သမိုင်းကို ဖန်တီးသူဟာ ပြည်သူများဖြစ်တယ် ပြည်သူများသာဖြစ်တယ် – အောင်သာ(ပီသုံးလုံး)

ဗျူရိုကရက်အရင်းရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းဘဲ ဆိုလိုတာက ၂၀၀၈ ဖွဲ့ စည်းပုံဥပဒေခံကတုတ်နဲ့ ကာကွယ်ထားတဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရက်လက်ဝါးကြီး အုပ်အရင်းရှင်စနစ်ကို မဖျက်သိမ်းဘဲ ဗမာပြည်မှာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ် ဘယ်နည်းနဲ့မှ ဖွံ့ ဖြိုးထွန်းကားလာမှာ မဟုတ်ပါဘူး …

U Hla Shweမြန်မာနိုင်ငံရဲ့ အမျိုးသားလွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာ ပြန်လည်ရယူဖို့ ကြိုးပမ်းရတဲ့ ကြိုးပမ်းမှုဟာ (၁၉၀၆-၁၉၄၈) ၄၂ နှစ်ကြာပါတယ်။ ဒီကြိုးပမ်းမှု ဖြစ်စဉ်များအတွင်းမှာ မြန်မာ့ပထမနိုင်ငံရေး မျိုးဆက်တစ်ဆက်ကို ထူထောင်စုဖွဲ့နိုင်ခဲ့ ပါတယ်။ ဒီမျိုးဆက်ဟာ အစု ၂ စုကို ကိုယ်စားပြုခဲ့တယ်။ ပထမအစုကတော့ မျိုးချစ် လစ်ဘရယ်ဓနရှင် လူတန်းစားအစု ဖြစ်ပါတယ်။ ဒုတိယအစကတော့ မာ့က်စ်ဝါဒကို ယုံကြည်ကိုယ်စားပြုတဲ့အစု ဖြစ်ပါတယ်။ ဒီအစုဟာ ဖဆပလအဖွဲ့ချုပ်ရဲ့ လက်ဝဲဂိုဏ်းဖြစ်ပါ တယ်။ သခင်မြ၊ သခင်နု စတဲ့ မျိုးဆက်များကတော့ ဖဆပလအဖွဲ့ချုပ်ရဲ့ လက်ယာဂိုဏ်းကို ကိုယ်စားပြုခဲ့ပါတယ်။ ဒီဂိုဏ်းက ၁၉၄၆ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ နယ်ချဲ့အင်္ဂလိပ်အကြိုက် ဗကပကို ဖဆပလ အဖွဲ့ချုပ်က ထုတ်ပစ်ခဲ့တယ်။ ၂၈-၃-၄၈ မှာ ဖဆပလအစိုးရက ဗကပ အပေါ် ပြည်တွင်းစစ် ပြုခဲ့ပါ တယ်။ ၁၉-၇-၄၇ ခုနှစ်မှာ ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့ လုပ်ကြံ ခံရတယ်။ ဖဆပလအစိုးရဟာ ကွန်မြူနစ် ဆန့်ကျင် ရေးအစိုးရဖြစ်လာပါတယ်။ ၁၉၄၈-၄၉ ခုနှစ်အတွင်းမှာ သခင်နုကိုယ်စားပြု တဲ့ ဖဆပလ အစိုးရဟာ ကရင်၊ မွန်၊ ကယား မျိုးနွယ်စုများအပေါ် ဆက်ပြီး ပြည်တွင်းစစ် ပြုခဲ့တယ်။ ၁၉၅၉ မှာ မဟာဒေ၀ီ ခေါင်း ဆောင်တဲ့ရှမ်းပုန်ကန်မှုဖြစ်ခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာ ဗကပရဲ့ ပဲခူးရိုးမစစ်ဒေသ ပြိုကွဲ သွားပြီး ၁၉၇၆ မှာ ကြူကုတ်-ပန်ဆိုင်း စစ် ဒေသ ပေါ်ထွက်လာခဲ့တယ်။ ၁၉၇၈-၇၉ ခုနှစ်ကစပြီး အရှေ့မြောက်ဒေသမှာ သူပုန်မထတဲ့လူမျိုးစု မရှိသလောက်ဖြစ်နေပါပြီ။…

