၂၇။ ငါးရက်ခန့်ကျော် ငါးရက်ပေါ်၊ ပျော်ပျော်ပါးပါး ရှိချေပြီ။
၂၈။ ရွှင်ပျော်ပျော်ပါး နေနိုင်ငြား၊ လားလားသတိမရပြီ။
၂၉။ ခလုတ်ထိမှ အမိတ၊ မှန်လှဧကန် မလွဲပြီ။
၃၀။ ချောက်ကမ်းနားတွင်သစ်ပင်သွင် ခုပင်မကြာ လဲချေမည်။
၃၁။ ခုနေ့ နက်ဖြန် သေရမှန် ၊ ဧကန်မချွတ် မြဲတော့မည်။
၃၂။ မုန်ညင်းဆန်သား ပွတ်ဆောက်ဖျား တင်ထားခုဝယ်ကျေချေပြီ။
၃၃။ အသက်ခန္ဓာ မရဏာ၊ မှန်စွာမလွဲ သေတော့မည်။
၃၄။ အနိစ္စနှင့် ဒုက္ခတရား၊ ခုလိုများ လားလားမမြဲပြီ။
၃၅။ အနတ္တရေး သာလို့ဝေး၊ သေဘေးကိုများ မကြောက်ပြီ။
၃၆။ နောင်သံသရာ ခံရရှာ၊ ကမ္ဘာရှည်လျား ချေတော့မည်။
၃၇။ လွန်မှတစ်ခါ၊ ပြုချင်ရှာ၊ ဘယ်မှာအခွင့်မရပြီ။
၃၈။ နောင်တကိုသာ နောင်မှသာ ပြန်ကာ၊ ပြန်ကာ တ-တတ်သည်။
၃၉။ သင်္ဘောပမာ ဤသည့်စာအောင်ချာနိဗ္ဗူ ချဉ်းလိမ့်သောဝ်။
၄၀။ ပစ္စဝေက္ခဏာတတိယာ၊ ဤခါအောင်မြေ နင်းလိမ့်သောဝ်
၄၁။ မမပုညံ ကုသလံ၊ နိဗ္ဗာန်ရွှေရောင် လင်းလိမ့်သောဝ်။
ဇရာ မရဏ ဆင်ခြင်ရန်သြ၀ါဒကထာ ပြီး၏။
ဘိက္ခုဓမ္မိက(မလှိုင်)


သူတော်ကောင်းတို့ ဖြည့်ကျင့်လိုက်နာတဲ့ ဒါနဟာ သပ္ပုရိသဒါန (၅)ပါး ဆိုသည်မှာ …
မိမိအား ချီးမွမ်းလာခြင်းသည်မိမိနှင့်မဆိုင်၊
၂၁။ ဆွေမျိုးတစ်စ ပူဒုက္ခ၊ ရင်ဝထုကာလဲချေပြီ။
အခု သမ္မာသမ္ဗုဒ္ဓ ဂေါတမမြတ်စွာဘုရားက သက်တော် ၈၀၊ ၀ါ ၄၅။ သက်တော်က တိုတောင်းလို့ သာသနာ ထားပစ်ခဲ့ရပါတယ်။ သာသနာထားပစ်ခဲ့လို့ စေတီမှာလည်း အဆူဆူဖြစ်သွားပါတယ်။
ရည်မှန်းချက်အတိုင်း ထမြောက်အောင် လှူဒါန်းရင် ဓမ္မိက(၃)ပါး။ တရားနဲ့ မလျော်ညီသော ဒါနက(၉)ပါး။ ဒီနေရာမယ် စောဒကတက်စရာရှိတယ်။ အကြင် စေတီတော်အား လှူဒါန်းမယ်လို့ မိမိကစေတီတစ်ဆူဆူကို ရည်မှန်းပြီးမှ အခြားစေတီတစ်ဆူဆူကို သွားရောက် လှူဒါန်းခဲ့လို့ရှိရင် တရားနဲ့မလျော်ညီသော အဓမ္မိက ဒါန။ ဒီမှာ စောဒကတက်စရာက တစ်ဆူတည်းသော ဘုရား၏ ဓာတ်တော်မွေတော်တွေ မဟုတ်ဘူးလား။ စေတီပေါင်း ၈၄၀၀၀၊ ရေတွင်း ရေကန်တို့၊ ဂေါတမ သမ္မာသမ္ဗုဒ္ဓ ဓာတ်တော်တွေချည်း မဟုတ်ဘူးလား။ တစ်ဆူတည်းသော ဓာတ်တော် မွေတော်တွေ ဖြစ်နေပါလျက် အဘယ့်ကြောင့် အဓမ္မိကဒါနဖြစ်ရတုန်း၊ ဒါမေးစရာပဲ။ အခြားသမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားမှာ သာသနာ့သက်တမ်း သက်တော်က ရှည်သည့်ကာလမှာ ပွင့်တော်မူကြရလို့ နိဗ္ဗာန်ဝင်ကြရတဲ့အခါကျတော့ ဓာတ်တော်မှာ စေတီအဆူဆူမရှိဘူး။ တစ်ဆူတည်းသာ တည်ထားခဲ့တာ။ တစ်ဆူတည်းသာ ပေါင်းတည်ခဲ့တာ။
လောကမှာမိမိရဲ့ အကောင်းဆုံးမိတ်ဆွေဟာ မိမိရဲ့ သတိတရားပဲ၊ မိမိရဲ့ အကောင်းဆုံးလက်နက်ဟာ၊
၁၄။ ခေါ်၍ငင်ကာ ဆွဲကြရှာ၊ မှန်စွာခုဝယ်ပေါ်ချေပြီ။
အကြင်ပုဂ္ဂိုလ် တစ်ပါးပါးကို မိမိက လှူမယ်တန်းမယ် ကတိပေးထားတယ်။ အဲဒီပုဂ္ဂိုလ်ကို မလှူဒါန်းဘဲနဲ့ အခြားပုဂ္ဂိုလ် တစ်ပါးပါးကို လှူဒါန်းခြင်း၊ အခြားသံဃာတော်အား လှူဒါန်းခြင်း၊ အခြားစေတီတော်အား လှူဒါန်းခြင်း …၃ ခု။ ခွဲထွက်သွားတဲ့ အဓမ္မိကဒါန။ မလျော်ညီသောဒါန။ မတရားသောဒါန။