မောင်ကုန်း၊ ဂရိတ်ဝေါလ်၊ ဝေမာ-ဟိုးလ်ဒင်းကုမ္ပဏီ သကြားစက်ရုံနှင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကြံပင်များ အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုချိန် ရာသီမီခုတ်သိမ်း သယ်ယူမှု မရှိခြင်းကြောင့် ကြံပင်များ သေကျေပျက်စီးခြင်း ကြံတောင်သူများ၏ နစ်နာမှုများ ဖြေရှင်းပေးပါရန် – ပေးစာ

Vol4,No17_16

သို့

အယ်ဒီတာမှတစ်ဆင့်

အထက်အကြောင်းရာပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ ငါးအိုး ကျေးရွာ ကြံတောင်သူ(၁) ဦးသိန်းဝင်း(ဘ) ဦးကြူးသောင် ၁၃/မဘန(နိုင်) ၀၁၁၅၆၇၊ (၂) ဦးဝင်းကျော် (ဘ) ဦးနီ ၅/ဘတလ(နိုင်)၀၅၉၉၂၂၊ (၃) ဦးညွန့်ဝင်း(ဘ)ဦးတင် ၅/ကသန (နိုင်) ၀၄၄၂၇၂၊ (၄)ဦးအောင်ထွန်း (ဘ)ဦးချစ်သွယ် ၅/ကသန(နိုင်) ၀၁၈၅၈၁ ကိုင်ဆောင်သူတို့က တိုင်ကြားခြင်းဖြစ်ပါသည်။ (၁)ကွင်းအမှတ် (၄၄) ဧရိယာဧက ၂၂ ဒသမ၇၂ဧက၊ (၂) ကွင်းအမှတ် (၆၃) ဧရိယာဧက ၃၁ ဒသမ ၇၁ ဧက၊ (၃)ကွင်း အမှတ်(၆) ဧရိယာဧက ၁၄ ဧက၊ (၄) ကွင်းအမှတ် (၆)ဧရိယာဧက ၁၅ ဧက ရှိကြပြီး စုစုပေါင်း ဧက ၈၃ ဒသမ ၄၃ ဧက ရှိကြသူတို့က တင်ပြအပ်ပါသည်။

၂၀၁၄-၂၀၁၅ ခုနှစ်တွင် မောင်ကုန်း၊ ဂရိတ်ဝေါလ် ဝေမာ သကြားစက်ရုံမှ ကြံခင်းများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေသည့် ကြံပင်များအား အချိန်ရာသီအတွင်း ခုတ်သိမ်းခွင့်မပြုခြင်း၊ သယ်ယူမှု ပျက်ကွက်ခြင်း၊ စာချုပ်ပါ စည်းကမ်းချက်များ ဖောက်ဖျက်ခြင်းကြောင့် ကျွန်တော်တို့ ကြံတောင်သူများ၏ စိုက်ပျိုးထားသည့် (၈၃ ဒသမ၄၃ )ဧက မြေပေါ်ရှိ ကြံခင်းများ သေကျေ ပျက်စီးခြင်းများကြောင့် ကြံတောင်သူများ၏ ဆုံးရှုံးမှု၊ နစ်နာမှုများအား၊ လူကြီးမင်းများ အနေဖြင့်လည်း နားလည်စာနာ ထောက်ထား ပေးစေလိုပါသည်။ လယ်ယာမြေ ဥပဒေပုဒ်မ ၃၈/အရ နည်းဥပဒေပုဒ်မ ၁၁၃/တွင် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ မြင့်မား တိုးတက်စေရေးကို ထောက်ရှုနားလည် ပေးစေလိုပါသည်။

ကျွန်တော်တို့၏ နစ်နာမှုများအား အထက်သို့တင်ပြရာ ၂၄-၅-၂၀၁၅ တွင် မြို့ နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ထားသော်လည်း ယနေ့အချိန်အထိ ဆုံးဖြတ် ဆောင်ရွက်ပေးခြင်း မရှိသေးပါ။ ယခုအချိန်အခါ တောင်သူ လယ်သမားများသည် မိုးရာသီအချိန်သို့ ရောက်ရှိပြီး ထွန်ယက်စိုက်ပျိုးချိန်သို့ ရောက်သော်လည်း ယနေ့အချိန်ထိ ထွန်ယက်စိုက်ပျိုးမှုများ မလုပ်နိုင် ကြပါ။ နစ်နာဆုံးရှုံးမှုများကြောင့် (လုံးဝ) ထွန်ယက် စိုက်ပျိုးနိုင်စွမ်းလည်း မရှိကြပါ။ သို့ဖြစ်ပါ၍ ကြံခင်းများ သေကျေ ပျက်စီးမှုများကြောင့် စားဝတ်နေရေးလွန်စွာပင် ဒုက္ခရောက်ရှိ နေကြသည့် ကြံတောင်သူများအား မှန်မှန်ကန်ကန် ဖြစ်အောင် အမြန်ဆုံးကွင်းဆင်း စစ်ဆေးဆောင်ရွက်ပေးပါရန် တာဝန်ရှိ နိုင်ငံတော်အကြီး အကဲများအား လေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။

ဦးသိန်းဝင်း၊ ၁၃/မဘန(နိုင်)၀၁၁၅၆၇၊

ဦးဝင်းကျော်၊၅/ဘတလ(နိုင်)၀၅၉၉၂၂

ဦးညွှန့်ဝင်း၊ ၅/ကသန(နိုင်)၀၄၄၂၇၂

ဦးအောင်ထွန်း၊ ၅/ကသန(နိုင်)၀၁၈၅၈၁

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

Leave a comment