၁၉၈၉ ခုနှစ်၊ ဧပြီ ၁၄ ရက်နေ့မှာ “၀” “ကိုးကန့်”စတဲ့တိုင်းရင်း သားတပ်ဖွဲ့များ ဗကပထံက ခွဲထွက်ကြတဲ့အတွက် ဗကပ ကိုယ် စားပြုတဲ့ ပြည်သူ့ဒီမိုကရေစီတော် လှန်ရေး (PDR/AS) ပြိုကွဲသွားခဲ့တယ်။ နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်ရှိ ရှိနေတဲ့ အခြေအနေအတိုင်း (status quo) ရှိရှိသမျှ လူမျိုးစုတပ်ဖွဲ့များနဲ့ အပစ်ရပ်ခဲ့တယ်။ ဒါဟာ ဗကပရဲ့ A.S ပြန်နာလန် မထူနိုင် အောင် ကြံရွယ်တာဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် လူမျိုးစုံတိုင်းရင်းသားတပ်ဖွဲ့များနဲ့ အပစ်ရပ်ခဲ့တာ (၁၉၈၉-၂၀၁၆) ၂၇ နှစ်ရှိပါပြီ။ လူမျိုးစုတပ်ဖွဲ့ ၇ ဖွဲ့နဲ့အပစ်ရပ်ခဲ့ပေမယ့် လူမျိုးစုများရဲ့ အဓိကတောင်း ဆိုချက်ဖြစ်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်ဖွဲ့ရေး၊ အမျိုးသားတန်းတူရေးတောင်းဆိုချက်ကို ကြံ့ဖွံ့ပါတီနဲ့ တပ်က ဘာမှမပြောပဲ ရေငုံနှုတ် ပိတ်နေခဲ့ပါတယ်။ လူမျိုးစုံတော်လှန်ရေး တပ်ဖွဲ့များနဲ့ ဒီချုပ်အကြား အမျိုးသားတန်း တူရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပြဿနာနဲ့ ပတ်သက်ပြီးကြံ့ဖွံ့ပါတီ၊ တပ်ကဘာသံမှမထွက်ပါဘူး။ တပ်ကအော်နေတဲ့ ဒို့တာဝန်အရေး ၃ပါးနဲ့ ကတိကြီး ၆ ရပ် ဆိုတာဟာ ဖက်ဒရယ် ပြည်ထောင်စုမပေးဘူးလို့ ပြောနေတာသာ ဖြစ်ပါတယ်။ ဒီသဘောထားရှိနေတယ်ဆို တာကို လူမျိုး စုံတော်လှန်ရေးတပ်ဖွဲ့များကလည်းသိမှာပါ။ တကယ့်လက်တွေ့ပြဿနာက ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်မှာလား၊ မပြင် ဘူးလားဆို တာဟာ ဒီကနေ့ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံရဲ့ လက်တွေ့ပြဿနာပါပဲ။ ဒီချုပ်ဥက္ကဋ္ဌက ၂၁ ရာစုပင်လုံလုပ်မယ်လို့အော် ထားပါတယ်။ လူမျိုးစုံ ဒီမို ကရေစီအင်အားစုများက ဒီကြွေးကြော်သံ ကိုလိုလားထောက်ခံကြပါတယ်။ ၂၁ ရာစုပင်လုံဆိုတာဟာ တကယ်က တပ်နဲ့ဒီချုပ် အကြား လူမျိုးစုံတိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများနဲ့ ကြံ့ဖွံ့တပ်အကြား ဘယ်လိုပုံပန်းသဏ္ဌာန် မျိုးနဲ့ အာဏာခွဲဝေကြမှာလဲဆိုတဲ့ ပြဿနာဖြစ်ပါတယ်။ ပြဿနာရဲ့လက်တွေ့က (၁) စစ်တပ်ပါဝါယူနစ် တစ်ခု (၂) ဒီချုပ်နဲ့ သူ့ပါတီ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပါတီ ပါဝါယူနစ်တစ်စုံ (၃)လူမျိုးစုံပါတီနဲ့တပ်များက ပါဝါယူနစ် တစ်ခုဖြစ်နေပါတယ်။ ဒီပါဝါယူနစ်ကြီး ၃ခုဟာ မြန်မာ့လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးရဲ့ သာမှုနာမှုနဲ့ ငြိမ်းချမ်းမှုနဲ့ဖွံ့ဖြိုးတိုး တက်မှုပြဿနာများကို အကြောင်းပေါင်းစုံနဲ့ အဆုံးအဖြတ်ပြုမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ၆၈နှစ်ရှိပါပြီ။ ပြည်တွင်းစစ်ကလည်း ၆၈နှစ်ရှိပြီလို့ ဆိုရမှာပါပဲ။ တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ် နိုင်ငံ လူ့အဖွဲ့အစည်းတစ်ခုခုကို ပြန်တည်ဆောက်ဖို့ကြံရွယ်ရင် ဒီလူ့အဖွဲ့အစည်းရဲ့ (Mode of Production) ကုန် ထုတ်စနစ် ကိုဦးစွာခြေရာကောက်ရပါမယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့လူမှုစီးပွားလက္ခဏာဟာ ကိုလိုနီတစ်ပိုင်း ပဒေသရာဇ်တစ်ပိုင်း လူ့ အဖွဲ့အစည်းလို့ သဘောထားရမှာပါ။ တစ်ပိုင်းဆိုတာတစ်ဝက်လို့ ဆိုချင်တာပါ။ ဆိုလိုတာက မြန်မာ့လူ့အဖွဲ့အစည်းဟာ (The Feudal mode of Production) ပဒေသရာဇ်မြေယာ ကုန်ထုတ်စနစ်တစ်ပိုင်း အရင်းရှင်ကုန်ထုတ်စနစ်တစ်ပိုင်း ရှိနေသေးတဲ့ လူ့အဖွဲ့အစည်းပါ။ ပဒေသရာဇ်မြေယာ ကုန်ထုတ်စနစ်ကိုမဖျက်သိမ်းဘဲ အရင်းရှင် ကုန်ထုတ်စနစ်မဖွံ့ဖြိုးနိုင်ပါဘူး။ လယ်လုပ် သူကိုလယ်ပိုင်မပေးဘဲ မြေယာမှာ အရင်းရှင်ကုန်ထုတ်စနစ်မဖွံ့ဖြိုးနိုင်ဘူး။ ဗျူရိုက ရက်အရင်းရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းဘဲ၊ ဆိုလိုတာက ၂၀၀၈ ဖွဲ့စည်းပုံဥပဒေခံကတုတ်နဲ့ ကာကွယ်ထားတဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရက် လက်ဝါး ကြီးအုပ်အရင်းရှင်စနစ်ကို မဖျက်သိမ်းဘဲ ဗမာပြည်မှာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ် ဘယ်နည်းနဲ့ မှဖွံ့ဖြိုး ထွန်းကားလာမှာမဟုတ်ပါဘူး။ ဒီချုပ်ဥက္ကဋ္ဌ အကြောင်းကြောင်းများနဲ့ စုဖွဲ့တည်ဆောက်ထားတဲ့အစိုးရအဖွဲ့ဟာ မဟာဗျူဟာ နည်းဗျူဟာတူတဲ့ နိုင်ငံရေးပါတီများနဲ့စုဖွဲ့ထားတဲ့ The Democratic United Front အစိုးရအဖွဲ့လို့ သတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူး။ စိတ်တူကိုယ်တူ ပေါ်လစီတူတဲ့ တစ်ဦးချင်းပုဂ်္ဂိုလ်များကို စည်းရုံးစုဖွဲ့ထားတဲ့ အစိုးရအဖွဲ့လို့ သဘောထားမှတ်ယူတာဟာ ပိုပြီး ကျိုးကြောင်း ဆီလျော်မယ်ထင်ပါတယ်။ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်အမျိုးသား တစ်ယောက်ယောက်ကို အစိုးရအဖွဲ့တွင်း ထည့် သွင်းဖွဲ့စည်းရုံနဲ့တော့ တိုင်းရင်းသားများနဲ့ ဖွဲ့ထားတဲ့ဒီမိုကရေစီအစိုးရလို့ ပြောရမှာခက်ပါတယ်။ ပိုပြီးအရေးကြီးတာက ဘယ်သူ ဘယ်ဝါ ဒီချုပ်အစိုးရထဲ ပါမပါဆိုတာကိုကြည့်ပြီး ဘာအစိုးရညာအစိုးရလို့ သဘောထားတာမျိုးဟာလည်း အင်မတန် အပေါ်ယံ ကျတဲ့ကိစ္စမျိုးပါ။ မဆလကကချုပ်ကြီးက ဒီပုံစံမျိုးနဲ့ တစ်သက်လုံးလှည့်စား လိမ်ညာခဲ့တာပါ။ ဘာနာမည်ပဲတတ်တတ် စစ် အာဏာရှင်စနစ်က စစ်အာဏာရှင်စနစ်ပါပဲ။ ဘာပြောသလဲဆိုတာထက် ဘာလုပ်သလဲဆိုတာပေါ်မှာ ဂရုဓမ္မထားပြီးစစ်ဆေး ကြည့်ရပါမယ်။ လူဆိုတာထက်မူကိုအာရုံထားပြီး ကြည့်ရပါမယ်။

