ထိုင်း၌ သေဒဏ်ကျခံနေရသော မြန်မာနှစ်ဦးအတွက် လျှော့ပေါ့စဉ်းစားရန် မြန်မာစုံစမ်းရေးအဖွဲ့မျှော်လင့်

ရန်ကုန်၊ မေ ၂၅

ထိုင်းနိုင်ငံတောင်ပိုင်းလိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍သေဒဏ်ချမှတ်ခံရသည့် မြန်မာလူငယ် ၂ ဦးအတွက် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ရှေ့နေများအဖွဲ့က ထိုင်းနိုင်ငံတရားရုံးသို့အယူခံလွှာတင်ပြခဲ့ရာ တရားရုံးကလက် ခံခဲ့ပြီး ယင်းအမှုနှင့်ပတ်သက်၍ မြန်မာလူငယ် ၂ဦးအား ခရိုင်အဆင့် ဗဟိုတရားရုံးမှ လျှော့ပေါ့ စဉ်းစားပေးလိမ့်မည်ဟု မျှော်လင့်မိကြောင်း မြန်မာနိုင်ငံသံရုံး အထူးစုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဦးထူးချစ်က မေလ ၂၅ ရက်နေ့တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။ အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ မြန်မာလူငယ် ၂ ဦးကို DNA နှင့်ပတ်သက်ထောက်ပြကာ အပြစ်ပေး အရေးယူခဲ့ပြီး ယင်းအတွက်ပြည်တွင်းပြည်ပ မျိုးရိုးဗီဇ(DNA)ပညာရှင်များနှင့် ညှိနှိုင်း၍ DNA နှင့်ပတ်သက်သည့်အချက်အလက် များကိုစနစ်တကျ ရှင်းလင်းတင်ပြထားသည့်အတွက်ခရိုင်အဆင့်ဗဟိုတရားရုံးက တစ်စုံတစ်ရာလျှော့ပေါ့စဉ်းစားပေးလိမ့်မည် ဟု မျှော်လင့်ကြခြင်းဖြစ်သည်။…

““အယူခံနဲ့ပတ်သက်ပြီးတော့ ၄ ကြိမ်တိတိနောက်ဆုတ်လာတယ်ပေါ့နော်။ နောက်ဆုတ်တဲ့ရည်ရွယ်ချက်ကတော့ စနစ်တကျနဲ့၊ ပြည့်ပြည့်စုံစုံနဲ့ အယူခံမှာလိုအပ်တဲ့အချက်တွေပါအောင်ဆိုပြီးတော့နောက်ဆုတ်ခဲ့တာပေါ့။ သူတို့ကိုမျိုးရိုး ဗီဇပေါ့။ DNA နဲ့ပတ်သက်ပြီးထောက်ပြပြီး အပြစ်ပေးအရေးယူတာဖြစ်တယ်။ ဒါကြောင့်မို့အခုအယူခံမှာ လည်းမျိုးရိုးဗီဇနဲ့ပတ်သက်လို့စနစ်တကျရှင်းလင်းတင်ပြပြီးအယူခံဝင်ထားတာဖြစ်တယ်။ ပြည်တွင်းပြည်ပ မျိုးရိုးဗီဇပညာ ရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ တင်ထားတာဖြစ်တယ်။ စီရင်ချက်ကတော့ ပုံမှန်အားဖြင့် နှစ်နဲ့ချီပြီး ကြာနိုင်တယ်။ စိစစ်တယ်။ နောက်ပြီး ဟိုဘက်ဒီဘက်ရှေ့နေတွေက ပြန်ငြင်းတယ်။ ဟုတ်ခြင်း၊ မဟုတ်ခြင်းလေ။ နဂိုကတည်းက ဒီကလေးတွေက အပြစ်မရှိဘူးလို့ အမြဲတမ်းပြောခဲ့ပါတယ်။ အပြစ်မရှိတဲ့အပေါ်မှာ မြို့နယ်တရားရုံး အနေနဲ့ မှားယွင်းစွာအပြစ်ချတာတော့ကလေးတွေကိုတော့ ခရိုင်အဆင့်ဗဟိုတရားရုံးမှာတော့ တစ်စုံတစ်ရာ လျှော့လျှော့ပေါ့ပေါ့ပြန်ပြီးတော့စဉ်းစားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်””ဟု ဦးထူးချစ်ကပြောသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း(လိပ်ကျွန်း)ပေါ်တွင် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာလူငယ် ၂ ဦးအား ပုဒ်မ ၇ခုဖြင့်တရားစွဲခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင်ကော့စမွေတရားရုံးက သေဒဏ်ချမှတ်ခဲ့ရာမြန်မာနိုင်ငံနှင့်ပြည်ပနိုင်ငံအများအပြား၌ ဆန္ဒပြတောင်းဆိုမှုများပေါ်ပေါက်ခဲ့သည်။

ရန်နိုင်စိုး

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s