် ပျက်ကွက်ခြင်း၊ ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများအား တရားစွဲ၊ ဖမ်းဆီး၊ အကျဉ်းချမှုများ တိုးမြှင့်လုပ်ဆောင် လာနေခြင်း စသည့် စသည့် သက်တမ်းကုန်ခါနီးအစိုးရ၏ အငြင်းပွားဖွယ် လုပ်ရပ်များက အပြောင်းအလဲကိုမျှော်ရင်း မောနေသော မြန်မာ လူထုကြီးအတွက် စိတ်မချမ်းမြေ့စရာဖြစ်နေသည်။ ထို့ပြင် ယခုစပ်ကူးမပ်ကူး ကာလအတွင်း ဘာသာရေး အကြောင်းပြ၍ သွေးထိုးလှုံ့ဆော်နေမှုများနှင့် အမျိုးသားရေး ဗန်းပြ၍ မတည်မငြိမ်ဖြစ်အောင် ဖန်တီး လုပ်ဆောင် နေမှုများကိုလည်း မြင်တွေ့နေရသည်။ ထို့ကြောင့် ယခုအချိန်သည် ပြည်သူ တို့ မျှော်လင့် တောင့် တသော နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်အပေါ် ဖျက်လိုဖျက်ဆီးလုပ်ရန် ကြံစည်အားထုတ်သည့် အဖျက် အမှောင့်သမားများအား သတိပြုစောင့်ကြည့် နေရမည့် အချိန်အခါပင်ဖြစ်သည်။… Continue reading