ကမ္ဘာပေါ်မှာ ရှိရှိသမျှ နိုင်ငံနဲ့အစိုးရများအားလုံး ပါတီများအားလုံးဟာ သူတို့ဘယ်လိုလူတန်းစားများကို တကယ်ကိုယ် စားပြု ထားသလဲဆိုတာကို ခေတ်သစ်နိုင်ငံရေးစနစ်စတင်ဖြစ်ထွန်းလာတဲ့ ၁၈၄၈ ခုနှစ်ကစပြီး မျက်မှောက်ခေတ်အထိ မပြောကြပါဘူး။ ကမ္ဘာပေါ်ရှိတဲ့ US,EU နဲ့ JPN ဂျပန်စတဲ့ ကမ္ဘာလုံးဆိုင်ရာ TNC အစိုးရ များ၊ ပါတီကြီးများက သူတို့ဟာ TNC ကြီးများ၊ ကမ္ဘာလုံး ဆိုင်ရာအရင်းရှင်ကြီးများဖြစ်ကြပါတယ်။ ဒီလူမှုအစုကြီးများဟာ ကမ္ဘာ့ဘဏ် (IMF)၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ ကုန်သွယ်မှုအဖွဲ့ (WTO) ဂျီ၇-၈-၂၀၊ ကမ္ဘာ့ TNC သမဂ္ဂများ၊ UN ရဲ့ အမြဲတမ်းလုံခြုံရေးကောင်စီဝင်များ၊ UN တွင်းရေးမှူးချုပ် စတာတွေဟာ US,EU တို့ရဲ့ ဂလိုဘယ်ကိုယ်စားလှယ်များသာဖြစ်ပါတယ်။ UN ဆိုတာဟာ ကမ္ဘာ့ TNC ကြီးများရဲ့ရေနွေး ကြမ်း ၀ိုင်း (Tea-Party) ဖြစ်နေခဲ့တာကြာပါပြီ။ ဒီကနေ့ခေတ်မှာ နိုင်ငံတစ်နိုင်ငံရဲ့အမျိုးသားအချုပ် အခြာအာဏာဆိုတာဟာ ရှေ့မှာ ဖော်ပြခဲ့ တဲ့ဂလိုဘယ်ပါဝါကြီးများကချပေးတဲ့ ကုန်သွယ်မှုခွဲတမ်းဖြစ်နေပါပြီ။ ဒီကနေ့ခေတ်ရဲ့လားရာက ကမ္ဘာပေါ်မှာ ဂလိုဘယ် အရင်းရှင်စနစ် ကွက်လပ်မကျန်ဖြစ်ထွန်းတိုးတက်ရေးဖြစ်ပါတယ်။ ဒီရည်မှန်းချက်အတွက် (၁)အရင်းတင်ပို့မှု အကြီးအကျယ် လုပ်ရမယ်။ (၂)ဈေးကွက်တိုးချဲ့မှု အကြီးအကျယ်လုပ်ရမယ်။ (၃)ဒီမိုကရေစီမပြတ်မလပ်တင် ပို့ရမယ်။ အာဏာရှင်စနစ် အမျိုး မျိုးကိုဖယ် ရှားရမယ်။ ဆက်ဒမ်ဟူစိန်၊ မူဘာရက်၊ ကဒါဖီ၊ ပူတင်၊ ရှီကျင့်ဖျင် တို့လိုပါဝါကြီးများကို ပုံပြောင်းပေးရပါမယ်။ US,EU နဲ့ NATO တို့ဟာ အာဏာရှင်စနစ်ဖြိုချရေးကို မဟာဗျူဟာတာဝန်အဖြစ် သဘောထားခဲ့တာကြာပါပြီ။ လူကိုယ်စားလှယ်ရွေးရ မယ်။ ဒီချုပ်နဲ့ဒီချုပ်ဥက္ကဋ္ဌဟာ ဗမာပြည်မှာစစ်အာဏာရှင်စနစ် တကယ်ချုပ်ငြိမ်းရေးအတွက် တိုက်ခိုက်ရေးမြားဦး ဖြစ်ရပါမယ်။

မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးစုဒီမိုကရေစီအင်အားစုများအရေးဟာ ဒီချုပ်နဲ့သူ့ဥက္ကဋ္ဌက စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်အပေါ် မည်သို့မည်ပုံ ဒီမိုကရေစီလမ်းကြောင်းပေါ်အရောက် တင်ပို့ပေးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒီချုပ် ဥက္ကဋ္ဌကဘာလုပ်မလဲ။

မြန်မာ့ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာ နိုင်ငံရေးကိုယ်စားလှယ် ၃စုတေ့ဆိုင် (Engage) နေရပါတယ်။ ပထမအစုကတော့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကြံ့ဖွံ့စစ်အုပ်စုနဲ့ ကြံ့ဖွံ့ပါတီပါ။ ဒီနိုင်ငံရေးအစုကို လူထုကြီးက လုံးဝလက်ခံမှာ မဟုတ်ကြောင်း ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးအတွင်းမှာ လူထုကအသက်ပေးပြီး ဖော်ပြခဲ့ပြီးပါပြီ။ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲကြီး အတွင်းမှာလည်း လူထုကစစ်အာဏာရှင်စနစ်ကို မလိုလားမနှစ်မြို့ကြောင်း အသည်းကြားက မဲတစ်ပြားနဲ့ ရှင်းရှင်းဖော်ပြခဲ့ကြပြီး ပါပြီ။ ကြံ့ဖွံ့စစ်အုပ်စုကို လူထုကြီးက (လုံးဝမလိုလားကြောင်း) ၂၀၁၅ ရွေးကောက်ပွဲကြီးအတွင်းမှာ အပြတ်သားအရှင်းလင်းဆုံး ဖော်ပြခဲ့ပြီးပါပြီ။

မြန်မာ့နိုင်ငံရေးကွင်းထဲမှာ ဖြစ်တည်နေမှုအရ အာဏာဟောင်းရဲ့ကိုယ်စားလှယ် ဖြစ်တဲ့ကြံ့ဖွံ့စစ်တပ်နဲ့ကြံ့ဖွံ့ပါတီရှိပါတယ်။ ဒီ အစုဟာ စစ်တပ်ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံရှိပါတယ်။ အာဏာနဲ့ကြံဖန်ထားတဲ့ ဥစ္စာစည်းစိမ်များရှိပါတယ်။ ဖိနှိပ်မှု၊ ရမ်းကားမှု၊ လိမ်လည်လှည့်ဖြားမှုများ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရှိပါတယ်။ ကြံ့ဖွံ့နဲ့ဒီချုပ်ဟာ သူပြုတ်ကိုယ်ပြုတ်စာရင်းရှင်းကြမယ့် အင်အားစုများမဟုတ်ပါ။ ဝေစားကြမှာပါ။

အင်္ဂလိပ်နယ်ချဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်ဖို့ကြိုးပမ်းကြတဲ့ နှစ်ပေါင်း ၄၂ နှစ်အတွင်းမှာ မြန်မာ့လူ့အဖွဲ့အစည်းဟာ ခေါင်းဆောင်မှုတာဝန် တာဝန်ထမ်းဆောင်နိုင်စွမ်းရှိတဲ့ခေါင်းဆောင်မှုမျိုးဆက် တစ်ဆက်ကိုရရှိခဲ့ကြတယ်။ ဒီမျိုးဆက်ထဲမှာ တချို့က မာ့က်စ်ဝါဒယုံကြည်သူများဖြစ်လာကြပြီး တချို့က အမျိုးသားရေးဝါဒီမျိုး ချစ်များဖြစ်လာကြပါတယ်။ အင်္ဂလိပ်နယ် ချဲ့များက ဒိုင်အာခီအုပ်ချုပ်ရေး (၁၉၂၃)၊ (၉၁)ဌာနအုပ်ချုပ်ရေး(၁၉၃၅)၊ စစ်ပြီးခေတ် လွတ်လပ်ရေးတိုက်ပွဲအတွင်း ဘုရင်ခံ အတိုင် ပင်ခံကောင်စီခေတ်အုပ်ချုပ်ရေးစနစ်ထဲဝင်ပြီး ရာထူးဝင်ယူသွားကြတဲ့ ဗြိတိသျှအလိုတော်ရိကွန်ပရာဒိုဘူဇွာများလည်း ပေါ် ထွက်ခဲ့ကြောင်း တွေ့ရပါတယ်။ ဒိုင်အာခီခေတ်မှာ ၂၁ ဦးဂိုဏ်းသားများ သခင်လှုပ်ရှားမှုကြီးအတွင်း (၁၉၃၀-၁၉၄၀ ပြည့်နှစ် များ)မှာ သခင်ထွန်းအုပ်၊ သခင်ဗစိန်ဂိုဏ်းပေါ်ထွက်လာခဲ့တယ်။ စစ်ပြီးစ ဘုရင်ခံအတိုင်ပင်ခံကောင်စီအတွင်း ၀င်ပြီးရာထူးယူ သူများပေါ်ထွက်လာခဲ့တယ်။ ဒီအချက်များကြောင့် ၁၉၄၆ အောက်တိုဘာလ အတွင်းမှာမျိုးချစ်များက ဗကပကို ဖဆပလက ထုတ်ပစ်ခဲ့တယ်။ ၂၈-၃-၄၈ မှာ ဗကပကို ဖဆပလက ထုတ်ပစ်ခဲ့တဲ့အ တွက် ၁၉၄၈၊မတ်လ ၂၈ မှာ ပြည်တွင်းစစ် စတင်ဖြစ်ပွား ခဲ့ပါတယ်။ စစ်ပြီးခေတ်လွတ် လပ်ရေးတိုက်ပွဲအတွင်း အင်္ဂလိပ်နယ်ချဲ့ သမားများနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အပေးအယူများ ညှိနှိုင်းရာမှာ မျိုးချစ်နိုင်ငံရေးအင်အားစုများအတွင်း အမြင်မတူတာကြောင့် မျိုးချစ်ဂိုဏ်းက ဗကပကိုယ်စားလှယ်များကို ဖဆပလ အဖွဲ့ချုပ်မှထုတ်ပယ် ခဲ့ပြီး ၂၈-၃-၄၈ မှာ ဗကပ မြို့နယ်ခရိုင်၊ တိုင်းနဲ့ဗဟိုဌာနချုပ်အားလုံးကို ၂၈-၃-၄၈ မှာ အကြမ်းဖက်စီးနင်း ချေမှုန်းဖို့ လုပ်လာတာကြောင့် ၁၉၄၈ မတ်လ ၂၈ ရက်နေ့ကစပြီး ပြည်တွင်းစစ်စတင်ခဲ့တာ ဒီက နေ့အထိ တောက်လောင်ဆဲဖြစ် ပါတယ်။ ပြည်တွင်းစစ်ပွဲဖြစ်ရတာမှာ တာဝန်ရှိသူ များဟာ (၁)၀န်ကြီးချုပ်သခင်နု၊ (၂)ကာ ကွယ်ရေးဝန်ကြီးဦးဗဆွေ၊ (၃)ပြည်ထဲ ရေး ၀န်ကြီးဦးကျော်ငြိမ်း၊ (၄)ကကချုပ် ဗိုလ်နေ၀င်းတို့ဖြစ်ပါတယ်။ သူဟာ သူလျှိုလွှတ်ပြီး သခင်သန်းထွန်းကို လုပ်ကြံခိုင်းခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ မြေပြင်တပ်မှူးကြီးတစ်ဦးက သခင်ဇင်နဲ့ သခင်ချစ်ကို ၀ိုင်းမိထားပါပြီ။ အရှင် ဖမ်းရမှာလား၊ အသေဖမ်းရမှာလား အမိန့်တောင်းခံတဲ့အခါ ကကချုပ်က အသေပဲယူခဲ့လို့အမိန့်ပေးခဲ့ပါသတဲ့။ သတင်းဟာ စစ် အုပ်စုအသိုင်းအ၀ိုင်းကထွက်တဲ့သတင်းပါပဲ။ ဗကပ ပဲခူးရိုးမဌာနချုပ်ဟာ (၅၅) လမ်းစဉ်၊ လက်နက်ချ တပ်ဖျက်၊ ဥပဒေ၀င်ဆို တဲ့ (၅၅)လမ်းစဉ်ခေတ်မှာ စစ်အစိုးရ ဖဆပလအစိုးရဟာ အောင်မာဃစစ်ဆင်ရေးကြီးအတွင်းမှာ ဗကပဌာနချုပ်ကို ချေ မှုန်းခွင့် မရခဲ့ပါဘူး။ ထိုးစစ်ကို ထိုးစစ်နဲ့ချေမှုန်းကြဆိုတဲ့ ၆၇ ခုနှစ် လမ်းစဉ်ခေတ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ချေ မှုန်းခံခဲ့ရတာပါ။ ၁၉၅၅ နဲ့ ၁၉၆၄ ခုနှစ် ကာလမှာ ဗကပ ဗဟိုဌာနချုပ်ရန်သူ့ချေမှုန်း မှုမခံရပါဘူး။ ဆိုရှယ်နီ၊ မလညပ၊ ပမညပ စတဲ့ ဥပဒေတွင်း မာ့က်စ်ဝါဒီများဟာ ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အတွင်း ဥပဒေတွင်းမာ့က်စ် ၀ါဒဆိုတာကိုကြွေးကြော်ရင်း ခြေရာလည်း ပျောက်ရေ လည်းနောက်ဆိုတာမျိုး ၁၉၉၀ ပြည့်နှစ်အာဏာဖီဆန်ရေးလှုပ်ရှားမှုအတွင်း မှာ ခြေစလက်စ ပျောက်သွားခဲ့ပါတယ်။ အလံနီပါတီ ကလည်း ၁၉၇၁ ခုနှစ်မှာ ဆရာ ကြီး သခင်စိုးလက်နက်ချ၊ ရုံးတင်၊ သေဒဏ် ချ၊ ၂-၈၀ လွတ်ငြိမ်းခွင့်နဲ့ အသက်ရှင် ခွင့်ပေးခဲ့ပါ တယ်။ ဆရာကြီး နေလို့စားလို့ရ အောင် အစိုးရက စီမံပေးခဲ့တယ်ဆိုပါတယ်။ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ဆိုရှယ်နီ၊ ပမည တ၊ မလညတစတဲ့ ဗမာပြည်က မာ့က်စ်ဝါဒ ယုံကြည်သူများရဲ့ ဇာတ်လမ်း ဇာတ်ထုပ်များကိုလေ့လာကြည့်ရင် ဘာများတွေ့နိုင် မလဲ။ ဗိုလ်အောင်ဒင် ရုပ်ရှင်ကားထဲမှာဗိုလ်အောင်ဒင်ပြောသလို တစ်ခုခုတော့မှားနေပုံပါပဲ။ ဘာများမှားနေပါသလဲ။ ဒီအပိုင်းက မာ့က်စ်ဝါဒနဲ့ ဗမာပြည် အကြောင်းပေါ့။ နောက်တစ်ပိုင်းကတော့ လစ်ဘရယ်ဝါဒနဲ့ ဗမာပြည်ပေါ့၊ မြန်မာ့သမိုင်းမှာ လစ်ဘရယ် ဒီမိုကရေစီအစ ၀ိုင်အမ်ဘီအေနဲ့ ဂျီစီဘီအေကလို့ ကမ္ပည်းထိုးရမှာပါ။

အင်္ဂလိပ်နယ်ချဲ့စနစ်၊ ကိုလိုနီစနစ်ကို မြန်မာတို့ စတွေ့ရတာကတော့ အင်္ဂလိပ် -မြန်မာ ပထမစစ်ပွဲပါပဲ။ တကယ်ကတော့ မြန်မာ့ ပဒေသရာဇ်စစ်တပ်ဟာ မတတ်သာလို့ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့စစ်ပွဲကိုအကြောင်းကြောင်းကြောင့် ရင်ဆိုင်ရတာဖြစ်ပေမယ့် ဒီ စစ်ပွဲဟာ (Assymmetric War) အချိုး မညီတဲ့စစ်ပွဲဖြစ်တယ်ဆိုတာ သိရှိလိုက်ရပေမယ့် ခုခံဟန့်တားမှဖြစ်မယ်ဆိုတာကို မြန်မာ တပ်ချုပ်ကြီး မင်းကြီးမဟာဗန္ဓုလက ကောင်းကောင်းကြီးသိပုံရတယ်လို့ နယ်ချဲ့တပ်မှူးကြီးများရဲ့ နေ့စဉ်မှတ်တမ်းတချို့မှာ တွေ့ ရပါတယ်လို့ သမိုင်းဆရာများကမှတ်တမ်းတင်ခဲ့ကြပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ(၁၈၂၄)နဲ့ ဒုတိယစစ်ပွဲ (၁၈၅၂) တို့ကို ရှုံးနိမ့်ပြီးတဲ့နောက် မြန်မာ့အချုပ် အခြာအာဏာပြိုကွဲမှုတံခါးခေါက်သံကို မင်းတုန်းမင်းကြီးနဲ့ မြန်မာတပ်မှူးစစ်ကဲ ကြီးများဟာ ကျယ်ကျယ်ကြီးကြားနေရမှာ သေချာပါတယ်။ ခေတ်နောက်ကျတဲ့ ကုန်ထုတ်စနစ်မှန်သမျှဟာ ခေတ်မီတဲ့ကုန်ထုတ် စနစ်များကို နာခံရမြဲပါ။ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ဟာ ဈေး ကွက်စီးပွားရေးစနစ်နဲ့ ပါတီစုံနိုင်ငံရေးစနစ်ကို မလွှဲ မရှောင် သာနာခံရစမြဲပါ။ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ရက်မှာ ဒီချုပ်ဟာ ပါတီ စုံဒီမိုကရေစီစနစ်နဲ့အညီ နိုင်ငံတော်အာဏာကို လွှဲပြောင်းရ ယူခဲ့ ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ပါတီစုံစနစ်ဈေးကွက် စီးပွားရေးစနစ်တို့နဲ့ တဖြည်းဖြည်း ပုံသွင်းယူမှာဖြစ်ပါတယ်။ ဒီဖြစ် စဉ်ဟာ နည်းနည်းကြာပါဦးမယ်။ ပါတီစုံနိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်တို့နဲ့ ပုံသဏ္ဌာန်ပြောင်းယူရာမှာ အချိန်ကြာပါဦးမယ်။ အနည်းဆုံး ပါတီစုံနိုင်ငံရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ် ၅ နှစ်အနည်းဆုံး သို့မဟုတ် ၁၀ နှစ်လွှတ်တော်သက်တမ်းတချို့ ကျော်ဖြတ်ရဦးမှာပါ။ ပါတီစုံစနစ် ၅ နှစ်သို့မဟုတ် ၁၀ နှစ်စာနိုင်ငံရေး၊ စီးပွားရေးစနစ်ကို ကံကောင်းရင် ၁၀ စုနှစ်တစ်ပတ်စာ ဖြတ်ကျော်ရမှာ သေချာပါတယ်။ (၁) ကြံ့ဖွံ့ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲအရေးနိမ့်မှုကို ငုတ်တုတ်ထိုင်စိတ်ပျက်ပြီး နောက် တစ်ကြိမ်အရှုံးခံမှာလား၊ မသေချာပါဘူး။ လူမျိုးနွယ်စု ဒီမိုကရေစီအင်အားစုများကလည်း ဒုတိယ အကြိမ်အရှုံးထပ်ခံဦးမှာလား၊ မသေချာလှပါဘူး။ ၆၈ နှစ်ကြာပြီဖြစ်တဲ့ လွတ်လပ်ရေး ခေတ်မြန်မာ့သမိုင်းရဲ့ထူးခြားချက်က ဘာပါလဲ။ လွတ်လပ်ရေးကြီးရယူဖို့ ၁၉၄၄ ခုနှစ်၊ စက်တင်ဘာ ၄၊ ၆ ရက်အတွင်း စုရုံးထူထောင်ဖွဲ့စည်းခဲ့ကြတဲ့ အမျိုးသား တပ်ပေါင်းစုကြီးဖြစ်တဲ့ ဖဆပလအဖွဲ့ချုပ် ကြီးကို ၁၁-၁၀-၄၆ ခုနှစ်မှာ အဲဒီစဉ်က ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌတစ်ဦးတည်းရဲ့ဆုံးဖြတ်ချက်နဲ့ ဗကပကို ဖဆပလအဖွဲ့ချုပ် ကနေ ထုတ်ပယ်ခဲ့တယ်။ ဒါဟာ လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ်များ အလွန်အရေးကြီး နေချိန်ဖြစ်ပါတယ်။

ဗမာ့လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်နယ်ချဲ့သမားရဲ့ပေါ်လစီက (၁) ကိုလိုနီ မြန်မာနိုင်ငံအတွင်း ၁၈၂၄ ခုနှစ်မှစပြီး ဒီ ကနေ့အထိ မြန်မာကိုလိုနယ်အတွင်း နှစ်ပေါင်း ၁၂၄ တိုင်တိုင်ရင်းနှီးမြှုပ်နှံခဲ့တဲ့ ဗြိတိသျှအကျိုးစီးပွားများကို ကာကွယ်သွားရန် (၂) ဒီလိုဆောင်ရွက်ရာမှာ ဗြိတိသျှ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် မြန်မာ မျိုးချစ်အင်အားစုတစ်ရပ်ကို ရှာဖွေရန်၊ ဖဆပလ အဖွဲ့ချုပ်ကိုဂိုဏ်းခွဲရန် ရည်မှန်းထားတာပါ။ (၃) လွတ်လပ်ပြီးဗမာပြည်ကို ဗြိတိသျှဓနသဟာယအဖွဲ့ချုပ်အတွင်းမှာရှိစေရန် (The British Common Wealth) ၊ ဒီကနေ့ခေတ်ွ ၇-၈-၂၀ လို လက်ဝါးကြီးအုပ်အဖွဲ့ကြီးပါ။ အင်္ဂလိပ် က ဒီမဟာဗျူဟာနဲ့ ဗမာ့လွတ် လပ်ရေးပေးခဲ့တာပါ။ ၁၉၅၁ မှာ ဖဆပလအစိုးရဟာ ရန်ကုန်အစိုးရဖြစ်နေပါပြီ။ ဒါပေမဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ KNU စတဲ့ တော်လှန်တပ်ဖွဲ့များဟာ စည်းစည်းလုံးလုံးနဲ့ ရန်ကုန်ကိုသိမ်းယူဖို့ မကြိုးစားကြပါဘူး။ KNU ဆိုရင် ခ၀ဲခြံရောက်နေပါပြီ။ ပြည် သူ့ရဲဘော်တပ်ဖွဲ့ကလည်း ပုဇွန်တောင်တစ်ဖက်ကမ်းရောက်နေပါပြီ။ ရန်ကုန် ဖဆပလအစိုးရကို အင်္ဂလိပ် ဓနသဟာယ နဲ့ အိန်္ဒိယနေရူး အစိုးရတို့က ဖဆပလအစိုးရကို သူပုန်လက် ရန်ကုန်မကျစေရန် ၁၀နှစ်စာ လက်နက်၊ ခဲ၊ ယမ်း၊ မီး၊ ကျောက်များ ပေးခဲ့တယ်လို့ တချို့မှတ်တမ်းများမှာတွေ့ရပါတယ်။ လက်နက်၊ ခဲ၊ ယမ်းများကို မေယုစစ်သင်္ဘောကြီးနဲ့သယ် ယူရပါတယ်တဲ့။ လူထုကြားထဲမှာ မေယု သင်္ဘောကြီးနဲ့စွယ်တော်ပင့်တယ်လို့ သတင်း ဖြန့်ထားပါသတဲ့။ မြန်မာဖဆပလအစိုးရ ဟာ အောင်ဆန်း -အက်တလီ၊ နု-အက် တလီစာချုပ်များ၊ လက်ျာ-ဖရီမင်း၊ မြ-ခရန်ဘီ၊ ကန်္ဒီစာချုပ်၊ ၄၇ ပင်လုံစာချုပ်စတဲ့ စာချုပ်ကြီးများချုပ်ဆိုပြီး ၄-၁-၄၈ မှာ အချုပ်အခြာအာဏာပိုင် အမျိုးသားသမ္မတ နိုင်ငံဘ၀ပြန်လည်ရရှိခဲ့ပါတယ်။ ဒီလိုရဖို့ ၀ံသာနုအရေးတော်ပုံ၊ ဆရာစံ လယ်သမား သူပုန်ကြီး၊ သခင်လှုပ်ရှားမှုနဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ဂျပန်တော်လှန်ရေး၊ စစ်ပြီး ခေတ်လွတ်လပ်ရေးတိုက်ပွဲ စတဲ့ လူထုတိုက်ပွဲကြီးများ ၄၂ နှစ်ကြာဆင်နွှဲပြီးမှ အမျိုးသားအချုပ်အခြာအာဏာ ပြန်ရခဲ့တာပါ။

ဗကပကိုအပြီးအပိုင် ချေမှုန်းဖို့ကြံရွယ်ပြီး ၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဖဆပလ အစိုးရက ကြံစည်ခဲ့တဲ့ ဗကပ ချေမှုန်းရေး ထိုးစစ်ဟာ မှန်းချက်နဲ့နှမ်းထွက် မကိုက်ဖြစ်ပြီး ရှမ်း၊ ချင်း၊ ကချင် ၊ ကရင်၊ မွန် စတဲ့ တိုင်းရင်းသားမျိုးနွယ်စုများက ဆင်နွှဲကြတဲ့ A.S ဟာ တားမရတဲ့ ဒီရေ ဖြစ်နေခဲ့တာ ဒီကနေ့အထိပါပဲ။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ အာဏာရူးတဲ့ ကကချုပ် ဗိုလ်ချုပ် ကြီးနေ၀င်းက စစ်အာဏာသိမ်းလိုက်တဲ့အတွက် ပြည်တွင်းစစ်နဲ့ စစ်အာဏာရှင်စနစ်ဟာ မြန်မာ့လူ့အဖွဲ့အ စည်းကို နိုင်ငံရော၊ လူထုပါ အဆင်းရဲဆုံး နိုင်ငံနဲ့လူမျိုးဘ၀ ကျရောက်သထက်ကျရောက်စေခဲ့တာ ဒီကနေ့အထိဖြစ်ပါတယ်။

၂၆-၈-၈၈ ခုနှစ် ရောက်တဲ့အခါ အကြောင်းပေါင်းစုံနဲ့ ဒေါ်စုမြန်မာ့နိုင်ငံရေး လှုပ်ရှားမှုအတွင်း ပါဝင်ရောက်ရှိလာတဲ့ အခါ စစ် အုပ်စုရဲ့ ဥဿုံ၊ ဘက်စုံအကြမ်း ဖက်ဖိနှိပ်မှုခံနေရတဲ့ လစ်ဘရယ်ဓနရှင်လူ တန်းစားလူမှုအစုနဲ့ ဓနရှင်ပေါက်စပညာ တတ်လူမှု အစုဟာ ဒီချုပ်ဥက္ကဋ္ဌနဲ့ ပူးပေါင်းလာကြတယ်။ လုပ်စားရင်းမိုးခေါင်တဲ့ဒဏ်ကိုပိုမိုခံစားနေကြရတဲ့ တောနဲ့မြို့နေ လူလတ်တန်းစား များနဲ့ ဆင်းရဲသားလူထုများဟာ ဒီချုပ်ကို ၀ိုင်းရံပေးလာခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲရလဒ်ဟာ ဒီအခြေ အနေများရဲ့ အဆက်နဲ့အကျိုး ဆက်သာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက် ပွဲရလဒ်ဟာ ဖြစ်ထွန်းစလစ်ဘရယ်ဓနရှင်များနဲ့ ဓနရှင်ပေါက်စ ပညာတတ်အောက်လွှာ၊ အလတ်လွှာနဲ့ အထက်လွှာများဟာ စစ်အစိုးရရဲ့ဖိနှိပ်မှုအောက်က ရုန်းထွက် လာပြီး ဒီချုပ်နဲ့ဒီချုပ်ဥက္ကဋ္ဌရဲ့ ခေါင်းဆောင်မှုရှိရာဘက်ကို ရွှေ့ရွေ့လာခဲ့ကြတယ်။ ဒီ ဖြစ်စဉ်များဟာ ၂၀၁၅ ရွေးကောက်ပွဲရလဒ် နဲ့ ဒီကနေ့ခေတ်လူမှုအစုများရဲ့ နေရာယူမှု အသစ်ဖြစ်ပါတယ်။ ဒီလူမှုအင်အားစုအရွှေ့ အရွေ့များဟာ စစ်ဗျူရိုကရက်လူမှုအစုအစု ရဲ့အရွှေ့အရွေ့များကိုပါ ထင်ဟပ်ပါတယ်။ ကြံ့ဖွံ့ပါတီတွင်းအရွှေ့အရွေ့များမှာလည်း ထင်ဟပ်နေကြောင်းသတိပြုကြည့်ရင် တွေ့ နိုင်ပါတယ်။ ပါဝါအာဏာအရွှေ့ဟာ လူအရွှေ့အရွေ့များကိုလည်းဖော်ပြမှာပါ။ လူ့အရွှေ့အရွေ့များနောက်မှာ အာဏာ အရွှေ့ အရွေ့များပါလာမှာပါ။ ပြဿနာအမျိုးမျိုး ဟာ ကိုယ်နားလည်တဲ့အတိုင်း ဖြစ်လာမှာပါလို့ တွေးရင်၊ မျှော်လင့်ရင် ဒီလို Line of Thinking မျိုးဟာ အရာရောက်တတ်ပါတယ်။ ကိုယ်ခံအားကောင်းဖို့လိုပါတယ်။ ရှေ့မှာအများကြီးရှုပ်ဦးမှာပါ။ ဒီချုပ်နဲ့ သူ့ ဥက္ကဋ္ဌရဲ့နိုင်ငံရေးက ဧပြီလ ၁ ရက်နေ့ကမှ စတာပါ။ တကယ့်အရေးကြီးတာက မအ, ဖို့ပါပဲ။ အင်္ဂလန်လစ်ဘရယ်ဒီမိုက ရေစီက ၃၂၈နှစ်ရှိပြီ။ ပြင်သစ်က ၂၂၇ နှစ်ရှိပြီ။ အမေရိကန်က ၂၄၀ နှစ်ရှိပါပြီ။ မြန်မာက ဧပြီ ၁ ရက်ကစတော့ ရက် ၅၀ ရှိပါပြီ။

ဖဆပလ အဖွဲ့ချုပ်အာဏာရပြီး ၈၁ ရက်အကြာ (၂၈-၃-၄၈)မှာ ဖဆပလအဖွဲ့ ချုပ်က ဗကပကို ဖြိုခွဲဖို့ကြံရွယ်လာတာ ကြောင့် ၄၈ ပြည်တွင်းစစ်ဖြစ်ခဲ့ရပါတယ်။ ၁၉၅၈ အာဏာရဖဆပလအဖွဲ့ချုပ် တည်မြဲ-သန့်ရှင်းဂိုဏ်းကွဲတော့ အကြောင်း ကြောင်းများနဲ့ စစ်တပ်ကို ၁ နှစ်အာဏာလွှဲခဲ့ရတယ်။

၂-၃-၆၂ ကျတော့ ရှမ်းပုန်ကန်မှုကို အကြောင်းပြုပြီး စစ်တပ်က အာဏာသိမ်းခဲ့တယ်။ ဒီအာဏာသိမ်းမှုဟာ ရှစ်လေးလုံး အရေး တော်ပုံအထိ ရှည်ကြာခဲ့တယ်။ ၈၈ လူထုအုံကြွမှုကြီး ကြီးမားလှတာကြောင့် မဆလ တပ်ချုပ်က န၀တ၊ န၀တ တပ်ချုပ်က နအဖ တပ်ချုပ်ထံ အာဏာလွှဲ၊ နအဖ တပ်ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲ ပြီး ကြံ့ဖွံ့တပ်ချုပ်ထံ အာဏာလွှဲခဲ့တယ်။ ကြံ့ဖွံ့တပ်ချုပ်က ကြံ့ဖွံ့စစ်အုပ်စုတစ်ခုလုံးရဲ့ဆုံးဖြတ်ချက်နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ ဒီချုပ်အနိုင်ရခဲ့တယ်။ ၅၃ နှစ်ကြာ စစ် အာ ဏာရှင်စနစ်ရှုံးနိမ့်သွားခဲ့တယ်။ ၁၉၆၂ မှ ၂၀၁၅ ခုနှစ်အထိ နှစ် ၅၀ကျော်ကြာမှ ဒီမိုကရေစီအစိုးရကို ပြန် လည်ရရှိခဲ့တယ်။ လူထု ကြီးရဲ့အသက်ပေါင်း ရာထောင်ချီပေးဆပ်ခဲ့ရတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း ဒေါ်စု ပါဝင်လာတဲ့အခါ ကြံ့ဖွံ့ စစ်အုပ်စုဟာ ဘယ်သူ့မျက်နှာကိုမှ မထောက်ထားတော့ဘဲ ဒေါ်စုကို မဟာဗျူဟာရန်သူအဖြစ်ဆိုး ဆိုးယုတ်ယုတ် ရှုတ်ချတိုက် ခိုက်ခဲ့တယ်။ ၂၀၀၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်မှာ အသက်အန္တရာယ်ပြုသည်အထိ ရမ်းရမ်းကားကား ကြံစည်ခဲ့တယ်။ အကြောင်း ပေါင်းစုံကြောင့် ဒီချုပ်ဥက္ကဋ္ဌ ဗမာပီပီပြောရရင် ကံကြီးလွန်းလို့ ဥပစ္ဆေဒကကံနဲ့ မသေပျောက်ခဲ့ရတာ ဖြစ်တယ်။ အကြောင်း ကြောင်းများနဲ့ ဒီချုပ် ဥက္ကဋ္ဌဒီပဲယင်းမှာ အသက်မပေးခဲ့ရတာဟာ ပတ်သက်သူအားလုံးအတွက်အရ တော်လေစွလို့ မှတ်ချက် ပေးကြပါတယ်။ လူထုကြီးအတွက်၊ ဒီချုပ်ဥက္ကဋ္ဌအတွက်၊ ကြံ့ဖွံ့စစ်အုပ်စုအတွက် ကံကောင်းလှတယ်လို့ မှတ်ချက်ပေးရပါတော့ မယ်။ အကယ်၍များ ဒီချုပ်ဥက္ကဋ္ဌ ဒီပဲယင်းမှာ အကြောင်းကြောင်းနဲ့ အသက်အန္တရာယ်များဖြစ်ခဲ့ ကြုံတွေ့ခဲ့ရရင် လွတ်လပ်ရေး တစ်ခေတ်လုံးစစ်ပွဲနဲ့ အာဏာရှင်စနစ်ရဲ့ သွေးစုပ်ဖိနှိပ်မှုကို လွတ်လပ်ရေးတစ်ခေတ်လုံး ခါးစည်းခံခဲ့ရတဲ့လူထုကြီးက ဘယ်လို များတုံ့ပြန်မလဲဆိုတာကို မစဉ်းစားရဲကြပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ဟာ ဒီပဲယင်းရမ်းကားမှုကြီးအတွက် တုံ့ပြန်ခဲ့တဲ့ လူထုကြီးရဲ့ တကယ့်တုံ့ပြန်မှုပါပဲလို့ မှတ်ချက်ပေးရမှာ ဖြစ်ပါတယ်။

၂၀-၅-၁၆

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s